
နေပြည်တော်တွင် ရထားနှင့်ဆိုင်ကယ်တိုက်ပြီး အမျိုးသား ၂ ဦးသေဆုံး
AI Summary
နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး ရထားနှင့် တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆိုင်ကယ်သည် ရထားသံလမ်းကို ဖြတ်ကူးစဉ် အမှတ် ၁၂ အစုန်ခရီးသည်တင်ရထားနှင့် တိုက်မိခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကိုနေသူနှင့် ကိုမိုးငယ်လေးတို့ နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ရထားလမ်းဖြတ်ကူးရာတွင် သတိပြုမှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများမှာ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ဖြစ်ကြသည်။ ရထားမှာမူ ခရီးစဉ်ကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် ဖြစ်စဉ်ပြီးဆုံးသွားပြီဖြစ်သည်။

နေပြည်တော် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်မှာ ရထားသံလမ်းဖြတ်ကူးလာတဲ့ ဆိုင်ကယ်ကို ရထားက တိုက်မိတာကြောင့် အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
မေ ၂၉ ရက် ညနေက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရှမ်းစုကျေးရွာအဝင် ရန်ကုန်-မန္တလေး ရထားလမ်းမိုင်တိုင်အမှတ် ၂၃၂ /၁၈ နဲ့ ၂၃၂/၁၉ ကြားမှာ အမျိုးသား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ် က ရထားသံလမ်းကို ဖြတ်မောင်းချိန် အမှတ် ၁၂ အစုန်ခရီးသည်တင်ရထားက တိုက်မိခဲ့တာလို့ သိရပါတယ်။
စစ်အာဏာရှင် ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “ရထားသံလမ်းကို ဖြတ်မောင်းတဲ့ ဆိုင်ကယ်က အတိုက်ခံရတာ။ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား နဲ့ အနောက်က စီးလိုက်လာတဲ့ အမျိုးသား ၂ ယောက်က နေရာမှာပဲ တခါတည်း ပွဲချင်းပြီးဆုံးသွားတာ” လို့ ပြောပါတယ်။
ရထားတိုက်ခံရတာကြောင့် သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ဟာ ပျဉ်းမနားမြို့နယ်၊ ရှမ်းစုကြီး ကျေးရွာက အသက် ၃၅ နှစ်ကျော်အရွယ် ကိုနေသူနဲ့ ရွာသစ်ကျေးရွာက အသက် ၃၇ နှစ်ကျော် အရွယ် ကိုမိုးငယ်လေးတို့ ဖြစ်တယ်လို့ သိရပါတယ်။
မောင်းလာတဲ့ ဆိုင်ကယ် ရထားသံလမ်း ဖြတ်မောင်းတာကြောင့် အတိုက်ခံရပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ပေမဲ့ ရထားခရီးစဉ် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ထွက်ခွာနိုင်ခဲ့တယ်လို့ သိရ ပါတယ်။