ဝက်လက်မြို့နယ်၌ စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက် ပြည်သူ  ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာရ

ဝက်လက်မြို့နယ်၌ စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက် ပြည်သူ  ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာရ

DVB
SourceDVB

AI Summary

မေ ၂၈၊ ဝက်လက်မြို့နယ်၊ စားသောက်ဆိုင် စစ်တပ် ဒရုန်း ၂ စီး တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ။ မေ ၂၂ တွင်လည်း ဒရုန်းတိုက်ခိုက်မှုဖြင့် ဈေးသည် ၁ ဦး သေ။

Photo : DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မေ ၂၈ ရက်က စားသောက်ဆိုင်တဆိုင်ကို  စစ်အာဏာရှင်တပ်က အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တယောက် သေဆုံးပြီး အနည်းဆုံး ၄ ယောက်   ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမြောက်ဘက် ရွှေဘို - မန္တလေး လမ်းမကြီးဘေးရှိ စားသောက်ဆိုင်တဆိုင်ကို မနေ့ နေ့လယ်ပိုင်းက ရွှေဘိုတောင်ဘက်မုခ်ပေါက်ကနေ လွှတ်တင် လိုက်တဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရသူ ခရီးသွားပြည်သူတယောက်က "တဦးကတော့ ပွဲချင်းပြီး သေတာ။ ဒဏ်ရာရတာကတော့ ၄ ဦးလောက်ရှိမယ် ထင်တယ်။ ဒီထက်မကလည်း ပိုနိုင်တယ်။ ဒဏ်ရာရတဲ့အထဲမှာ စားသောက်နေတဲ့ အရပ်သားတွေလည်းပါတယ်။ ဆိုင်က အလုပ်သမားတွေ လည်း ပါနိုင်တယ်" လို့ ပြောပါတယ်။

မေ ၂၂ ရက်ကလည်း ရွှေဘို - မန္တလေး လမ်းမကြီးဘေးက ဈေးဆိုင်တဆိုင်ကို  ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဈေးသည် အမျိုးသမီးတယောက် သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

AI Curated
ဝက်လက်မြို့နယ်၌ စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက် ပြည်သူ  ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာရ | YGN Daily