ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မလည်ပတ်နိုင်သေး
economy||4 MIN READ

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မလည်ပတ်နိုင်သေး

DVB
SourceDVB
Back to News

AI Summary

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို နှစ်နှစ်ကျော်ကြာ ရပ်တန့်ပြီးနောက် မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း မောင်တောနယ်စပ်ကုန်သည်များက ပြောသည်။ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ စတင်ဖြစ်ပွားကတည်းက ရပ်တန့်ခဲ့သော ဤကုန်သွယ်ရေးသည် ၂၀၂၂ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိခဲ့သည်။ လက်ရှိတွင် ရခိုင်ဘက်မှ သစ်များကိုသာ အဓိကတင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အာလူးနှင့် ကြက်သွန်အချို့သာ ဝင်ရောက်နေသေးသည်။ ပုဂ္ဂလိကကုန်သွယ်မှု ပါဝင်မှု အားနည်းနေသေးပြီး အာရက္ခတပ်တော်က ဖွဲ့စည်းထားသော ကုန်သည်ကြီးများအသင်းကသာ အဓိက ကုန်သွယ်နေသည်ဟု သိရသည်။ စစ်အာဏာရှင်အစိုးရက ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းခွင့် ကန့်သတ်ထားသောကြောင့် ရခိုင်ပြည်အတွက် လိုအပ်သည့် စားသောက်ကုန်နှင့် ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်မှ ကုန်သွယ်နေရသည်။ တရားဝင်လမ်းကြောင်းများအပြင် စိန့်မာတင်ကျွန်းဘက်မှ ရေကြောင်းကုန်သွယ်မှုများနှင့် တောင်ပြို၊ ဗန္ဓလကျေးရွာများမှ ကုန်စည်တင်သွင်းမှုများလည်း ရှိနေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်နှင့် ဆက်ဆံရေး ကောင်းမွန်လာသော်လည်း ကုန်သွယ်မှု အခြေအနေမှာမူ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

Photo : MOI

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို မေ ၁ ရက်က နှစ်ဖက်အာဏာပိုင်တွေအကြား သဘောတူညီမှုနဲ့ ဖွင့်လှစ်လိုက်ပေမဲ့ ပုံမှန်လည်ပတ်နိုင်တာမျိုး မရှိသေးဘူးလို့ မောင်တော နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

၂ နှစ်ကျော်ကြာ ရပ်တန့်နေတဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို မေ ၁ ရက်မှာ ရခိုင်ပြည်နယ် မောင်တော ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဖ် ဆိပ်ကမ်းတို့က စတင်ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ဘက်က သစ်တင်ပို့မှုတွေကို ပြုလုပ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က အာလူးနဲ့ ကြက်သွန်အချို့ကိုသာ တင်ပို့မှုအနည်းငယ် ရှိသေးတယ်လို့ မောင်တောနယ်စပ်က အမျိုးသား ကုန်သည်တယောက်က ပြောပါတယ်။

“ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကတော့ မေလအတည်းက ပြန်စနေတာ။ ဒါပေမဲ့ အရင်တုန်းကလို ကုန်သွယ်မှုက ပုံမှန်လည်ပတ်တာမျိုး မရှိသေးဘူး။ ရခိုင်မှာက တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက တင်ပို့ရမဲ့ သစ်တွေကို အဓိက တင်ပို့နေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အာလူးနဲ့ ကြက်သွန်လောက်ပဲ အဝင်ရှိသေးတယ်။ ရခိုင်က အခြားထွက်ကုန်တွေ၊ ရေထွက်ပစ္စည်းတွေကို တင်မပို့နိုင်ကြသေးသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ရခိုင်ပြည်အတွက် လိုအပ်တဲ့ ကုန်စည်တွေ တင်သွင်းတာမျိုး မရှိကြသေးဘူး။”

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်-ရခိုင် ကုန်သွယ်ရေး ရပ်တန့်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်က နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိ တရားဝင်ကုန်သွယ်မှုဟာ ပုဂ္ဂလိကကုန်သွယ်မှုပါဝင်မှု အားနည်းနေသေးပြီး အာရက္ခတပ်တော်က ဖွဲ့စည်းထားတဲ့ ကုန်သည်ကြီးများအသင်းက ကုန်သွယ်မှုတွေ အဆင့်သာ ရှိသေးတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်မှုတွေကို တရားဝင်လမ်းကြောင်းတွေ မဟုတ်သေးတဲ့ စိန့်မာတင်ကျွန်းဘက်က ရေကြောင်းကုန်သွယ်မှုတွေ၊ တောင်ပြိုမြို့နဲ့ ဗန္ဓလကျေးရွာတွေဘက်က တဆင့် ကုန်စည်တင်သွင်းနေကြဆဲလို့ ကုန်သည်တွေက ပြောပါတယ်။

နောက်ထပ် နယ်စပ်ကုန်သည် အမျိုးသားတယောက်က “ကညင်ချောင်းဘက်က ပုဂ္ဂလိက ကုန်သည်တွေ ကုန်သွယ်မှုကတော့ သိပ်မတွေ့ရဘူး။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း အတိအကျ မပြောနိုင်ဘူး။ လက်ရှိကတော့ တိုက်ပွဲကာလတုန်းက လမ်းကြောင်းတွေအတိုင်းပဲ ကုန်သွယ်နေကြတာ။ တဖက်နိုင်ငံက ကုန်စည်တွေ ဖမ်းဆီးမှုတွေလည်း မကြာခဏရှိတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်အစိုးရဟာ ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့်တွေ ကန့်သတ်ထားတာဖြစ်ပြီး ရခိုင်ပြည်အတွက် လိုအပ်တဲ့ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဘက်က ကုန်သွယ်မှုတွေ ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။

အရင် ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရနဲ့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရတို့ကြားမှာ တင်းမာမှုတချို့ ရှိခဲ့ပေမဲ့ လက်ရှိ ရွေးကောက်ပွဲနဲ့အတူ တက်လာတဲ့ စစ်အာဏာရှင် အစိုးရသစ်လက်ထက်မှာ နှစ်ဖက် ဆက်ဆံရေးတွေ ကောင်းမွန်လာကြပြီး ကုန်သွယ်မှုနဲ့ ဆက်ဆံရေးတွေကို မြှင့်တင်လာကြတာလည်း ဖြစ်ပါတယ်။

အရင်က ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးကို မောင်တော ကညင်ချောင်း ကုန်သွယ်ရေး စခန်းနဲ့ စစ်တွေ ရွှေမင်းဂံ ကုန်သွယ်ရေးစခန်းတို့က ကုန်သွယ်မှုတွေကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မလည်ပတ်နိုင်သေး | YGN Daily