ကမ္ဘာ့ဖလားမစခင် ဂျပန်အသင်းခေါင်းဆောင် အန်ဒို လက်ရွေးစင်အသင်းမှ အနားယူ
sports||2 MIN READ

ကမ္ဘာ့ဖလားမစခင် ဂျပန်အသင်းခေါင်းဆောင် အန်ဒို လက်ရွေးစင်အသင်းမှ အနားယူ

DVB
SourceDVB
Back to News

AI Summary

ဂျပန်လက်ရွေးစင်အသင်းခေါင်းဆောင် ဝါတာရုအန်ဒိုသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မတိုင်မီ နိုင်ငံတကာကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရရှိခဲ့သော ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဓိကကစားသမားတစ်ဦးဖြစ်သူ အန်ဒိုမပါဝင်နိုင်ခြင်းသည် ဂျပန်အသင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။ အန်ဒို၏နေရာတွင် တိုက်စစ်မှူး ရှူတိုမာချီနိုကို အစားထိုးခေါ်ယူထားသော်လည်း မီတိုမာနှင့် မီနာမီနိုတို့မှာလည်း ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။ လက်ရှိတွင် ဂျပန်အသင်းသည် အဓိကကစားသမားများစွာမပါဝင်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း အကောင်းဆုံးကြိုးစားခဲ့တာကြောင့် နောင်တမရသလို ပရိသတ်တယောက်အနေနဲ့ ဆက်လက်အားပေးသွားမှာပါ"

Photo:Reuters

ဂျပန်အသင်းခေါင်းဆောင် ဝါတာရုအန်ဒိုဟာ နယ်သာလန်နဲ့ ကစားရမဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် မတိုင်ခင် ၃ ရက်အလိုမှာတင် လက်ရွေးစင်အသင်းကနေ အနားယူလိုက်ကြောင်း ကြေညာပါတယ်။

အသက် ၃၃ နှစ်အရွယ် လီဗာပူးကွင်းလယ်လူဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဓိကကစားသမား အန်ဒိုမပါဝင်နိုင်တော့တဲ့အချက်က ဂျပန်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

အန်ဒိုကတော့ ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း အကောင်းဆုံးကြိုးစားခဲ့တာကြောင့် နောင်တမရသလို ပရိသတ်တယောက်အနေနဲ့ ဆက်လက်အားပေးသွားမှာပါလို့ လူမှုကွန်ရက်မှာ ရေးသား ထားပါတယ်။

ဂျပန်အသင်းဟာ အန်ဒိုရဲ့နေရာမှာ တိုက်စစ်မှူး ရှူတိုမာချီနိုကို အစားထိုးခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေကြောင့် နာမည်ကြီးကစားသမားတွေဖြစ်တဲ့ မီတိုမာနဲ့ မီနာမီနိုတို့လည်း ဒီပြိုင်ပွဲ ကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားမစခင် ဂျပန်အသင်းခေါင်းဆောင် အန်ဒို လက်ရွေးစင်အသင်းမှ အနားယူ | YGN Daily