ပြင်သစ်နိုင်ငံတစ်ဝန်းတွင်UEFA ဗိုလ်လုပွဲအပြီး ဆူပူမှုများကြောင့်လူတစ်ဦးသေဆုံးပြီး             ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၇၈၀ ဦးထက်မနည်းဖမ်းဆီးခံရ
sports||4 MIN READ

ပြင်သစ်နိုင်ငံတစ်ဝန်းတွင်UEFA ဗိုလ်လုပွဲအပြီး ဆူပူမှုများကြောင့်လူတစ်ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၇၈၀ ဦးထက်မနည်းဖမ်းဆီးခံရ

Narinjara
SourceNarinjara
Back to News

AI Summary

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် UEFA Champions League ဗိုလ်လုပွဲအပြီး ဆူပူမှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၂၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ ၇၈၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ ယင်းဆူပူမှုများသည် ဟန်ဂေရီနိုင်ငံတွင် ကျင်းပသော ဗိုလ်လုပွဲ၌ ပြင်သစ်ကလပ် PSG အသင်း ချန်ပီယံဖြစ်ပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများအနက် ရဲတပ်ဖွဲ့ဝင် ၅၇ ဦး ပါဝင်ပြီး ၈ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ ဆူပူသူများက လျှပ်စစ်စကူတာ၊ စက်ဘီးများ မီးရှို့ခြင်း၊ မော်တော်ကားများနှင့် ဆိုင်ခန်းများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသဖြင့် ပဲရစ်မြို့တွင်း ဘတ်စ်ကားနှင့် ရထားလမ်းကြောင်းအချို့ကို ယာယီရပ်ဆိုင်းခဲ့ရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူ ၇၈၀ ဦးအနက် ၄၅၀ ကျော်ကို ရဲစခန်း၌ ဆက်လက်ချုပ်နှောင်ထားပြီး ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု၊ ပစ္စည်းဖျက်ဆီးမှု စသည့်ပြစ်မှုများဖြင့် အရေးယူထားသည်။

နိရဉ္စရာ၊ ဇွန် ၁ /၂၀၂၆

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် UEFA Champions League  ဘောလုံးဗိုလ်လုပွဲအပြီး ဆူပူမှုများကြောင့်လူတစ်ဦး သေဆုံးပြီး၂၀၉ဦး ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်း လူ ၇၈၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရသည်။

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် (Budapest)မြို့တွင် ကျင်းပခဲ့သော ဗိုလ်လုပွဲ၌ ပြင်သစ်ကလပ်PSG အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ပြီးနောက် ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပြင်သစ်တစ်ဝှမ်းလုံးတွင် ဘောလုံးပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၂၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းတို့အနက် ၈ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီး လော်ရင့် နျူနက်ဇ် (Laurent Nuñez) က ပြောကြားခဲ့သည်။

မြို့တော် ပဲရစ်ရှိ ဘတ်စ်ကား၊ ရထားနှင့် မီးရထားလမ်း ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည့် ဆူပူမှုများကို ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားခဲ့ရပြီး ၎င်းတို့အနက် ရဲတပ်ဖွဲ့ဝင်၅၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု၎င်းက ပြောသည်။

အဆိုပါ အကြမ်းဖက်မှုများနှင့် ပတ်သက်၍  ပြင်သစ်တစ်ဝန်း မြို့ကြီးပေါင်း ၁၅ မြို့ခန့်တွင်လူပေါင်း ၇၈၀ ဦး အဖမ်းခံရပြီး  ၄၅၀ ကျော်ကို ရဲစခန်း၌ ဆက်လက်ချုပ်နှောင်ထားသည်။နျူနက်ဇ်က ဆိုသည်။

ရုန်းရင်းဆန်ခတ်မှု အများဆုံးဖြစ်ပွားခဲ့သည့်ပါရီမြို့ဧရိယာတစ်ခုတည်းတွင်တင် လူ ၄၈၀ ဦးအထိ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့အနက်၈၂ ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြသည်။

ဆူပူသူများက တစ်ညလုံး ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည့် ပဲရစ်မြို့ ပတ်လမ်းပေါ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက်  ပဲရစ်မြို့ပတ်လမ်း Porte Maillot အနီးတွင် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အခြေအနေမှာမူ ရှင်းရှင်းလင်းလင်း မရှိသေးဟုသတင်းတွင် ဖော်ပြထားသည်။

Narinjara News Image

အချို့သော မျက်မြင်သက်သေများ၏ အဆိုအရ ၎င်းသည် မော်တော်ဆိုင်ကယ် စီးနင်းလာစဉ် ကွန်ကရစ်တုံးများကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ပဲရစ်မြို့၏ အခြားနေရာတစ်ခုတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုတစ်ခုကြောင့် ဆယ်ကျော်သက်တစ်ဦးလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ဖမ်းဆီးခံရသူများသည် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု၊ ခိုးယူမှုနှင့် တရားမဝင်လက်နက်/မီးရှူးမီးပန်းများ ကိုင်ဆောင်မှုများဖြင့် အရေးယူခံထားရသည်။

ပါရီမြို့တွင်း လမ်းမများပေါ်တွင် လျှပ်စစ်စကူတာများနှင့် စက်ဘီးများကို မီးရှို့ခြင်း၊မော်တော်ကားများနှင့်ဆိုင်ခန်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

ဆူပူမှုကြောင့် ပါရီမြို့တွင်းဘတ်စ်ကားနှင့် ရတားလမ်းကြောင်းအချို့ကို  ယာယီရပ်ဆိုင်းခဲ့ရသည်ဟုသိရသည်။

ရုပ်သံမှတ်တမ်းများအရ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ လမ်းမများပေါ်တွင် လျှပ်စစ်စက်ဘီးများ မီးရှို့ခြင်းနှင့် ပျော်ပါးသူအချို့က အနည်းဆုံး ဆိုင်ခန်းတစ်ခု၏ မှန်ပြတင်းပေါက်များကို ရိုက်ခွဲခြင်းတို့ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။

မြို့လယ်ခေါင်ရှိ လူအုပ်ကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

AI Curated
ပြင်သစ်နိုင်ငံတစ်ဝန်းတွင်UEFA ဗိုလ်လုပွဲအပြီး ဆူပူမှုများကြောင့်လူတစ်ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရကာ လူ ၇၈၀ ဦးထက်မနည်းဖမ်းဆီးခံရ | YGN Daily