ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ
economy||7 MIN READ

ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ

Narinjara
SourceNarinjara
Back to News

AI Summary

ငပလီကမ်းခြေအနီးပတ်ဝန်းကျင်တွင် စစ်ရေးအခြေအနေများကြောင့် မြေစျေးနှုန်းများ အဆမတန်ကျဆင်းနေသဖြင့် ရန်ကုန်မှ ခရိုနီစီးပွားရေးသမားများက တိတ်တဆိတ် ဝယ်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။ ၎င်းတို့သည် အနာဂတ်တွင် ငြိမ်းချမ်းရေးရရှိပါက မြေစျေးများ ပြန်လည်မြင့်တက်လာမည်ကို မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်သည်။ လက်ရှိတွင် အာရက္ခတပ်တော် (AA) က သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် ငပလီရှိ ဟိုတယ် ၆၅ လုံးလုံးကို ထိန်းချုပ်ချိတ်ပိတ်ထားပြီး ခရိုနီပိုင် ဟိုတယ်ကြီးများစွာလည်း ပါဝင်သည်။ အချို့ခရိုနီများသည် AA တာဝန်ရှိသူများနှင့် ဆက်သွယ်၍ စီးပွားရေးပုံစံသစ်များ ဖန်တီးရန် ကြိုးပမ်းနေကြသည်။ ဒေသခံများကမူ ကမ်းခြေတစ်လျှောက်ရှိ မြေယာအများစုကို ခရိုနီများနှင့် စစ်တပ်အသိုင်းအဝိုင်းက ပိုင်ဆိုင်ထားပြီးဖြစ်၍ ဤမြေယာပြဿနာကို အသေအချာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောဆိုနေကြသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒီခရိုနီတွေကတော့ဗျာ စီးပွားရေးသမားတွေဆိုတော့ ။ သူတို့ကတော့ စွန့်စားတာပေါ့နော်။ AA က အပြီးသတ် ရေရှည် သိမ်းသွားမယ် ဆိုရင်လည်း ဝယ်ထားတဲ့ မြေက စာချုပ်စာတန်းနဲ့ဆိုတော့ သေချာနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အကယ်၍ စစ်တပ်က ဒီနေရာတွေကို ပြန်သိမ်းလို့ ရသွားမယ်ဆိုရင်ဘဲဖြစ်ဖြစ်၊ နှစ်ဘက်စေ့စပ်လို့ ရခိုင်ပြည် ငြိမ်းချမ်းသွားရင် ဒီမြေတွေက သူတို့အပိုင်ဖြစ်သွားပြီဆိုတော့ အခုမြေထားသူတွေက ပွတာပေါ့နော်။ ဒီအချိန်မှာ မြေတစ်ကွက် သိန်းတစ်ရာပေးလို့ဝယ်ရင် တိုင်းပြည်အေးချမ်းသွားတဲ့ခါ သောင်းချီလို့ ရနိင်တာပေါ့နော်။ ဒါကြောင့် စျေးချပြီး ရောင်းချနေတဲ့ မြေတွေကို သူတို့က လိုက်ဝယ်နေတဲ့ အနေအထားမျိုးတွေ့ရတာပေါ့နော်"

"အခြေအနေအရ ငွေရှိတဲ့သူက ရင်းနှီးမြုပ်နှံမယ် ။ ဒီအချိန်ရွှေ စျေးနဲ့ ကိုက်ရ င် အိမ်ခြံမြေ စျေးတွေ အရမ်းတန်နေလို့ ပေါ့နော်။ နောင်ဒီစျေးနဲ့ဝယ်လို့ လုံးဝမရနိုင်တဲ့ အနေအထားမို့လို့ ရင်နှီးနိုင်တဲ့သူ တွေက ဝယ်နေကြတာ ဘဲ။ ကျွန်မဆီမှာ အေအေက ပိုင်ဆိုင်မှု အထောက်အထားထုတ်ပေး ရင် အခွန်ဆောင်လို့ရနေပြီ ။ အဝေးက ဝယ်မယ်ဆိုရင်ဒီမှာ မိသားစု လူယုံရှိရင် အဆင်ပြေတယ် ။ မဟုတ်ရင်လည်း အခွန်ဆောင်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားကို ထည့်ပေးနိုင်ပါတယ်။"

"ဟိုသံတွဲ၊ ငပလီ ပင်လယ်ကမ်းခြေကနေ ဂွမြို့နယ်တောင်ပိုင်း ကမ်းခြေထိ ဘယ်ဒေသခံမှ ပိုင်တာမရှိတော့ဘူး။ ဆပ်သွားကမ်းခြေဆိုလည်း ရန်ကုန်က ခရိုနီတွေပိုင်ထားတာ။ ကျိန္တလီကမ်းခြေတွေဆိုလည်း သူတို့ပိုင်ထားတာ။ ပင်လယ်ကမ်းခြေတစ်လျှောက် မြင်ရတဲ့ အုန်းပင်တွေ အစီအရီမြင်ရပေမယ့် အဲဒီမှာ ရှိနေတဲ့ ဒေသခံတွေ ပိုင်တယ်လို့ မထင်နဲ့။ သူတို့က အုန်းခြံနဲ့ ဥယာဉ်ခြံမြေတွေကို စောင့်ဖို့ လစာပေးပြီး ငှားထားတာ။ ငပလီဆိုရင်လည်း ဘယ်ဒေသခံ ပိုင်တဲ့ ဟိုတယ်ဆိုလို့ သေးသေးလေး တစ်လုံး၊ နှစ်လုံးဘဲရှိတယ်။ ကျန်တာတွေက ခရိုနီတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ ပိုင်ထားတာ"

ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန် ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ

နိရဉ္စရာ၊ ဇွန် ၁၂ / ၂၀၂၆

သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့် ရန်ကုန်နေ မြေအရောင်းအဝယ်လုပ်နေသူ ခရိုနီများမှ တိတ်တဆိတ် ဝယ်ယူမှုများရှိနေကြောင်း သတင်းရရှိသည်။

သို့သော်လည်း အဆိုပါ မြေဝယ်ယူမှုမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်ရှိ / မရှိကို မပြောနိုင်ကြောင်း ငပလီ ဒေသခံတစ်ဦးက ပြောသည်။

“ ဒီခရိုနီတွေကတော့ဗျာ စီးပွားရေးသမားတွေဆိုတော့ ။ သူတို့ကတော့ စွန့်စားတာပေါ့နော်။ AA က အပြီးသတ် ရေရှည် သိမ်းသွားမယ် ဆိုရင်လည်း ဝယ်ထားတဲ့ မြေက စာချုပ်စာတန်းနဲ့ဆိုတော့ သေချာနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အကယ်၍ စစ်တပ်က ဒီနေရာတွေကို ပြန်သိမ်းလို့ ရသွားမယ်ဆိုရင်ဘဲဖြစ်ဖြစ်၊ နှစ်ဘက်စေ့စပ်လို့ ရခိုင်ပြည် ငြိမ်းချမ်းသွားရင် ဒီမြေတွေက သူတို့အပိုင်ဖြစ်သွားပြီဆိုတော့ အခုမြေထားသူတွေက ပွတာပေါ့နော်။ ဒီအချိန်မှာ မြေတစ်ကွက် သိန်းတစ်ရာပေးလို့ဝယ်ရင် တိုင်းပြည်အေးချမ်းသွားတဲ့ခါ သောင်းချီလို့ ရနိင်တာပေါ့နော်။ ဒါကြောင့် စျေးချပြီး ရောင်းချနေတဲ့ မြေတွေကို သူတို့က လိုက်ဝယ်နေတဲ့ အနေအထားမျိုးတွေ့ရတာပေါ့နော် ” ဟု ပြောသည်။

လက်ရှိတွင် အိမ်ခြံမြေလုပ်ကိုင်နေသူများက သံတွဲခရိုင် စစ်ရေး အခြေအနေများကို သာမက အာရက္ခတပ်တော်၏ အခြေအနေများကို မေးမြန်းနေကြောင်း၊ တချို့ဆိုလျှင် ငပလီကမ်းခြေရှိ ဟိုတယ်များ၏ အခြေအနေများကို မေးမြန်းစုံစမ်းနေကြောင်း၊ တချို့ဆိုလျှင် ဒေသတွင်းရှိ AA တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းမှုများရှိနေကြောင်း ၎င်းက ပြောသည်။

“ ဒီလို ဆက်သွယ်မေးမြန်းနေတာတွေရှိတယ် ။ ငပလီမှာ ခရိုနီတွေနဲ့ ပတ်သက်ခဲ့သူတွေက သက်ဆိုင်ရာဟိုတ ယ် တွေကို စောင့်ကြည့်နေတာ ငွေလေးဘာလေး ပေးထားတာပေါ့၊ အေအေ သိမ်းထားပြီဆိုတာသူတို့ လည်းသိတယ် ။ ပြန် ရမလား မျှော်လင့်နေတာတွေလည်းရှိ တယ်။ စီးပွားရေးသမားတွေဆိုတော့ လက်ရှိမြေဈေးအခြေအနေ၊ သူတို့ ဟိုတယ်တွေနဲ့ပတ်သက်ပြီး အေအေဘက်ကအပြောအဆို တွေကိုသိချင်တာ၊ သာရင်သာသလို ဆက်သွယ်ပြီး အေအေ လက်ထက်မှာလဲ စီးပွားရေးပုံစံတခုလုပ်ချင်တဲ့သဘော ။ အေအေနဲ့ ညှို့နှိုင်းပြီး စကားပြောလို့ ရရင်ပြောချင်တယ်လို့ ရခိုင်လူမျိုးသူဌေးတစ်ယောက်ကတဆင့် ခရိုနီတွေက ငပလီကို ဆက်သွယ် ပြောဆိုတာတွေရှိတယ်လို့ ကျွန်တော်တို့သိထားတယ် ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ငပလီရှိ လက်ရှိအိမ်ခြံမြေပွဲစားတစ်ဦးအား နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ် မြေးမြန်းရာတွင် ငပလီ ၊ မြပြင် ၊ လင်းသာရှိ အိမ်ခြံမြေတချို့အား အဝေးရောက ် ဝယ်ယူမှုများ ရှိနေပြီး ထိုသို့ဝယ်ယူသူများတွင် ဟိုတည်ပိုင်ရှင်များနှင့်ဆက်စပ်သူ တချို့လည်း ပါဝင်သည်ဟု ပြောဆို သည်။

အိမ်ခြံမြေပွဲစား အမျိုးသမီး တစ်ဦးက “ အခြေအနေအရ ငွေရှိတဲ့သူက ရင်းနှီးမြုပ်နှံမယ် ။ ဒီအချိန်ရွှေ စျေးနဲ့ ကိုက်ရ င် အိမ်ခြံမြေ စျေးတွေ အရမ်းတန်နေလို့ ပေါ့နော်။ နောင်ဒီစျေးနဲ့ဝယ်လို့ လုံးဝမရနိုင်တဲ့ အနေအထားမို့လို့ ရင်နှီးနိုင်တဲ့သူ တွေက ဝယ်နေကြတာ ဘဲ။ ကျွန်မဆီမှာ အေအေက ပိုင်ဆိုင်မှု အထောက်အထားထုတ်ပေး ရင် အခွန်ဆောင်လို့ရနေပြီ ။ အဝေးက ဝယ်မယ်ဆိုရင်ဒီမှာ မိသားစု လူယုံရှိရင် အဆင်ပြေတယ် ။ မဟုတ်ရင်လည်း အခွန်ဆောင်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားကို ထည့်ပေးနိုင်ပါတယ်။ အရင်ကငပလီမှာ လာရောက်အလုပ်လုပ်ဖူးတဲ့ သူဌေးတချို့ကတော့ အေအေ အာဏာပိုင်နဲ့တောင် တိုက်ရိုက်ပြောချင်တယ်လို့ ပြောတယ် ။ ကျွန်မတို့တော့ အဲ့လောက် မလုပ်ပေးနိုင်ဘူး ” ဟု ပြောသည်။

ဝယ်ယူနေသူများ၏ နာမည်နှင့် ၎င်းတို့ပိုင်ဆိုင်သည့် ဟိုတည်အား မေးရာတွင် သူမက ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

လက်ရှိတွင်လင်းသာ၊ မြပြင်၊ငပလီ၊ဂေါ့တို့ရှိ ကမ်းခြေဘက်အခြမ်း မဟုတ်သော မြေကွက်များ ၏ ၃၅ ပေပတ်လည်ကို ကျပ် သ ိန်း ၁၃၀ ဈေးပေါက်လျက်ရှိကာ နာမည်နှင့် ပိုင်ဆိုင်မှုအထောက် အထားများပါ ပေးအပ်မည်ဖြစ်ကြောင်း ပွဲစားများကဆိုသည်။

ရခိုင်ပြည် သံတွဲ ခရိုင် ၊ ကမ္ဘာကျော် ငပလီကမ်းခြေ တွင် ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိပြီး သံတွဲမြို့ကို AA က သိမ်းပိုက်လိုက်သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဟိုတယ်များ အားလုံးကို AA ကထိန်းချုပ်ထိန်းသိမ်းထားသည်။

ငပလီကမ်းခြေမှ အကြီးဆုံးဟိုတယ်ဖြစ်သော ကြယ်ငါးပွင့်အဆင့်ရှိ Jasmine Ngapali Resort ( စံပယ်ဖြူငပလီဟိုတယ်) ကို စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့်နီးစပ်သူ ဦးကောင်းစံက ပိုင်ဆိုင်ပြီး မြန်မာပြည်၏ ခရိုနီ သူဌေးများဖြစ်ကြသည့် ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့၏ ဟို တယ်များလည်း ငပလီကမ်းခြေတွင် ရှိနေကြပြီး အားလုံးကို AA က သိမ်းပိုက် ချိတ်ပိတ်ထားသည်။

ထို့အပြင် ငပလီကမ်းခြေတွင် ကမ္ဘာကျော် Hilton – ဟီလ်တန်ဟိုတယ်လုပ်ငန်းစုနှင့် ပူးပေါင်း ပြီး လေဆိပ်လမ်း ဇီးဖြူကုန်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် ကြယ် ၅ ပွင့် အဆင့်ရှိ Hilton ငပလီဟိုတယ်လည်း ရှိနေပြီး အေဒင်အုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင် ဦးချစ်ခိုင်က ပိုင်ဆိုင်သည်။

ငပလီ ဟိုတယ်အများစုမှာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ်တောစသည့် ရပ်ကွက်များနှင့် ငပလီ ကမ်း ခြေ တွင်တည်ရှိကာ ငပလီကမ်းခြေတွင်ရှိသည့် ဟိုတယ် ၆၅ လုံးနှင့် အခန်းပေါင်း ၂၀၀၀ ကျော်ရှိကာ အားလုံးကို အာရက္ခတပ်တော် AA က ချိတ်ပိတ်ထားသည်။

ငပလီကမ်းခြေရှိ ဟိုတယ်သာမက ဂွမြို့နယ် ဆပ်သွား၊ ကျိန္တလီ၊ တိုင်ကြိုး၊ ကမ်းသာယာနှင့် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်း တည်ရှိရာ ကမ်းခြေရှိ မြေများအားလုံးကို အာရက္ခတပ်တော် မသိမ်းပိုက်မီကပင် ရန်ကုန်ရှိ ခရိုနီများနှင့် စစ်တပ်အသိုင်းအ၀ိုင်းက ဝယ်ယူထားကြောင်း သိရသည်။

ကျိန္တလီ ဒေသခံတစ်ဦးက “ ဟိုသံတွဲ၊ ငပလီ ပင်လယ်ကမ်းခြေကနေ ဂွမြို့နယ်တောင်ပိုင်း ကမ်းခြေထိ ဘယ်ဒေသခံမှ ပိုင်တာမရှိတော့ဘူး။ ဆပ်သွားကမ်းခြေဆိုလည်း ရန်ကုန်က ခရိုနီတွေပိုင်ထားတာ။ ကျိန္တလီကမ်းခြေတွေဆိုလည်း သူတို့ပိုင်ထားတာ။ ပင်လယ်ကမ်းခြေတစ်လျှောက် မြင်ရတဲ့ အုန်းပင်တွေ အစီအရီမြင်ရပေမယ့် အဲဒီမှာ ရှိနေတဲ့ ဒေသခံတွေ ပိုင်တယ်လို့ မထင်နဲ့။ သူတို့က အုန်းခြံနဲ့ ဥယာဉ်ခြံမြေတွေကို စောင့်ဖို့ လစာပေးပြီး ငှားထားတာ။ ငပလီဆိုရင်လည်း ဘယ်ဒေသခံ ပိုင်တဲ့ ဟိုတယ်ဆိုလို့ သေးသေးလေး တစ်လုံး၊ နှစ်လုံးဘဲရှိတယ်။ ကျန်တာတွေက ခရိုနီတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ ပိုင်ထားတာ ” ဟု ပြောဆိုသည်။

ထိုကဲ့သို့ သံတွဲခရိုင်ရှိ သံတွဲ၊ ငပလီ၊ ကျိန္တလီ၊ ဂွမြို့နယ်မှ ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ခြံမြေများအားလုံးကို ခရိုနီများနှင့် စစ်တပ်မိသားစု အသိုင်းအ၀ိုင်းက ပိုင်ဆိုင်ထားသဖြင့် အဆိုပါ မြေယာပြဿနာကို အသေအချာကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ်သတင်းများ

AI Curated
ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ | YGN Daily