
AI Summary
အရပ်ဘက်အဖွဲ့အစည်းများက ၃၂ ကြိမ်မြောက် အာဆီယံ စားသုံးသူအကာအကွယ်ပေးရေးကော်မတီ (ACCP) အစည်းအဝေးကို မြန်မာစစ်အုပ်စုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံခန့် ခိုးယူရရှိနေသည့် နိုင်ငံဖြတ်ကျော် ဆိုက်ဘာငွေလိမ်ဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး ဒေသတွင်း စားသုံးသူများကို ကြီးမားစွာ အန္တရာယ်ပြုနေသည်ဟု ၎င်းတို့က ထောက်ပြသည်။ ထို့ကြောင့် ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် စစ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်မှုကို ငြင်းပယ်ရန်နှင့် ၎င်းတို့ထိန်းချုပ်ထားသော စားသုံးသူရေးရာဦးစီးဌာန (DOCA) ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခြင်းကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ လာမည့် အာဆီယံ စားသုံးသူအကာအကွယ်ပေးရေးညီလာခံ အပါအဝင် နောက်နောင်အစည်းအဝေးများတွင် စစ်အုပ်စုအရာရှိများကို တက်ရောက်ခွင့်ပိတ်ပင်ပြီး တရားဝင်ကိုယ်စားလှယ်များဖြစ်ကြသည့် NUG အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့်သာ ချိတ်ဆက်ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုထားသည်။ အဆိုပါ အစည်းအဝေးကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် အာဆီယံ စားသုံးသူအကာအကွယ်ပေးရေးကော်မတီ (ACCP) အစည်းအဝေးကို မြန်မာစစ်အုပ်စုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခဲ့တဲ့အပေါ် Defend Myanmar Democracy အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
စစ်အုပ်စုရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ငြင်းပယ်ဖို့နဲ့ သူတို့ထိန်းချုပ်ထားတဲ့ စားသုံးသူရေးရာဦးစီးဌာန (DOCA) ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခြင်းကို ချက်ချင်းရပ်တန့်ဖို့ ဇွန် ၂ ရက်မှာ ထုတ်ပြန် တိုက်တွန်းထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံလောက် ခိုးယူရရှိနေတဲ့ နိုင်ငံဖြတ်ကျော် ဆိုက်ဘာငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်ဖြစ်လာပြီး ဒေသတွင်း စားသုံးသူတွေကို ကြီးမားစွာ အန္တရာယ်ပြုနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါကြောင့် လာမဲ့ ဇွန်လအတွင်း ကျင်းပမဲ့ အာဆီယံ စားသုံးသူအကာအကွယ်ပေးရေးညီလာခံ အပါအဝင် နောက်နောင်အစည်းအဝေးတွေမှာ စစ်အုပ်စုအရာရှိတွေကို တက်ရောက်ခွင့်ပိတ်ပင်ပြီး တရားဝင်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ NUG အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့သာ ချိတ်ဆက်ဆောင်ရွက်ဖို့ အလေးအနက် တောင်းဆိုတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ၃၂ ကြိမ်မြောက် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက်ကနေ ၂၀ ရက်အထိ ရန်ကုန်မြို့၊ Chatrium Hotel မှာ ကျင်းပခဲ့တာမှာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၄ ယောက် တက်ရောက်ခဲ့ကြပါတယ်။