အနီကတ် ၃ ကတ်ဖြင့် စတင်ခဲ့သည့် ကမ္ဘာ့ဖလားပွဲ
sports||2 MIN READ

အနီကတ် ၃ ကတ်ဖြင့် စတင်ခဲ့သည့် ကမ္ဘာ့ဖလားပွဲ

DVB
SourceDVB
Back to News

AI Summary

၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် မက္ကဆီကိုက တောင်အာဖရိကကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း ပွဲအတွင်း အနီကတ် သုံးကတ်အထိ ပြသခဲ့ရသည့် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပွဲတစ်ပွဲတည်းတွင် အနီကတ် သုံးကတ်ပြသခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်ကမ္ဘာ့ဖလားပွဲစဉ်များနှင့် နှိုင်းယှဉ်ပါက အလွန်များပြားနေသည်။ အဆိုပါဖြစ်ရပ်ကြောင့် တောင်အာဖရိကမှ ကစားသမားနှစ်ဦးနှင့် မက္ကဆီကိုမှ ကစားသမားတစ်ဦးတို့ ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် တင်းကျပ်လာခြင်းကြောင့် ယခုကဲ့သို့ အနီကတ်များပြားလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ လက်ရှိတွင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် ပိုမိုတင်းကျပ်လာခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"ဖီဖာဒိုင်လူကြီးချုပ် ကိုလီနာကတော့ ကစားသမားတွေ တကယ်အနီကတ် ထိုက်တန်မှသာ ပြသဖို့ ပြောထားတာပါ။"

Photo:Reuters

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုက တောင်အာဖရိကကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ တဲ့ပွဲမှာ အနီကတ် ၃ ကတ်အထိ ပြသခဲ့တာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတွေနဲ့ ယှဉ်ရင် ထူးခြားတဲ့ အခြေအနေ ဖြစ်လာပါတယ်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ပွဲတပွဲတည်းမှာ အနီကတ် ၃ ကတ်ပြတာ ဒါပထမဆုံးပါပဲ။ ရုရှားနဲ့ ကာတာ ကမ္ဘာ့ဖလားပွဲတွေမှာ  ပြိုင်ပွဲတခုလုံးမှ အနီကတ် ၄ ကတ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

တောင်အာဖရိကကစားသမားတွေဖြစ်တဲ့ ယာယာစီသိုလီနဲ့ သီမာ ဇဝါနီတို့ အထုတ်ခံရပြီးနောက် မက္ကဆီကိုက ဆီဇာ မွန်တက်စ်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အနီကတ် ထပ်ရခဲ့ပါတယ်။

ဖီဖာဒိုင်လူကြီးချုပ် ကိုလီနာကတော့ ကစားသမားတွေ တကယ်အနီကတ် ထိုက်တန်မှသာ ပြသဖို့ ပြောထားတာပါ။

ဒါပေမဲ့ ဒီပွဲရဲ့ အနီကတ်တွေဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ ပိုတင်းကျပ်လာတာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အနီကတ် ၃ ကတ်ဖြင့် စတင်ခဲ့သည့် ကမ္ဘာ့ဖလားပွဲ | YGN Daily