
AI Summary
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရွာသစ်ရွာနှင့် ဆင်တွင်းရွာတို့အား စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားသုံးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးထားရပြီး လက်ရှိတွင် ဒေသခံများမှာ စိုးရိမ်မှုများဖြင့် နေထိုင်နေကြရသည်။
ထင်ရှားသော ပြောကြားချက်များ
"ဒီနေ့လည်းကြဲတယ်၊ မနေ့ကလည်း ဗုံးကြဲတယ်၊ ၂ ရက်ဆက်တိုက်ပေါ့။ တိုက်ပွဲမဖြစ်ဘဲ ကြဲသွားတာ ရွာသားတယောက် ထိသွားတယ်"

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် ၃ ယောက် ထိမှန်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၈ ရက် နေ့လယ်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၂ ယောက်နဲ့ တော်လှန်ရေးရဲဘော် ၃ ယောက် ဒဏ်ရာရပြီး ဒီနေ့ ဇွန် ၁၉ ရက် မနက်ပိုင်းမှာလည်း ဆင်တွင်းရွာအနီးကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားတယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့လည်းကြဲတယ်၊ မနေ့ကလည်း ဗုံးကြဲတယ်၊ ၂ ရက်ဆက်တိုက်ပေါ့။ တိုက်ပွဲမဖြစ်ဘဲ ကြဲသွားတာ ရွာသားတယောက် ထိသွားတယ်” လို့ DVB ကို ပြောပါတယ်။
ရွာသစ်ရွာကို ဗုံးနှစ်လုံးကြဲ တိုက်ခိုက်တာဖြစ်ပြီး ဆင်တွင်းရွာကိုလည်း ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒဏ်ရာရ အမျိုးသား ၂ ယောက်၊ အမျိုးသမီးတယောက်တို့ကို ဆေးရုံပို့ထားရပြီး ဒေသခံတွေကတော့ လေကြောင်းအန္တရာယ်ကြောင့် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။