
“မြို့ထဲမှာ ငါက ဘယ်နှယောက် သတ်ခဲ့ပြီ၊ မင်းဘယ်နှယောက် သတ်ပြီးပြီလဲ”
AI Summary
မကွေးတိုင်း မြစ်ခြေဒေသတွင် မေလအတွင်း စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ စစ်တပ်ပြန်ဆုတ်သွားချိန်တွင် ဘုန်းကြီးကျောင်းများ၊ နေအိမ်များနှင့် အိမ်သာကျင်းဟောင်းများမှ ပုပ်ပွနေသော ရုပ်အလောင်းများနှင့် မီးရှို့ခံထားရသည့် အရိုးစုများကို တွေ့ရှိခဲ့ရသည်။ လက်ရှိအချိန်အထိ သေဆုံးသူ ၃၅ ဦးထက်မနည်း တွေ့ရှိထားပြီး ပျောက်ဆုံးနေသူများလည်း ရှိနေဆဲဖြစ်သည်။ အသက်ရှင်လွတ်မြောက်လာသူများနှင့် ရုပ်အလောင်းရှင်းလင်းရေးတွင် ပါဝင်သူများ၏ ပြောကြားချက်အရ ဖမ်းဆီးထားသူများကို ပစ်သတ်ခြင်း၊ ဓားဖြင့်ခုတ်သတ်ခြင်း၊ ကြိုးတုပ်စွန့်ပစ်ခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ Myanmar Now ၏ ရုပ်သံတွင် မြစ်ခြေ၌ ဖြစ်ပျက်ခဲ့သည်များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များကို တင်ဆက်ထားသည်။
ဒီလို စကားတွေကို စစ်သားအချင်းချင်း ပြောဆိုနေတာ ကြားခဲ့ရတယ်လို့ မကွေးတိုင်း မြစ်ခြေဒေသက အသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။ မေလအတွင်း မြစ်ခြေမြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ‘ပုဂံ’ နဲ့ဆိုရင် ဧရာဝတီမြစ်သာခြားတဲ့ မြစ်ခြေမြို့မှာ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်သွားပြီးနောက် ဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေ၊ အိမ်သာကျင်းဟောင်းတွေထဲကနေ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေနဲ့ မီးရှို့ခံထားရတဲ့ အရိုးစုတွေကို တွေ့ရှိခဲ့ရပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူ ၃၅ ဦးထက်မနည်း တွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ ရုပ်အလောင်းရှင်းလင်းရေးမှာ ပါဝင်ခဲ့သူတွေရဲ့ ပြောဆိုချက်တွေအရ ဖမ်းဆီးထားသူတွေကို ပစ်သတ်တာ၊ ဓားနဲ့ခုတ်သတ်တာ၊ ကြိုးတုပ်ပြီး စွန့်ပစ်ထားတာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Myanmar Now ရဲ့ ဒီရုပ်သံမှာတော့ မြစ်ခြေမှာ ဘာတွေဖြစ်ခဲ့သလဲ၊ အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ မျက်မြင်သက်သေတွေက ဘာတွေပြောကြသလဲ ဆိုတာကို တင်ဆက်ထားပါတယ်။
သဇင်လှိုင်/ Myanmar Now