
ကမ္ဘာဖလားအဖွင့်ပွဲတွင် ဘရာဇီး နိုင်မည်ဟု ငမန်းမလေး ခန့်မှန်း
AI Summary
ရီယိုဒီဂျနေးရိုးမြို့ရှိ အကွာရီယိုငါးပြတိုက်မှ ငမန်းမလေး ရီတီညာသည် ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ဘရာဇီးအသင်း အနိုင်ရမည်ဟု ခန့်မှန်းခဲ့သည်။ ၎င်းသည် ဘရာဇီးအလံနှင့် မော်ရိုကိုအလံပါ သံဘူးများထဲမှ ဘရာဇီးအလံပါ သံဘူးကို ရွေးချယ်ခြင်းဖြင့် ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲများတွင် တိရစ္ဆာန်များက ရလဒ်ခန့်မှန်းခြင်းသည် ပျော်ရွှင်စရာကောင်းသည့် အစဉ်အလာတစ်ခုဖြစ်ပြီး၊ ငါးပြတိုက်စီအီးအိုကလည်း ဤခန့်မှန်းမှုသည် ငမန်းများအပေါ် လူတို့၏အမြင်ကို ပြောင်းလဲစေနိုင်မည်ဟု မျှော်လင့်သည်။ ယခင် ၂၀၁၀ ကမ္ဘာ့ဖလားတွင် ရေဘဝဲ ပေါလ်ကဲ့သို့သော တိရစ္ဆာန်များကလည်း အောင်မြင်စွာ ခန့်မှန်းခဲ့ဖူးသည်။ ငမန်းမလေး ရီတီညာသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ဆက်လက်ခန့်မှန်းပေးမည်ဖြစ်ပြီး၊ လက်ရှိတွင် ရီယိုမြို့ရှိ Dreamland Wax ပြတိုက်၌ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီ၏ ဖယောင်းရုပ်ကို ပြသထားသည်။
ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဘရာဇီးအသင်းအနိုင်ရမယ်လို့ ငမန်းမလေး ရီတီညာက ခန့်မှန်းပေးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာရှိတဲ့ အကွာရီယိုငါးပြတိုက်ရှိ ငမန်းမလေးရီတီညာက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင် ဘရာဇီးအသင်းရဲ့ ရလဒ်တွေကို ကြိုတင်ခန့်မှန်ပေးခဲ့တာပါ။
ဘရာဇီး အလံနဲ့ မော်ရိုကိုအလံ ကပ်ထားတဲ့ သံဘူးတွေကို ရေကန်ထဲမှာ ချပြီး ငါးမန်းမလေးကို ရွေးချယ်ခိုင်းတဲ့အချိန်မှာ ဘရာဇီးအလံပါ သံဘူးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အားကစားပြိုင်ပွဲတွေမှာ တိရိစ္ဆာန်လေးတွေရဲ့ အနိုင်ရမဲ့အသင်း ခန့်မှန်းတာက ပျော်ရွှင်စရာကောင်းတဲ့ အစဉ်အလာ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းအတွက် ငမန်းမလေး ရီတီညာက ခန့်မှန်ပေးမှာ ဖြစ်ပါတယ်။
ငါးပြတိုက် စီအီးအို မာဆယ်လိုက ငမန်းတွေအပေါ် လူတွေမြင်တဲ့ အမြင်ပြောင်းလဲစေဖို့ ဒီခန့်မှန်းမှုက အကူအညီပေးနိုင်မယ်လို့ ဘရာဇီးအသင်းရလဒ် ခန့်မှန်းမှုနဲ့ပတ်သက်ပြီး ငမန်းမလေးကို ရွေးချယ်ပုံနဲ့ကို ပြောပြပါတယ်။
ဘရာဇီးနဲ့ မော်ရိုကိုအသင်းတို့ဟာ အုပ်စု C မှာ ၁ အုပ်စုတည်း ကျနေပြီး ဘရာဇီးအနိုင်ရမယ်လို့ ဇွန် ၃ ရက်က ခန့်မှန်းပေးခဲ့တာပါ။
နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ဘယ်အသင်းအနိုင်ရမလဲခန့်မှန်းခဲ့တဲ့ တိရိစ္ဆာန်တွေထဲမှာ အထင်ရှားဆုံးက ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နာမည်ကျော်ခဲ့တာတော့ ရေဘဝဲ ပေါလ်ပဲ ဖြစ်ပါတယ်။
ရေဘဝဲလေး ပေါလ်ဟာ ယူရို ၂၀၀၈ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့မှာ ခန့်မှန်းမှုတွေ လုပ်ခဲ့ပြီး အဲ့ဒီတုန်းက ဂျာမနီအသင်းရဲ့ ပွဲစဉ် ၇ ပွဲစလုံး မှန်အောင်ခန့်မှန်နိုင်ခဲ့ကာ ၁၄ ပွဲမှာ ၁၂ ပွဲ မှန်အောင် ခန့်မှန်းပေးနိုင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် ရီယိုမြို့မှာရှိတဲ့ Dreamland Wax ပြတိုက်မှာလည်း ဘရာဇီးဂန္ထဝင်ကစားသမား ပီလီရဲ့ ပုံတူဖယောင်းရုပ်ကို ကမ္ဘာ့ဖလားပြခန်းမှာ ပြသထားပါတယ်။