၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း
myanmar||3 MIN READ

၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း

AI Summary

KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်မှ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်သော စစ်သုံ့ပန်း ၂၀၀ ခန့်ကို တောတွင်းစခန်းတစ်ခုတွင် သုံးနှစ်ကြာ ထိန်းသိမ်းထားသည်။ ၎င်းစစ်သုံ့ပန်းများသည် ၂၀၂၄ ခုနှစ် မတ်လတွင် ကရင်ပြည်နယ်၊ ကျိုက်ဒုံဗျူဟာကို တိုက်ခိုက်စဉ် လက်နက်ချခဲ့သည့် ဗိုလ်မှူးကြီးအောင်ကျော်စိုးအပါအဝင် အရာရှိစစ်သည် ၇၀ ခန့်နှင့် ကရင်ပြည်နယ်တိုက်ပွဲများမှ အခြားအရာရှိ ၂၀ ကျော်တို့ ဖြစ်ကြသည်။ ထိခိုက်ခံရသူများမှာ အဆိုပါစစ်သုံ့ပန်းများအပြင် ၎င်းတို့၏ မိသားစုဝင်များ၊ လက်နက်ချရဲများနှင့် CDM လုပ်သူများလည်း စခန်းတွင် ယာယီခိုလှုံနေကြသည်။ စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ သတိထားဆက်ဆံနေပြီး ပြစ်မှုအလိုက် တရားစီရင်ခြင်း မရှိသေးသော်လည်း နိုင်ငံရေးအခြေအနေအရ ပြန်လွှတ်ပေးခြင်း သို့မဟုတ် သုံ့ပန်းလဲလှယ်ခြင်း ဖြစ်နိုင်ခြေရှိသည်ဟု စခန်းတာဝန်ခံက ပြောသည်။ သို့သော် စခန်း၏ ရိက္ခာနှင့် ကုန်ကျစရိတ်အတွက် ထောက်ပံ့ငွေနည်းပါးမှုကြောင့် လစဉ်ရုန်းကန်နေရဆဲဖြစ်ပြီး စည်းကမ်းချိုးဖောက်သူများကိုမူ အပြစ်ပေးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်။

အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်တဲ့ စစ်သုံ့ပန်း၂၀၀ ဝန်းကျင်ကို KNU နဲ့ PDF တို့က တောတွင်းစခန်းတစ်ခုမှာ ပူးပေါင်းထိန်းသိမ်းထားတာ သုံးနှစ်ကြာ သက်တမ်းရှိခဲ့ပါပြီ။

၂၀၂၄ ခုနှစ် မတ်လမှာ ကရင်ပြည်နယ်၊ ကျိုက်ဒုံဗျူဟာကို KNU/KNLA နဲ့  NUG/PDF ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက်စဉ် ဗျူဟာမှုး ဗိုလ်မှူးကြီးအောင်ကျော်စိုးအပါအဝင် အရာရှိစစ်သည် အင်အား ၇၀ ဝန်းကျင်လက်နက်ချခဲ့ပြီးနောက်  ဒီစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။

သူနဲ့အတူ ဒုဗိုလ်မှူးကြီးတစ်ဦးအပါဝင် အရာရှိအဆင့် စုစုပေါင်း ၂၀ ကျော်ဟာ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲအသီးသီးမှာ လက်နက်ချ/အဖမ်းခံရခဲ့ပြီးနောက် ဒီစခန်းမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

စစ်သုံ့ပန်းတွေကို အခုအချိန်အထိ ပြစ်မှုအလိုက်တရားစီရင်အပြစ်ပေးအရေးယူနိုင်တာ မရှိသေးပေမယ့် နိုင်ငံတကာဥပဒေနဲ့အညီဖြစ်စေဖို့ သတိထားဆက်ဆံတယ်လို့ စခန်းတာဝန်ခံ စောနေလက ဆိုပါတယ်။

“သက်ဆိုင်ရာနယ်မြေက EAO ရဲ့ သဘောထားအရ သူတို့ကို ဖမ်းထားတယ်ဆိုတာထက် ထိန်းသိမ်းထားတာသာဖြစ်ပြီး နိုင်ငံရေးအခြေအနေတစ်ခုရောက်ရင် ပြန်လွှတ်ပေးတာနဲ့ အရင်ကလို သုံ့ပန်းလဲလှယ်တာမျိုးလည်း ဖြစ်ရင် ဖြစ်လာနိုင်တယ်”​ လို့ သူကပြောပါတယ်။

၂၀၂၆ မတ်လအတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော် သေခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

KNU နဲ့ PDF  ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒီစခန်းက အရာရှိအဆင့်စစ်သုံ့ပန်းတွေကတော့  သူတို့အခြေအနေကို မိသားစုလုံခြုံရေးကြောင့် တစုံတရာပြောဆိုမှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

KNU နဲ့ PDF  ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒီစခန်းမှာ စစ်သုံ့ပန်းတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေ၊ လက်နက်ချရဲတွေနဲ့  အာဏာသိမ်းစစ်တပ်ကို စွန့်ခွာထွက်ပြေး CDM လုပ်သူတွေပါ ယာယီခိုလှုံနေပါတယ်။

စခန်းအတွင်း စည်းကမ်းချိုးဖောက်သူတွေကို လုံခြုံရေးအဖွဲ့က တရားစီရင်ပြီး ကြိမ်ဒဏ်ပေးတာ၊ ထိတ်တုံးခတ်တာ၊ အချုပ်ချတာနဲ့ အလုပ်ခိုင်းတာ စတဲ့အပြစ်ပေးအရေးယူမှုတွေလုပ်ပါတယ်။

ရိက္ခာနဲ့ ကုန်ကျစရိတ်အတွက်က ထောက်ပံ့ငွေရရှိမှုနည်းတာကြောင့် လစဉ်လုံလောက်အောင် ရုန်းကန်နေရတယ်လို့  စခန်းတာဝန်ခံ စောနေလက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း | YGN Daily