ပေါက်တောမြို့နယ်ကို စစ်တပ် ဗုံးကြဲ

ပေါက်တောမြို့နယ်ကို စစ်တပ် ဗုံးကြဲ

DVB
SourceDVB

AI Summary

မေ ၂၈၊ ပေါက်တော၊ ကြိမ်ခွေမော်နား တောင်တန်း၊ စစ်တပ် လေယာဉ် ၄ စင်း ဗုံးကြဲ။ ဒေသ၊ စစ်တွေနီး၊ မေ ၂၆ မှ စစ်တပ်၊ AA တိုက်ပွဲပြင်း။ စစ်တပ်၊ နီးမြို့နယ် ကျေးရွာ လက်နက်ကြီးပစ်၊ လူအင်အားဖြည့်။

Photo: CINCDS

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာအနီးရှိ တောင်တန်းတွေကို စစ်အာဏာရှင် တပ်က မေ ၂၈ ရက် နေ့လယ်ပိုင်းက တိုက်လေယာဥ် ၄ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်တွေမြို့နယ်ရဲ့ တဖက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာအနီးက တောင်တန်းတွေကို စစ်တပ်က မေ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက် မသိရသေးဘူးလို့ ပေါက်တောဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းက ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာနဲ့ ဒါးကိုင်ရွာကြားက တောင်တန်း တွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့‌ ကျေးရွာတွေက စစ်တွေရဲ့ တဖက်ကမ်းမှာရှိတာ နီးနီးလေးပဲ။ အထိအခိုက်တော့ မသိရသေးဘူး။ စစ်တွေမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ရှိနေတာကြောင့် လာပစ်တာလို့ ထင်တယ်။”

အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ တောင်တန်းတွေကို မတ် ၆ ရက် ညကလည်း စစ်တပ်က လေကြောင်း ကနေ လေယာဉ် ၄ စင်းနဲ့ ဗုံးရာချီကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ပေါက်တောမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်တွေမြို့နယ်မှာ မေ ၂၆ ရက်ကတည်းက စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် စစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် မြို့နယ် အစပ်တွေမှာရှိတဲ့ တပ်စခန်းတွေကို လူအင်အားဖြည့်တင်းမှုတွေကိုလည်း ဆက်တိုက်ပြု လုပ်နေတယ်လို့ သိရပါတယ်။

မေ ၂၆ ရက်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ပေါက်တောမြို့နယ်ကို စစ်တပ် ဗုံးကြဲ | YGN Daily