မအီခြေတော်ရာဘုရားအနီး         စမ်းချောင်းတွင် မိန်းခလေးငယ်တစ်ဦးအပါအဝင်လူငယ်နှစ်ဦး         ရေနစ်သေဆုံး
general||2 MIN READ

မအီခြေတော်ရာဘုရားအနီး စမ်းချောင်းတွင် မိန်းခလေးငယ်တစ်ဦးအပါအဝင်လူငယ်နှစ်ဦး ရေနစ်သေဆုံး

Narinjara
SourceNarinjara

AI Summary

မေ ၉ ရက်၊ မအီမြို့၊ ခြေတော်ရာဘုရားအနီး စမ်းချောင်းတွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး။ မဆုပန်လွင် ဓာတ်ပုံရိုက်စဉ် ချော်ကျ၊ ထက်နိုင်လင်း ကယ်ရင်း ရေနစ်သေ။ မိုးရာသီ မြစ်ချောင်းများ ရေစီးသန်၊ သတိထားရန် တာဝန်ရှိသူများ သတိပေး။

နိရဉ္စရာ၊မေ ၁၀/ ၂၀၂၆

အာရက္ခပြည်၊တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ခြေတော်ရာဘုရားအနီး စမ်းချောင်းတွင် မေလ ၉ရက်နေ့ နံနက်ပိုင်းကမိန်းခလေးငယ်တစ်ဦးအပါအဝင် အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများမှာတောင်ကုတ်မြို့နယ်၊ အောင်သပြေကျေးရွာမှ အသက် (၁၉) နှစ်အရွယ် ထက်နိုင်လင်း (ခ) သားချေ နှင့် အသက် (၁၈) နှစ်အရွယ် မဆုပန်လွင် တို့ ဖြစ်ကြသည်။

ဖြစ်စဉ်မှာယမန်နေ့ နံနက် ၇ နာရီခန့်တွင် ၎င်းတို့နှစ်ဦးသည် သူငယ်ချင်းများနှင့်အတူမအီခြေတော်ရာဘုရားသို့ ဘုရားဖူးသွားခဲ့ကြရာမှ ယခုဝမ်းနည်းစရာဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မဆုပန်လွင်သည် ဘုရားအနီးရှိစမ်းချောင်းအတွင်း ဓာတ်ပုံရိုက်ကူးစဉ် ကျောက်လုံးပေါ်မှခြေချော်ကာ ချောင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းသို့ပြုတ်ကျသွားသည်ကို သူငယ်ချင်းဖြစ်သူ ထက်နိုင်လင်းက ဆင်း၍ ဆယ်ယူရန်ကြိုးပမ်းစဉ် ၎င်းပါ ထပ်မံရေနစ်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ရုပ်အလောင်းကို အတူပါလာသည့် သူငယ်ချင်းများနှင့် ဒေသခံများကဝိုင်းဝန်းရှာဖွေခဲ့ကြရာ ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင်ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"ရေနစ်မူဖြစ်စဉ်ကို သိရှိပြီး တာဝန်ရှိသူတွေနဲ့ ပတ်ဝန်းကျင် ကျေးရွာသားတွေစုပေါင်းကာ လိုက်ရှာရာ နှစ်ဉီးလုံးရုပ်အလောင်းကို ညနေဖက်မှာပြန်တွေ့ရှိခဲ့တယ်"ဟုတာဝန်ရှိသူတစ်ဦးကလည်းပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ယခုကဲ့သို့မိုးရာသီကာလတွင် အာရက္ခဒေသရှိ မြစ်ချောင်းများ၌ ရေကြီးရေလျှံမှုနှင့်ရေစီးသန်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသောကြောင့် ပြည်သူများအနေဖြင့်မြစ်ချောင်းများအနီး သွားလာရာတွင် အထူးသတိပြုကြရန် ဒေသဆိုင်ရာတာဝန်ရှိသူများက နှိုးဆော်ထားပါသည်။

ဆက်စပ်သတင်းများ

AI Curated
မအီခြေတော်ရာဘုရားအနီး စမ်းချောင်းတွင် မိန်းခလေးငယ်တစ်ဦးအပါအဝင်လူငယ်နှစ်ဦး ရေနစ်သေဆုံး | YGN Daily