မန်ယူခေါ်ယူမည့် အီဒါဆန် ဘရာဇီးလ် ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာ
sports||2 MIN READ

မန်ယူခေါ်ယူမည့် အီဒါဆန် ဘရာဇီးလ် ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာ

DVB
SourceDVB

AI Summary

မန်ချက်စတာယူနိုက်တက်က ပေါင် ၃၉ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည့် ကွင်းလယ်ကစားသမား အီဒါဆန်ကို ဘရာဇီးလ် ကမ္ဘာ့ဖလားလူစာရင်းထဲ ရွေးချယ်လိုက်သည်။ မူလက လူစာရင်းတွင် ပါဝင်သည့် နောက်ခံလူ ဝက်စ်လေ ဒဏ်ရာရရှိခဲ့သောကြောင့် အသက် ၂၃ နှစ်အရွယ် အီဒါဆန်ကို အစားထိုး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အီတလီကလပ် အတ္တလန်တာတွင် ကစားနေသော ဘက်စုံသုံး ကွင်းလယ်ကစားသမား အီဒါဆန်သည် ဘရာဇီးလ်အသင်းအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲကြီးတွင် ပါဝင်ခွင့်ရရှိခဲ့သည်။ ဤသို့ ရွေးချယ်ခံရခြင်းကြောင့် ယူနိုက်တက်ပရိသတ်များသည် ၎င်းတို့၏ ကစားသမားသစ်ကို ကမ္ဘာ့ဖလားပွဲများတွင် စောစီးစွာ မြင်တွေ့ခွင့်ရမည့်အပြင် ၎င်း၏ စွမ်းဆောင်ရည်များကိုလည်း အနီးကပ် လေ့လာနိုင်မည်ဖြစ်သည်။ ၎င်းအတွက်လည်း အနာဂတ်အတွက် အရည်အချင်းပြသရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာသည်။

Photo: Reuters

မန်ချက်စတာယူနိုက်တက်က ပေါင် ၃၉ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ကွင်းလယ်ကစားသမား အီဒါဆန်ဟာ ဘရာဇီးလ် ကမ္ဘာ့ဖလားလူစာရင်းထဲ ရွေးချယ်ခံလိုက်ရပါတယ်။

အခုလို ရွေးချယ်ခံရတာကြောင့် ယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့ ကစားသမားသစ်ကို ကမ္ဘာ့ဖလားပွဲတွေမှာ ပိုစောစောစီးစီး မြင်တွေ့ခွင့်ရတော့မှာ ဖြစ်ပါတယ်။

အီဒါဆန်ရဲ့ စွမ်းဆောင်ရည်တွေကို အနီးကပ် လေ့လာနိုင်မဲ့ အခွင့်အရေးလည်း ရသွားတာပါ။ မူလက ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်တဲ့ နောက်ခံလူ ဝက်စ်လေ ဒဏ်ရာရသွားလို့ သူ့အစား အီဒါဆန်ကို အစားထိုး ခေါ်ယူခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ အီဒါဆန်ဟာ လက်ရှိမှာ အီတလီကလပ် အတ္တလန်တာအသင်းမှာ ကစားနေတာဖြစ်ပြီး သူဟာ ကွင်းလယ်မှာ ဘက်စုံသုံးနိုင်တဲ့ ကစားသမားတယောက် ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲကြီးမှာ ပါဝင်ခွင့်ရလာတာပါ။ ဒါဟာ သူ့ရဲ့ အနာဂတ်အတွက်ပါ အရည်အချင်းပြသဖို့ အခွင့်အရေးကောင်းတခု ဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မန်ယူခေါ်ယူမည့် အီဒါဆန် ဘရာဇီးလ် ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာ | YGN Daily