စစ်ရှုံးမြန်မာစစ်တပ်မှ ကျောက်ဖြူက ကျေးရွာ ၃ ရွာကို ဗုံးကြဲတိုက်ခိုက်၍         ၁၂ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ
politics||3 MIN READ

စစ်ရှုံးမြန်မာစစ်တပ်မှ ကျောက်ဖြူက ကျေးရွာ ၃ ရွာကို ဗုံးကြဲတိုက်ခိုက်၍ ၁၂ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

Narinjara
SourceNarinjara

AI Summary

ဇွန်လ ၆ ရက်ညက မြန်မာစစ်တပ်သည် ကျောက်ဖြူမြို့နယ်ရှိ ဘယာ၊ ကုလားတွင်းနှင့် သစ်ကတိုးကျေးရွာသုံးရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိသူများမှာ စစ်ရှောင် မစုနေလင်း (၁၂ နှစ်)၊ ဦးချစ်လွင် (၅၀ နှစ်) နှင့် ဒေါ်သန်းရီ (၆၉ နှစ်) တို့ဖြစ်ကြပြီး နွားနှင့်ဝက်များအပါအဝင် အိမ်မွေးတိရစ္ဆာန်အများအပြားလည်း သေဆုံးခဲ့သည်။ အာရက္ခစစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်တပ်သည် စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ ယခုကဲ့သို့ အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း သိရသည်။

နိရဉ္စရာ၊ ဇွန် ၇/၂၀၂၆

ကျောက်ဖြူစစ်မျက်နှာတွင် အရှုံးဖြင့် ရင်ဆိုင်နေရာသော အာဏာသိမ်းမြန်မာစစ်တပ်သည် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များကို ဇွန်လ ၆ ရက် ညအချိန် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်၍ ၁၂ နှစ်အရွယ် မိန်းခလေး ၁ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိပြီး အိမ်မွေး တိရစ္ဆာန်အများအပြားလည်း ထိခိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အာဏာသိမ်း စစ်တပ်မှ  Y-12 တစီးဖြင့် ကျောက်ဖြူမြို့နယ်မှ ဘယာ၊ ကုလားတွင်းနှင့် သစ်ကတိုးကျေးရွာသုံးရွာအား ဇွန်လ ၆ ရက်နေ့ည၁၀ နာရီ မိနစ် ၃၀ အချိန်မှစတင်ပြီးလေကြောင်းမှ ဗုံး(၈)လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် အသက် ၁၂ နှစ်အရွယ် မိန်းခလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ငသည်။

၎င်းပြင် ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့်လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

ဒဏ်ရာရရှိသူများမှကျောက်ဖြူမြို့နယ်၊ တောင်မော်ရွာမှ သစ်ကတိုးရွာဘုန်းကြီးကျောင်းအနား၌ စစ်ရှောင်နေသည့်မစုနေလင်း(၁၂) နှစ်၊ စနဲမြို့​အလယ်စုရပ်ကွက်မှ ဦးချစ်လွင် (၅၀)နှစ်နှင့်တောင်ကုတ်မြို့နယ်၊မအီမြို့၊ဆံထိုးရွာမှသစ်ကတိုးရွာ၌ အလည်ရောက်နေသူဒေါ်သန်းရီ (၆၉)နှစ်တို့ ဖြစ်ကြသည်။

Narinjara News Image

အာဏာသိမ်းစစ်တပ်၏ Y12 တစ်စီးသည်  ဇွန် ၆ ရက်နေ့ ည၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ကျောက်ဖြူမြို့နယ်၊ဘယာရွာအား ဗုံး ၂ လုံးစတင်ကြဲချခဲ့ရာ ရွာရှိဘုန်းကြီးကျောင်းခြံထဲ၌ ကျရောက် ပေါက်ကွဲပြီး ကျောင်းနံရံပြတင်းပေါက်မှန်များ ပြိုကျပျက်စီးခဲ့သည်။

ဆက်လက်ပြီးည၁၁ နာရီ ၄၆ မိနစ်တွင်၎င်းY12 လီယာဉ်သည် ကျောက်ဖြူမြို့နယ်၊ ကုလားတွင်းရွာအား ဗုံး ၃ လုံး ထပ်မံကြဲချရာ ကုလားတွင်းရွာမှ ဦးထွန်းခင်၏နေအိမ်ပြိုကျပျက်စီးသွားခဲ့သည်။၎င်းပြင် ဦးကျော်သန်းနု ပိုင်ဆိုင်သော နွားသုံးကောင်နှင့်ဦးကျော်စိန်ချေပိုင်ဆိုင်သော ဝက်နှစ်ကောင်လည်း သေဆုံးသွားခဲ့ပြီးစီးပွားရေးအရ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

၎င်းနောက် ညည့် ၁၂ နာရီ ၁၅ မိနစ်တွင်လည်းY12  လေယာဉ်သည် ကျောက်ဖြူမြို့နယ်၊ သစ်ကတိုး ရွာအား ဗုံး ၃ လုံးဖြင့် ထပ်မံ ကြဲချပြန်ရာ သစ်ကတိုးရွာ ဘုန်းကြီးကျောင်းအနား၌ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းအနီးတွင်စစ်ရှော်င်နေကြသူများအထဲမှမစုနေလင်း၏ ဘယ်ဖက်လက်မောင်း၊ ဦးချစ်လွင်၏ ညာဖက်တင်ပါးနှင့်ဒေါ်သန်းရီ ၏နောက်ကျောကုန်းတို့မှာ ဗုံးစထိမှန်ကာ အသီးသီး ဒဏ်ရာရရှိသွားခဲ့သည်။

၎င်းအပြင် သစ်ကတိုးရွာမှ ဦးမောင်မောင်လွင် ပိုင်ဆိုင်သည့် ဝက်တကောင်လည်း ဗုံးစထိမှန်၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

အာရက္ခစစ်မျက်နှာတွင်ရှုံးမဲမဲနေသည့် အကြမ်းဖက်အာာဏာသိမ်း မြန်မာစစ်တပ်သည် စစ်ပွဲနှင့်လုံးဝမသက်ဆိုင်သည့်အရပ်သားပြည်သူများနေထိုင်ရာမြို့ရွာများအား ရည်ရွယ်ချက်ရှိရှိသူရဲဘောကြောင်စွာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျှက်ရှိနေကြောင်း သတင်းများ ရရှိသည်။

Photo: APM

ဆက်စပ်သတင်းများ

AI Curated
စစ်ရှုံးမြန်မာစစ်တပ်မှ ကျောက်ဖြူက ကျေးရွာ ၃ ရွာကို ဗုံးကြဲတိုက်ခိုက်၍ ၁၂ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ | YGN Daily