CNG ယာဉ်မှန်ကန်ကြောင်း တံဆိပ်တုံး သက်သေပြနိုင်မှ သက်တမ်းတိုးပေးမည်
politics||2 MIN READ

CNG ယာဉ်မှန်ကန်ကြောင်း တံဆိပ်တုံး သက်သေပြနိုင်မှ သက်တမ်းတိုးပေးမည်

DVB
SourceDVB

AI Summary

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဇူလိုင် ၁၀ ရက်မှစ၍ CNG သုံးယာဉ်များအတွက် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ တံဆိပ်တုံးပါမှသာ CNG သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။ ထို့အပြင် CNG သုံး YBS ယာဉ်များအနေဖြင့်လည်း ဇူလိုင် ၁၀ ရက်နောက်ပိုင်းတွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်စာအုပ်မပါပါက CNG ဖြည့်သွင်းပေးမည်မဟုတ်ပေ။ ဤစည်းမျဉ်းသစ်ကြောင့် CNG ယာဉ်ပိုင်ရှင်များသည် ကညနရုံးသို့ ထပ်မံသွားရောက်၍ တံဆိပ်တုံးထုနှိပ်ရမည်ဖြစ်သောကြောင့် အလုပ်ပိုရှုပ်ရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ရန်ကုန်တိုင်းတွင် CNG အသုံးပြုသည့် YBS၊ တက္ကစီနှင့် လုပ်ငန်းသုံးကား အစီးရေ ၃၀,၀၀၀ နီးပါးရှိပြီး ၎င်းတို့အားလုံး အကျိုးသက်ရောက်မည်ဖြစ်သည်။ လက်ရှိတွင် ဤစည်းမျဉ်းသစ်သည် ဇူလိုင် ၁၀ ရက်မှစတင် အသက်ဝင်မည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာပြည်တွင်း CNG သုံးတဲ့ယာဉ်တွေကို မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (Owner’s Book) ထဲမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ တံဆိပ်တုံး ထုနှိပ်မှတ်ပုံတင်ပြီးမှပဲ CNG သက်တမ်းတိုးပေးတော့မယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အသိပေးထားပါတယ်။

အဲဒီလို စာအုပ်မှာ CNG ယာဉ်ဖြစ်ကြောင်း ကညနရဲ့ တံဆိပ်တုံး ထုနှိပ် မှတ်ပုံတင်ထားရမှာဖြစ်ပြီး ဇူလိုင် ၁၀ ရက် နောက်ပိုင်းမှာတော့ အဲဒီတံဆိပ်တုံးပါတဲ့ ကားတွေကိုပဲ CNG သက်တမ်းတိုးပေးတော့မှာလို့ ဆိုပါတယ်။

အခုလို တံဆိပ်တုံးပါရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် CNG ယာဉ်ပိုင်ရှင်တွေအနေနဲ့ တံဆိပ်တုံးသွားထုဖို့ ကညနရုံးကို ထပ်သွားရမှာမို့လို့ အလုပ်ပိုရှုပ်ကုန်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်နေပါတယ်။

CNG သုံး အငှားယာဉ်ပိုင်ရှင်တယောက်က “လိုင်စင်ဝင်ထားတာမှ မကြာသေးဘူး၊ တုံးထုဖို့ တခေါက် ထပ်သွားရဦးမယ်။ လိုင်စင် ဘယ်ရက်ကစဝင်တဲ့ ကားကစပြီး တုံးထုရမယ်ဆိုရင် ရတာပဲ။ နှစ်ပတ်လည်သွားရင် အကုန်ထုပြီးသားလည်း ဖြစ်သွားမှာကို Urgent ကြီး အလုပ်ရှုပ်အောင် ထလုပ်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် CNG သုံး YBS ယာဉ်တွေကိုလည်း ဇူလိုင် ၁၀ ရက်ကစပြီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်စာအုပ် မပါရင် CNG ဖြည့်သွင်း ရောင်းချပေးမှာ မဟုတ်ဘူးလို့ တဆက်တည်း အသိပေးထားပါတယ်။

ရန်ကုန်တိုင်းမှာ CNG အသုံးပြုတဲ့ YBS၊ တက္ကစီနဲ့ လုပ်ငန်းသုံးကား အစီးရေ ၃၀,၀၀၀ နီးပါးရှိပြီး အရောင်းဆိုင် ၄၆ ဆိုင်ကနေ တရက်ကို ကုဗပေ သန်း ၂၀ နီးပါး ဖြန့်ဖြူးရောင်းချပေးနေတာလို့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
CNG ယာဉ်မှန်ကန်ကြောင်း တံဆိပ်တုံး သက်သေပြနိုင်မှ သက်တမ်းတိုးပေးမည် | YGN Daily