စစ်တွေဒေသခံ ၄ ဦး ကို စစ်တပ်က ဖမ်းဆီး
politics||3 MIN READ

စစ်တွေဒေသခံ ၄ ဦး ကို စစ်တပ်က ဖမ်းဆီး

DVB
SourceDVB
Back to News

AI Summary

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရှောင်စခန်းများနှင့် ရပ်ကွက်များသို့ ဝင်ရောက်ကာ ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။ အဆိုပါဖမ်းဆီးမှုများသည် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့နေရသည်။ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုများကြောင့် ကလေးသူငယ်များအထိ ကြောက်ရွံ့ထွက်ပြေးပုန်းအောင်းနေကြရသည်။ ထိုသို့ မတရားဖမ်းဆီးငွေညှစ်မှုများကြောင့် စားဝတ်နေရေး အခက်အခဲရှိနေသည့် ပြည်သူများမှာ လစဉ်လိုလို ဒုက္ခရောက်နေကြသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရှိရသေးပေ။

ထင်ရှားသော ပြောကြားချက်များ

"ဒီစစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကိုပဲ အမြဲလိုလိုဝင်စစ်တယ်။ ပြီးရင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းတယ်။ ယောက်ျားမိန်းမ မချန်ဖမ်းတယ်။ တချို့ဆို သူတို့ကိုမြင်လို့ ကြောက်လို့ ထွက်ပြေးကြတယ် လူတွေက အကြောက်ရနေပြီ။"

"စိတ်အရမ်းပင်ပန်းတယ်။ နေစရာမရှိလို့ စစ်ရှောင်တယ်။ အစစ်ဆေးခံရတယ်။ ပြီးရင် ဖမ်းချင်တဲ့ သူကို ဖမ်းတယ်။ လာစစ်ရင်လည်း စကားကောင်းကောင်းမပြောဘူး။ ​ခြိမ်းခြောက်တယ် လက်နက် တွေပါ ထုတ်ပြတယ်၊ အဲဒါဆိုပိုကြောက်တယ်။"

Photo: APM

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးတယောက်အပါအဝင် ဒေသခံ ၄ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၀ အရွယ် ဒေါ်အေးအေးအောင်၊ အသက် ၅၂ နှစ်အရွယ် ဦးသာဟန်၊ အသက် ၃၅ နှစ်အရွယ် ဦးဇာဘလ်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးမောင်မောင်ချေတို့ ဖြစ်ကြပါတယ်။

စစ်တွေမြို့မှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ စစ်တပ်က ဇွန် ၁၃ ရက်ကနေ ၁၅ ရက် အထိ စစ်ရှောင်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ရပ်ကွက်တွေ၊ ရွာတွေကို ဝင်ရောက် စစ်ဆေးပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာလို့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

"ဒီစစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကိုပဲ အမြဲလိုလိုဝင်စစ်တယ်။ ပြီးရင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းတယ်။ ယောက်ျားမိန်းမ မချန်ဖမ်းတယ်။ တချို့ဆို သူတို့ကိုမြင်လို့ ကြောက်လို့ ထွက်ပြေးကြတယ် လူတွေက အကြောက်ရနေပြီ။”

စစ်တပ်က ဧည့်စာရင်းအကြောင်းပြပြီး မကြာခဏဖမ်းဆီးသလို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးနေတာကြောင့် စစ်ရှောင်တွေအနေနဲ့ စိတ်ထိခိုက်ရတယ်လို့  စစ်ရှောင်အမျိုးသား တယောက်က  ပြောပါတယ်။

"စိတ်အရမ်းပင်ပန်းတယ်။ နေစရာမရှိလို့ စစ်ရှောင်တယ်။ အစစ်ဆေးခံရတယ်။ ပြီးရင် ဖမ်းချင်တဲ့ သူကို ဖမ်းတယ်။ လာစစ်ရင်လည်း စကားကောင်းကောင်းမပြောဘူး။ ​ခြိမ်းခြောက်တယ် လက်နက် တွေပါ ထုတ်ပြတယ်၊ အဲဒါဆိုပိုကြောက်တယ်။ သားသမီးတွေဆို သူတို့လာရင် ကြောက်လို့ ဝင်ပုန်းနေကြတယ်၊ ဘာကြောင့်ပုန်းရလဲ အမေးခံရတယ်။”

ဇွန် ၁၅ ရက်က ဖမ်းဆီးခံရတဲ့သူတွေကတော့ ဆင်ကူးလမ်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်‌ ရှောင်တာဝန်ခံ ဦးသာဟန်နဲ့ သောဘိတာရာမကျောင်းက စစ်ရှောင် ဒေါ်အေးအေးအောင်တို့ ဖြစ်ပါတယ်။

ဇွန် ၁၄ ရက်က ဖမ်းဆီးခံခဲ့ရတဲ့သူမှာ ဆက်အိုးရွာ တာဝန်ခံ မွတ်စလင်လူမျိုး ဦးဇာဘလ်ကို စစ်ဘက်ရေးရာလုံခြုံ ရေးအဖွဲ့ (စရဖ)က တပ်ဖွဲ့ဝင်တွေနဲ့ မှန်စီခွဆုံအထိုင်ချရဲစခန်းက ရဲတွေ ပူးပေါင်းပြီးဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အလားတူ ဇွန် ၁၃ ရက်က ဖမ်းဆီးခံရသူဟာ စစ်တွေမြို့နယ်၊ အင်္ဘာရီရွာကြီးရွာက မွတ်စလင်လူမျိုး ဦးမောင်မောင်ချေဖြစ်ပြီး အဲ့ဒီနေ့ ညနေ ၆ နာရီ‌ လောက်က စရဖ တပ်ဖွဲ့ဝင် ၆ ယောက်က ဖမ်းဆီး သွားတာလို့ သိရပါတယ်။

စစ်တွေတွင် အကြောင်းအမျိုးမျိုးပြပြီး စစ်ရှောင်နဲ့ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာတွေကြောင့် စားဝတ်နေရေး အခက်အခဲကြားက ပြည်သူတွေ လစဉ်လတိုင်းဆိုသလို ခံနေရတယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated