မလေးရှားရှိ မြန်မာသံရုံးက နေရပ်ပြန်ပို့မည့်သူ ၂ဝဝ ကျော်တွင် ရခိုင် ၁၅ ဦးနှင့် မွတ်ဆလင် သုံးဦးပါဝင်
politics||3 MIN READ

မလေးရှားရှိ မြန်မာသံရုံးက နေရပ်ပြန်ပို့မည့်သူ ၂ဝဝ ကျော်တွင် ရခိုင် ၁၅ ဦးနှင့် မွတ်ဆလင် သုံးဦးပါဝင်

Narinjara
SourceNarinjara

AI Summary

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက နေရပ်ပြန်ပို့မည့် မြန်မာ ၂၀၅ ဦး၏စာရင်းကို ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနက် ရခိုင် ၁၅ ဦးနှင့် မွတ်ဆလင် ၃ ဦးတို့လည်း ပါဝင်သည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံထားရသူများဖြစ်ပြီး နေရပ်ပြန်ပို့ခံရမည်ဖြစ်သည်။ နေရပ်ပြန်ရောက်ပါက အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ ယခင်ကလည်း ပြည်ပမှပြန်လာသူ လူငယ်၊ လူရွယ်များကို စစ်အုပ်စုက စစ်မှုထမ်းခေါ်ဆောင်သွားတတ်သည့် အလေ့အထရှိသောကြောင့် ယခုပြန်လာမည့်သူများလည်း ထိုသို့ဖြစ်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ပြည်ပရောက် ရခိုင်အမျိုးသား ကိုသားသားက ၎င်းတို့မိသားစုများအတွက် စိတ်မကောင်းဖြစ်ရမည်ကို ပြောကြားခဲ့ပြီး၊ အထောက်အထားမပြည့်စုံသူများအတွက် ဆက်လက်စိစစ်ဆောင်ရွက်နေဆဲဖြစ်သည်။

(နေရပ်ပြန်ပို့ခံရသူများကို စစ်အုပ်စုက စစ်မှုထမ်းခေါ်ဆောင်သွားမည်ကို စိုးရိမ်ဟုဆို) မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၆ /၂ဝ၂၆ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက နေရပ်ပြန်ပို့မည့် မြန်မာ ၂ဝဝ ကျော်ထဲတွင် ရခိုင် ၁၅ ဦးနှင့် မွတ်ဆလင် သုံးဦးပါဝင်ပြီး သူတို့နေရပ်သို့ရောက်လာလျှင် အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းခေါ်ဆောင်သွားမည်ကို စိုးရိမ်သည်ဟုလည်း ပြောဆိုနေကြသည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း(၁၅)ခုတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် နေရပ်ပြန်ပို့မည့် မြန်မာ ၂ဝ၅ ဦး၏စာရင်းကို မလေးရှားရှိ မြန်မာသံရုံးက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ အဆိုပါစာရင်းတွင်ပါရှိသည့် ရခိုင်ပြည်အတွင်းမှ အမျိုးသမီးများအပါအဝင် ရခိုင်လူမျိုး ၁၅ ဦးနှင့် မွတ်ဆလင်သုံးဦးထဲ၌ Certificate of Identity (CI)ဟုခေါ်သော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်အတည်ဖြစ်ထားသူ ငါးဦးပါဝင်ပြီး စိစစ်ဆဲ ငါးဦးပါဝင်ကာ အထောက်အထားမပြည့်စုံသေးသူ ရှစ်ဦးပါဝင်သည်ဟု သိရသည်။ အဆိုပါစာရင်းတွင်ပါရှိသည့် ရခိုင်လူမျိုး ၁၅ ဦးမှာ မင်းပြားမြို့နယ်မှ ဦးစံထွန်းကျော်၏ သမီး ဆွေဆွေဝင်း (CI ခွင့်ပြုချက်ကျပြီး)၊ ပေါက်တောမြို့နယ်မှ ဦးထွန်းစိုး၏သမီး သန်းရွှေမှုံ (CI ခွင့်ပြုချက်ကျပြီး)၊ ရသေ့တောင်မြို့နယ်မှ ဦးမောင်သန်းထွန်း၏သား အောင်သိန်းနိုင် (CI ခွင့်ပြုချက်ကျပြီး)၊ ရသေ့တောင်မြို့နယ်မှ ဦးအေးသန်းမောင်၏သား စောဝင်းနိုင် (CI ခွင့်ပြုချက်ကျပြီး)၊ ကျောက်တော်မြို့နယ်မှ ဦးအောင်စိန်ညွန့်၏သား ညွန့်တင် (စိစစ်ဆဲ)၊ ပေါက်တောမြို့နယ်မှ ဦးစိန်ကျော်သိန်း၏သမီး အေးအေးမှုံ (စိစစ်ဆဲ)၊ ပေါက်တောမြို့နယ်မှ ဦးမောင်စံလှ၏ သမီး နွဲ့နွဲ့ဌေး (CI ခွင့်ပြုချက်ကျပြီး)၊ ကျောက်တော်မြို့နယ်မှ ဦးအောင်စိန်သာ၏သား မောင်ချေ (စိစစ်ဆဲ)၊ မင်းပြားမြို့နယ်မှ ဦးစံရွှေဘော်၏သမီး ထွေးချေ (စိစစ်ဆဲ)၊ မင်းပြားမြို့နယ်မှ ဦးမောင်သိန်းဦး၏သား ကိုကိုမောင် (အထောက်အထားမပြည့်စုံသူ)၊ မြေပုံမြို့နယ်မှ ဦးသိန်းအောင်၏သမီး ခင်မာနွယ် (စိစစ်ဆဲ)၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဦးကျော်သိန်း၏သား ဇော်ကာဦး (အထောက်အထားမပြည့်စုံသူ)၊ ကျောက်ဖြူမြို့နယ်မှ ဦးကြည်လောင်အောင်၏သား ကျော်မောင်လှ (အထောက်အထားမပြည့်စုံသူ)၊ ကျောက်ဖြူမြို့နယ်မှ ဦးငပြောင်၏သား နေမင်းစိုး (အထောက်အထားမပြည့်စုံသူ)နှင့် မင်းပြားမြို့နယ်မှ ဦးမောင်ရွှေသာ၏သား မောင်သန်းဌေး (အထောက်အထားမပြည့်စုံသူ)တို့ဖြစ်ကြသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
မလေးရှားရှိ မြန်မာသံရုံးက နေရပ်ပြန်ပို့မည့်သူ ၂ဝဝ ကျော်တွင် ရခိုင် ၁၅ ဦးနှင့် မွတ်ဆလင် သုံးဦးပါဝင် | YGN Daily