လူမျိုး ၁ မျိုးတည်းအရေး မရှေးရှုဘဲ ပြည်သူ ၁ ရပ်လုံး လွတ်မြောက်ရေး ရည်မှန်းချက်ထားရှိဟု PNDF ထုတ်ပြန်
politics||2 MIN READ

လူမျိုး ၁ မျိုးတည်းအရေး မရှေးရှုဘဲ ပြည်သူ ၁ ရပ်လုံး လွတ်မြောက်ရေး ရည်မှန်းချက်ထားရှိဟု PNDF ထုတ်ပြန်

Back to News

AI Summary

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) က ၎င်းတို့၏ ရည်မှန်းချက်များနှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးအတွက် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဤထုတ်ပြန်ချက်ကို PNDF အမှတ် (၁၀၁၁) တပ်ရင်း ကရင်နီပြည်၌ ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ PNDF သည် လူမျိုးတစ်မျိုးတည်းအရေးကို မရှေးရှုဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ လွတ်မြောက်ရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းကြောင်း ဖော်ပြထားသည်။ စစ်အုပ်စုသည် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးကာ တိုင်းရင်းသားများအား သွေးခွဲနေကြောင်း ထောက်ပြပြီး၊ ပအိုဝ်းနှင့် တိုင်းရင်းသားလူငယ်များအား စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပါဝင်ကြရန် နှိုးဆော်ထားသည်။ PNDF က စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အပြီးသတ်ချေမှုန်းသည်အထိ မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ကျဆုံးရဲဘော်များနှင့် အပြစ်မဲ့ပြည်သူများကို ဂုဏ်ပြုအလေးပြုကာ တော်လှန်ရေးတွင် ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။ လေးနှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများမှ သင်ခန်းစာယူကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ကတိသစ္စာပြုထားသည်။

ရုပ်သံ- PNDF အမှတ် (၁၀၁၁) တပ်ရင်း တပ်ဖွဲ့ဝင်များ။ “ ခွန်အားရှိသောနေ့ဖြစ်ပါစေ၊ ရှေ့ဆက်နေဆဲ ၊ဆက်လျှောက်နေဆဲ၊ မိဘပြည်သူများရဲ့ နွေးထွေးမှုလေးရချင်ပါတယ်ခင်ဗျာ” ဟူသော စာသားနှင့်အတူ ဇွန်လ ၁ ရက်နေ့က PNDF၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် ရုပ်သံဖြစ်သည်။ (PNDF)

ဇွန် ၁၂

မဇ္ဈိမ။ ။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) သည် လူမျိုးတမျိုးတည်းအရေးကို မရှေးရှုဘဲ ပြည်သူလူထုတရပ်လုံး၏ လွတ်မြောက်ရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းချက်ထားရှိကြောင်း ထုတ်ပြန်သည်။

PNDF အမှတ် (၁၀၁၁) တပ်ရင်းကို ကရင်နီပြည်၌ ပြန်လည်ဖွဲ့စည်း တည်ထောင်ခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သည့် ကြေညာစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

စစ်အုပ်စုသည် လူငယ်များ၏ အနာဂတ်နှင့် အိပ်မက်အားလုံးကို ဖျက်ဆီးရုံသာမက တိုင်းရင်းသားအချင်းချင်း သွေးခွဲသပ်လျှိုကာ အမျိုးသားထုတရပ်လုံးကို ကျွန်ပြုရန် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့ကြောင့် ပအိုဝ်းလူငယ်များနှင့် တိုင်းရင်းသားလူငယ်များအနေဖြင့် သမိုင်းက ပေးအပ်လာသော တဝန်ကို ပုခုံးထမ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ကဏ္ဍအသီးသီးမှ ခွန်အားစိုက်ထုတ်ပါဝင်ကြရန်လည်း နှိုးဆော်ထားသည်။

PNDF က စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အပြီးသတ် ချေမှုန်းသည်အထိ မဟာမိတ်များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုသည်။

ကျဆုံးရဲဘော်များနှင့် အပြစ်မဲ့ပြည်သူများကိုလည်း လေးနက်စွာ ဂုဏ်ပြုအလေးပြုကြောင်းနှင့် တော်လှန်ရေးတွင် အတူရပ်တည်ပေးခဲ့ကြသည့် ရဲဘော်များ၊ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် ပြည်သူလူထုတရပ်လုံးကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားသည်။

လေးနှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို သင်ခန်းစာယူကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုဖော်ပြထားသည်။

စာတည်း – အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
လူမျိုး ၁ မျိုးတည်းအရေး မရှေးရှုဘဲ ပြည်သူ ၁ ရပ်လုံး လွတ်မြောက်ရေး ရည်မှန်းချက်ထားရှိဟု PNDF ထုတ်ပြန် | YGN Daily