နာမည်ကျော် သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး ကွယ်လွန်

နာမည်ကျော် သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး ကွယ်လွန်

DVB
SourceDVB

AI Summary

မြန်မာနိုင်ငံ၏ နာမည်ကျော် သီးလေးသီးလူရွှင်တော်အဖွဲ့ဝင် ပန်းသီးသည် မေလ ၂၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် အသည်းရောဂါဝေဒနာကို ခံစားနေရသဖြင့် ရန်ကုန်မြို့ရှိ Grand Hantha ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အသက် ၄၉ နှစ်အရွယ်ရှိ လူရွှင်တော် ပန်းသီးကွယ်လွန်မှုကြောင့် အနုပညာလောကနှင့် ပရိသတ်များအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သီးလေးသီးအဖွဲ့သည် ယခင်က နိုင်ငံရေးသရော်စာ ပျက်လုံးများကြောင့် လူသိများခဲ့ပြီး နောက်ပိုင်းတွင် ပြည်တွင်း၌ အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ကွယ်လွန်သူ၏ ဈာပနကို ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photo : လူရွှင်တော် ဇာဂနာ

၂၀၁၀ ပြည့်နှစ် မတိုင်မီ ကာလများကပင် မြန်မာနိုင်ငံ၌ နာမည်ကျော် လူကြိုက်များခဲ့တဲ့ လူရွှင်တော် အဖွဲ့ တခုဖြစ်တဲ့ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော် ပန်းသီးဟာ မေ ၂၉ ရက်၊ နေ့လယ်ပိုင်းက ကွယ်လွန်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ လူရွှင်တော် ပန်သီးဟာ အသည်းရောဂါ ခံစား နေရတာကြောင့် Grand Hantha ဆေးရုံမှာ တက်ရောက်ကုသနေရင်း မေ ၂၉ ရက်၊ နေ့လယ် ၁ နာရီ ၁၈ မိနစ်မှာ ကွယ်လွန်သွားတာလို့ သီးလေးသီး လူရွှင်တော်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပေးခဲ့တဲ့ ဦးသူရ (ခ) ဇာဂနာ က သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

"ပန်းသီး ၊ ကံပေးသလောက်ပေါ့။ မွန်မြတ်ရာဘုံဘဝရောက်ပါစေကွာ။"

လူရွှင်တော် ဇာဂနာ ဦးဆောင်ဖွဲ့စည်းပေးခဲ့တဲ့ သီးလေးသီးအဖွဲ့ဟာ ၂၀၁၀ မတိုင်မီကာလများက ခေတ်စနစ်ကို သရော်တဲ့ နိုင်ငံရေးပျက်လုံးတွေပျက်ခဲ့လို့ လူကြိုက်များခဲ့သလို အဲဒီလို ပျက်လုံးတွေ ပျက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန် စစ်တပ်က ယူနီဖောင်းချွတ်ထားတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ တက်ပြီး နောက်ပိုင်းမှာ သီးလေးသီးအဖွဲ့ဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်းမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

လူရွှင်တော် ပန်းသီးဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဈာပနကို ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီနေ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
နာမည်ကျော် သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး ကွယ်လွန် | YGN Daily