မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်
general||2 MIN READ

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

AI Summary

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်တွင် ညဉ့်နက်ပိုင်း၌ ဆိုင်ကယ်ပြိုင်မောင်းရန် စုဝေးနေသည့် လူငယ် ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေသည့် တရားမဝင် ပြင်ဆင်ထားသော ဆိုင်ကယ်များဖြင့် စုဝေးမှုကြောင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများတွင် အထောက်အထားမဲ့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် အသက်မပြည့်သေးသည့် ဒေသခံလူငယ် ၈ ဦး ပါဝင်သည်။ မြန်မာလူငယ်များကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဒေသခံလူငယ်များ၏ မိဘများကိုလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် စွဲချက်တင်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူအားလုံးကို သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် မယ်ဆိုင်ယာဉ်ထိန်းရဲအဖွဲ့များက လှည့်ကင်းတပ်ဖွဲ့များနှင့်အတူ စစ်ဆေးဖမ်းဆီးရာ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေသည့် တရားမဝင် မွမ်းမံပြင်ဆင်ထားသော မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ အမျိုးသားလူငယ် ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးရမိသူများအနက် ၃ ဦးမှာ အသက် ၂၀ အရွယ်ရှိ အထောက်အထားမရှိဘဲ ခိုးဝင်လာသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရပြီး ကျန်ရှိသည့် ၈ ဦးမှာ အသက် ၁၈ နှစ်အောက် အသက်မပြည့်သေးသည့် ဒေသခံလူငယ်များ ဖြစ်ကြသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ခိုးဝင်လာသည့် မြန်မာလူငယ် ၃ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်သည်။ တရားမဝင် ပြင်ဆင်ထားသည့် ဆိုင်ကယ်များအသုံးပြုမှုကိုလည်း လမ်းအန္တရာယ်ကင်းရှင်းရေး အက်ဥပဒေအရ အရေးယူမည်ဖြစ်သည်။

ထို့အပြင် အသက်မပြည့်သေးသည့် လူငယ် ၈ ဦး၏ မိဘ၊ အုပ်ထိန်းသူများကို ရဲစခန်းသို့ ဆင့်ခေါ်ကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေအရ မိဘများအနေဖြင့် သားသမီးများကို လျစ်လျူရှုမှု၊ လမ်းမှားရောက်စေမှုတို့ဖြင့် စွဲချက်တင် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုးကား – Chiang Mai News

The post မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင် appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated