ဆန်းဒါးလန်း ကွင်းလယ်ကစားသမားဟောင်း၊ ဘရက်စ်နည်းပြ အဲရစ်ရွိုင်း ကွယ်လွန်
sports||2 MIN READ

ဆန်းဒါးလန်း ကွင်းလယ်ကစားသမားဟောင်း၊ ဘရက်စ်နည်းပြ အဲရစ်ရွိုင်း ကွယ်လွန်

DVB
SourceDVB
Back to News

AI Summary

ပြင်သစ်လိဂ်ဝမ်းကလပ် ဘရက်စ်အသင်း၏ နည်းပြ အဲရစ်ရွိုင်းသည် အသက် ၅၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် ပန်ကရိယကင်ဆာရောဂါကို သုံးနှစ်ခွဲကြာ ခံစားခဲ့ရပြီးနောက် ယခုကဲ့သို့ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အဲရစ်ရွိုင်းသည် ဘရက်စ်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ နည်းပြတစ်ဦး ကွယ်လွန်သွားခြင်းကြောင့် ဘရက်စ်အသင်းနှင့် ဘောလုံးလောကအတွက် များစွာထိခိုက်နစ်နာရသည်။ လက်ရှိတွင် ဘရက်စ်အသင်းက နည်းပြ၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး မိသားစုဝင်များကလည်း သူ၏ဂုဏ်ရည်များကို ဂုဏ်ပြုစကားဆိုထားသည်။

ထင်ရှားသော ပြောကြားချက်များ

"ဖခင်ရွိုင်းဟာ ကြင်နာမှု၊ သမာသမတ်ကျမှုတွေ ရှိသူပါ"

Photo:Reuters

ပြင်သစ်လိဂ်ဝမ်းကလပ် ဘရက်စ်အသင်းရဲ့ နည်းပြ အဲရစ်ရွိုင်းဟာ အသက် ၅၈ နှစ်မှာ ကွယ်လွန် သွားပါတယ်။

ဆန်းဒါးလန်း ကွင်းလယ်လူဟောင်းဖြစ်တဲ့ ရွိုင်းဟာ ၂၀၂၃ ဇန်နဝါရီမှာ ဘရက်စ်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဘရက်စ်ကို ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒါဟာ ဘရက်စ်အသင်းအတွက် ပထမဆုံး ဥရောပပြိုင်ပွဲဝင်ခွင့် ဖြစ်ပါတယ်။

သူဟာ ၃ နှစ်ခွဲကြာ ပန်ကရိယကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်လို့ ရွိုင်းရဲ့ မိသားစု ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘရက်စ်အသင်းကလည်း နည်းပြရွိုင်း ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်း X (ယခင် Twitter) မှာ ရေးသားခဲ့ပါတယ်။

ရွိုင်းဟာ ဆန်းဒါးလန်းမှာ ၁၉၉၉-၂၀၀၀ ရာသီအတွင်း ၂၇ ပွဲ ကစားပြီး တဂိုး သွင်းယူခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ်လည်း ၂၀၁၉ မှာ တာဝန်ယူခဲ့ဖူးပါတယ်။ မိသားစု ကတော့ ဖခင်ရွိုင်းဟာ ကြင်နာမှု၊ သမာသမတ်ကျမှုတွေ ရှိသူပါလို့ ပြောကြားခဲ့ပါတယ်။

Source: Reuters

ဆက်စပ်သတင်းများ

AI Curated