
ဖမ်းဆီးခံ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် RSF က ပေးအပ်သည့် သတ္တိရှင်ဆုရရှိ
AI Summary
မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့ခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းခံထားရသူဖြစ်သည်။ ၎င်းသည် နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သည့် ဂုဏ်ထူးဆောင် "သတ္တိရှင်ဆု" ကို ဆွတ်ခူးရရှိခဲ့သည်။ ဤဆုကို ဇွန်လ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့တွင် ကျင်းပခဲ့သော ၃၄ ကြိမ်မြောက် RSF သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် အသက်အန္တရာယ်ကြားမှ မြန်မာ့မြေပြင်အခြေအနေများကို သတ္တိရှိရှိ မှတ်တမ်းတင်ခဲ့သည့် ကိုစိုင်းဇော်သိုက်၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဤဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနှစ် မေလတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကို သတင်းမှတ်တမ်းရယူစဉ် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့လို့ အာဏာသိမ်းစစ်တပ်ရဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာခံနေရတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်တဲ့ "သတ္တိရှင်ဆု" (Courage Prize) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
၃၄ ကြိမ်မြောက် RSF သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့ရှိ Palais du Pharo မှာ ဇွန်လ ၁ ရက်က ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာညီလာခံမှာ ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် RSF ဆုပေးပွဲမှာ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်နဲ့အတူ နိုင်ငံတကာက စံပြသတင်းထောက်တွေကိုလည်း ကဏ္ဍအလိုက် ဆုတွေ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အသက်အန္တရာယ်ကြားကနေ မြန်မာ့မြေပြင်အရှိ တရား တွေကို သတ္တိရှိရှိ မှတ်တမ်းတင်ခဲ့တဲ့ ကိုစိုင်းဇော်သိုက်ရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို RSF ရဲ့ ဂုဏ်ထူးဆောင် "သတ္တိရှင်ဆု" ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံသတင်းထောက်ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ မေလမှာ ရခိုင်ပြည်နယ်မှာတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကို သတင်းမှတ်တမ်းရယူရင်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။