
ဂျာမနီကို ရှုံးသည့်ပွဲ၌ ပိုချက်တီနို၏ အမေရိကန်အသင်း အားနည်းချက် မြင်တွေ့ရ
AI Summary
အိမ်ရှင် အမေရိကန်အသင်းသည် ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲတွင် ဂျာမနီအသင်းကို (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ပွဲအစ ၂ မိနစ်တွင် ဂျာမနီအတွက် ဟာဗက်ဇ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အမေရိကန်အတွက် ချေပဂိုးကို အန်တိုနီ ရော်ဘင်ဆင်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဆာနေးက ဂျာမနီအတွက် အနိုင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ နည်းပြ ပိုချက်တီနို၏ အမေရိကန်အသင်းသည် တိုက်စစ်ပိုင်း ကောင်းမွန်သော်လည်း ခံစစ်ပိုင်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ဤရှုံးပွဲသည် အမေရိကန်အသင်းအတွက် ဥရောပအသင်းများနှင့် တွေ့ဆုံမှုတွင် ၉ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အသင်းသည် လာမည့်သီတင်းပတ်တွင် ပါရာဂွေးအသင်းနှင့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အိမ်ရှင် အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် ဂျာမနီနဲ့ ယှဉ်ပြိုင်ခဲ့တာမှာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပထမပိုင်း ပွဲအစ ၂ မိနစ်မှာတင် ဟာဗက်ဇ်က ဂျာမနီအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာပါ။ အမေရိကန်အတွက် ချေပဂိုးကိုတော့ အန်တိုနီ ရော်ဘင်ဆင်က လှပတဲ့ ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆာနေးက ဂျာမနီအတွက် အနိုင်ဂိုး ထပ်သွင်းသွားခဲ့တာပါ။
နည်းပြ ပိုချက်တီနိုရဲ့ အမေရိကန်အသင်းဟာ တိုက်စစ်ပိုင်း ကောင်းမွန်ခဲ့ပေမဲ့ ခံစစ်ပိုင်း လျော့ရဲတဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်အသင်းအတွက် ဥရောပအသင်းတွေနဲ့ တွေ့ဆုံမှုမှာ ၉ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ လာမဲ့သီတင်းပတ်မှာ ပါရာဂွေးအသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။