
AI Summary
နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့၏ အစီရင်ခံစာအရ မြန်မာစစ်တပ်သည် အာရက္ခတပ်တော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ကဲ့သို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့များကို ရင်ဆိုင်ရာတွင် ဆက်လက်ရုန်းကန်နေရသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုနှင့် စစ်မှုထမ်းစနစ် ကျင့်သုံးခြင်းတို့ကြောင့် စစ်တပ်သည် နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရရှိရန် ဝေးကွာနေဆဲဖြစ်သည်။ စစ်တပ်ခေါင်းဆောင်များတွင် အပေးအယူပြုလုပ်လိုသည့် ဆန္ဒမရှိသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်ခြေ နည်းပါးနေသည်။ စစ်တပ်သည် ရွေးကောက်ပွဲများမှတစ်ဆင့် အာဏာကို ခိုင်မာအောင် တည်ဆောက်နေသော်လည်း နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု မရရှိသေးပေ။ လက်ရှိအခြေအနေတွင် စစ်တပ်၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေးအသွင်ကူးပြောင်းမှုထက် စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေရန်သာ ဦးတည်နေသည်။
(စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် အပေးအယူ၊ အလျှော့အတင်းအတွက် စိတ်ဆန္ဒမရှိသဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်နိုင်ဖွယ်မရှိဟုဆို) နိရဉ္စရာ၊ ဇွန် ၆/ ၂၀၂၆ အာဏသိမ်း မြန်မာစစ်တပ်သည် အောင်ပွဲတချို့ ပြန်လည်ရရှိလာသော်လည်း အင်အား တောင့်တင်းသည့် အာရက္ခတပ်တော် (AA)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ကဲ့သို့ ရင်ဆိုင်ရာတွင် ရုန်းကန်နေရဆဲဟု နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG)က ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့က “ မြန်မာ့အုပ်ချုပ်ရေးယန္တရားသစ်- အသွင်ကူးပြောင်း မှုမဟုတ်ဘဲ စစ်အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ “ စစ်တပ်သည် အာရက္ခတပ်တော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ကဲ့သို့ စစ်ရေးအတွေ့အကြုံ ပြည့်ဝပြီး ဘဏ္ဍာငွေအင်အားတောင့်တင်းသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို ရင်ဆိုင်ရာတွင် ရုန်းကန်နေရဆဲဖြစ်သည်” ဟု ဖော်ပြထားသည်။ မြန်မာပြည်မြောက်ပိုင်းက အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အပစ် ရပ်ဆွေးနွေးပွဲများကို ဘေဂျင်းက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ရာ စစ်တပ်အပေါ် စစ်ရေးဖိအားများ လျော့ကျသွားသည်။ ထိုစဉ် စစ်တပ်က အခြားဒေသများသို့ တပ်များ စေလွှတ်ခဲ့ရာ ဆုံးရှုံး နယ်မြေများကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

၂ဝ၂၃-၂ဝ၂၄ခုနှစ်များတွင် နယ်မြေများဆုံးရှုံး ရပြီးနောက် စစ်တပ်သည် အောင်ပွဲတစ်ချို့ ပြန်လည်ရရှိလာသည်။ ထိုအောင်ပွဲများ ရရှိခြင်းမှာ စစ်မှုထမ်းစနစ် ကျင့်သုံးခြင်းနှင့် အဆင့်မြင့်သည့် ဒရုန်းများကို တိုက်ပွဲ များတွင် ပို၍အသုံးပြုလာခြင်းတို့ကြောင့်ဖြစ်သည့်အပြင် အဓိကအကျဆုံးက တရုတ်၏ အကူအညီရရှိခြင်းကြောင့်ဖြစ်သည်။
ယခင်စစ်မြေပြင်အရှုံးများကို ပြောင်းပြန်လှန်နိုင်ခဲ့သော်လည်း ပြန်လည်သိမ်းပိုက်သည့် ပမာဏသည် အာဏာသိမ်းမှုမတိုင်ခင်က ထိန်းချုပ်ခဲ့သည့် နယ်မြေ အကျယ်အဝန်းအထိတော့ မဟုတ်ဟု ဖော်ပြသည်။
နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမည့် အခြေအနေ တစ်ရပ်က ဝေးကွာနေဆဲဖြစ်ပြီး စစ်တပ်သည် နိုင်ငံအတွင်း အဓိကကျသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက် အပစ်အခတ်ရပ်စဲမှု သဘောတူ ညီချက်များ ရယူနိုင်သော်လည်း ထိုအပစ်ရပ်မှုများသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးဖွယ်မရှိပေ။
စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များတွင် အပေးအယူ၊ အလျှော့အတင်းအတွက် စိတ်ဆန္ဒမရှိရာ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်နိုင် ဖွယ်မရှိဟုလည်း သုံးသပ်ထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူ ပြီး နိုင်ငံတော်သမ္မတ ရာထူးကို ရယူခဲ့သည်။
ဤသည်ကို ထောက်ရှုသော် ရွေးကောက်ပွဲများသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု သို့မဟုတ် ပဋိပက္ခလျှော့ချရေး တို့ကို ဦးတည်သည်ထက် ဖိနှိပ်ရက်စက်သော စစ် အုပ်ချုပ်ရေးကို ပိုမိုခိုင်မာလာအောင် တည်ဆောက် ခြင်းသာဖြစ်သည်။
စစ်တပ်ကကြိုတင်ရေးဆွဲထားသော ဇာတ်ညွှန်းအတိုင်း ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာသည်။
ICG ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟိုဆေး၏ “စစ်ဝတ်စုံကို အရပ်သား ဝတ်စုံနဲ့ အစားထိုးလိုက်ပေမဲ့ ဒါဟာ နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်တန်ဆာကို အကာအကွယ်ယူ၊ ရွေးကောက်ပွဲတွေ ကျင်းပပြီး စစ်တပ်က သူ့ရဲ့အာဏာကို အခိုင်အမာတည်ဆောက်ထားတာပဲဖြစ်တယ်။ ဒါပေမဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေး ကျဆင်းမှုကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ မပြောင်းလဲဘဲ တည်ရှိနေဆဲဖြစ်ပါတယ်”ဟု ပြောသည်။
စစ်တပ်သည် ၎င်း၏ အုပ်ချုပ်မှုဆက်လက်တည် အာဏာအခြေခံအုတ်မြစ်ကို လုပ်ထုံးလုပ်နည်း မြဲစေရန် အရ ရွေးကောက်ပွဲများမှတစ်ဆင့် တည်ဆောက် နိုင်ခဲ့သော်လည်း အစိုးရတစ်ရပ်အဖြစ် တရားဝင် အသိအမှတ်ပြုခံရမှု ကင်းမဲ့နေဆဲဖြစ်ပြီး နိုင်ငံကကြုံတွေ့ နေရသည့် ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မည့် အခြေအနေများလည်း ဖန်တီးနိုင်ခြင်းမရှိသေးဟု ICG က ဆိုသည်။