ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာများကို ပစ်မှတ်ထား စစ်ဆေးနေ
general||3 MIN READ

ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာများကို ပစ်မှတ်ထား စစ်ဆေးနေ

Narinjara
SourceNarinjara
Back to News

AI Summary

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဌာနစုံပူးပေါင်းအဖွဲ့မှ သုံးလစီမံချက်ဖြင့် နိုင်ငံခြားသားအလုပ်သမားများကို စစ်ဆေးဖမ်းဆီးလျက်ရှိရာ မေလ ၂၅ ရက်နေ့တွင် အထောက်အထားရှိသော်လည်း ခွင့်ပြုချက်မရှိသည့် အလုပ်လုပ်ကိုင်မှုဖြင့် မြန်မာအလုပ်သမား ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

နိရဉ္စရာ၊ မေ ၂၉/၂၀၂၆ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် မြန်မာများကို ပစ်မှတ်မှတ်ထားလျက် တင်းကျပ်စွာ စစ်ဆေးနေပြီး မြန်မာအလုပ်သမားရှစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများက ဖော်ပြထားကြသည်။ မေလ ၂၅ ရက်နေ့တွင် မဲဆောက်မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် လုပ်ငန်းများကို အစိုးရဌာနစုံပူးပေါင်းအဖွဲ့ကစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အထောက်အထားရှိသော်လည်း ဈေးဆိုင်ဖွင့်ခြင်း၊ လုပ်ပိုင်ခွင့်မရှိသည့်အလုပ်များ လုပ်ကိုင်နေကြခြင်းဆိုသော အကြောင်းပြချက်ဖြင့် မြန်မာအလုပ်သမားရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးထားသောမြန်မာရှစ်ဦးကို ဥပဒေအရ အရေးယူရန်ပြင်ဆင်နေပြီး ဆက်စပ်ပတ်သက်သူများကိုပါ လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးက “အခုရက်ပိုင်း ဖမ်းမယ်၊ သုံးလစီမံချက်ဆိုတာသိလို့ အကုန်ပြင်ထားတာပါ။ အထောက်အထားလည်း ရှိတယ်။ တချို့ဈေးဆိုတွေ တွန်းလှည်းလေးနဲ့ရောင်းတာလေးတွေက သူတို့လည်း အရင် တချို့လွှတ်ပေးထားတာပဲ။ အခုက တမင်ကြီး လုပ်တာပါ။ သူများနိုင်ငံမှာတော်တော် ခက်ခဲရပါတယ်” ဟုပြောသည်။ မဲဆောက်မြို့နယ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထားဖမ်းဆီးနေပြီး ထိုင်းနိုင်ငံသားများအတွက် သီးသန့်ကန့်သတ်ထားသည့် ဆိုင်ဖွင့်လှစ်ခြင်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းများကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ နိုင်ငံခြားသားအလုပ်သမားများကို စစ်ဆေးရန် အလုပ်သမားဝန်ကြီးဌာန မေလ (၃)ရက်က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ သုံးလတာစီမံချက်နှင့် အဖွဲ့စုံက စစ်ဆေးဖမ်းဆီးလျက်ရှိပြီး အများစုကို မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟု မဲဆောက်ရဲတပ်ဖွဲ့က ပြောဆိုကြောင်း မဲဆောက်ရှိမြန်မာများက ဆိုသည်။ နယ်စပ်များမှ တရားမဝင် ဝင်လာကြသည့်မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း ပစ်မှတ်ထားဖမ်းဆီးခံနေရသည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM)၏၂ဝ၂၅ ခုနှစ်အချက်အလက်များအရ မြန်မာနိုင်ငံသား ၄.၁ သန်းခန့်သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ ဓာတ်ပုံ-ထိုင်းသတင်း

ဆက်စပ်သတင်းများ

AI Curated
ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာများကို ပစ်မှတ်ထား စစ်ဆေးနေ | YGN Daily