တောင်မော်ဦးရေတပ်ကို အင်အား ၂၀၀ ခန့်ထပ်မံဖြည့်တင်းပြီးနောက် AA နှင့်ဆက်လက်တိုက်ပွဲဖြစ်ပွားနေ
politics||3 MIN READ

တောင်မော်ဦးရေတပ်ကို အင်အား ၂၀၀ ခန့်ထပ်မံဖြည့်တင်းပြီးနောက် AA နှင့်ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

Narinjara
SourceNarinjara
Back to News

AI Summary

ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းအနီး မဒေးကျွန်းအနီးတွင် အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းလိုက်သဖြင့် အာရက္ခတပ်တော်နှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်တပ်က ဒရုန်းပစ်ကူများဖြင့် တိုက်ခိုက်နေပြီး အာရက္ခတပ်တော်ကလည်း တန်ပြန်ထိုးစစ်ဆင်လျက်ရှိသည်။ အဆိုပါ တိုက်ပွဲများကြောင့် အဝတောင်ရွာနှင့် တစ်မိုင်ပတ်ဝန်းကျင်ရှိ ဒေသခံများ ထိခိုက်မှုရှိနိုင်ပြီး စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။ စစ်တပ်သည် အဝတောင်နှင့် တောင်မော်ဦးကြားတွင် ခံစစ်စခန်းသစ်များ တိုးချဲ့တည်ဆောက်နေသည်။ လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန် ထိုးစစ်ဆင်နေကြပြီး အဝတောင်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အဓိကထား တိုက်ခိုက်နေကြသည်။

ထင်ရှားသော ပြောကြားချက်များ

"ဇွန် ၁၀ ရက်နေ့ညနေဖက် အင်အား ၂၀၀ ကျော်ရောက်တယ်။ သူတို့ကို အဝတောင်စခန်းကို ပို့တယ်။ အဲဒီကတဆင့် ထပ်ပြီးလှုပ်ရှားလာတယ်။ AA နဲ့ထပ်ပြီး တိုက်ပွဲ ဖြစ်ကြတယ်။စစ်တပ်က ဒရုန်းပစ်ကူတွေနဲ့တိုက်ခိုက်တယ်။ AA ကလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်တယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်ပါတယ်"

"အခုတိုက်ပွဲက နှစ်ဖက် အပြန်အလှန် ဖြစ်နေကြတာ။ အဝတောင်စခန်းကနေတစ်ဆင့် သူ့ဖက်ကလည်းလှုပ်ရှားတာတွေရှိတယ်။ သူတို့ဖက်ကလည်း ထိုးစစ်။ကိုယ့်ဖက်ကလည်းထိုးစစ်။အဲသလို ဖြစ်နေတာ။ အဝတောင်ရွာစခန်းကို သိမ်းနိုင်မှ တောင်မော်ဦးရေတပ်ကိုထိုးစစ်ဆင်လို့ရမယ်"

"ရခိုင်တောင်ပိုင်းကို ကမ်းတက် စစ်ဆင်ရေးပြုလုပ်မယ်လို့ စစ်လော်ဘီတွေ နှပ်ကြောင်းပေးနေပေမယ့် ကျောက်ဖြူတပ်နယ်မှာ ရှိတဲ့ တ ပ်ရင်းဌာနချုပ်တွေ မကျအောင် အင်အားဖြည့်တင်းပြီး ကျားကန်ထားရဆဲဖြစ်ပါတယ်။"

နိရဉ္စရာ ဇွန် ၁၄ /၂၀၂၆

အာဏာသိမ်း စစ်တပ်သည်  ကျောက်ဖြူမြို့နယ်၊တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းအနီးရှိ တောင်မော်ဦးရေတပ်ဝင်၀ရှိ အ၀တောင်စခန်းတွင် နောက်ထပ် စစ်သား အင်အား ၂၀၀ ခန့်ထပ်ဖြည့်တင်းလာပြီးနောက် အာရက္ခတပ်တော်နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အဏာသိမ်းစစ်တပ်သည်ဒရုန်းပစ်ကူများဖြင့်တိုက်ခိုက်နေပြီး AA ဘက်ကလည်း တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ  နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသတွင်းစစ်ရေး ရင်းမြစ်တစ်ခုက ပြောသည်။

"ဇွန် ၁၀ ရက်နေ့ညနေဖက် အင်အား ၂၀၀ ကျော်ရောက်တယ်။ သူတို့ကို အဝတောင်စခန်းကို ပို့တယ်။ အဲဒီကတဆင့် ထပ်ပြီးလှုပ်ရှားလာတယ်။  AA နဲ့ထပ်ပြီး တိုက်ပွဲ ဖြစ်ကြတယ်။စစ်တပ်က ဒရုန်းပစ်ကူတွေနဲ့တိုက်ခိုက်တယ်။ AA ကလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်တယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်ပါတယ် "ဟု ပြောသည်။

နောက်ဆုံးကာကင်းစခန်းဖြစ်သော အဝတောင်စခန်းသို့ရောက်ရှိလာသော အင်အား ၂၀၀ ခန့်ကိုစစ်ကြောင်းများဖြန့်ခွဲထားပြီးလှုပ်ရှားမှုတချို့ရှိကြောင်း သိရသည်ဟု ၎င်းက ပြောဆိုသည်။

"အခုတိုက်ပွဲက နှစ်ဖက် အပြန်အလှန် ဖြစ်နေကြတာ။ အဝတောင်စခန်းကနေတစ်ဆင့် သူ့ဖက်ကလည်းလှုပ်ရှားတာတွေရှိတယ်။ သူတို့ဖက်ကလည်း ထိုးစစ်။ကိုယ့်ဖက်ကလည်းထိုးစစ်။အဲသလို ဖြစ်နေတာ။  အဝတောင်ရွာစခန်းကို သိမ်းနိုင်မှ တောင်မော်ဦးရေတပ်ကိုထိုးစစ်ဆင်လို့ရမယ် "

ယခုတိုက်ပွဲများသည်အဝတောင်ရွာနှင့်တစ်မိုင်ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေပြီးအဝတောင်ရွာစခန်းမှလက်နက်ကြီး ဒရုန်းပစ်ကူပေးနေသည်ဟုသိရသည်။.

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန်တွင် အဝတောင်နှင့်တောင်မော်ဦးအကြားရှိတောင်ကုန်းများတွင် အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှာကတုတ်ကျင်း၊ဘန်ကာများတူးကာ ခံစစ်စခန်းသစ်တိုးချဲ့ပြုလုပ်နေသည်ဟုသတင်းရရှိသည်။

ဗိုလ်ကြီးဇင်ယော်ရဲ့ ဇွန် ၁၄ ရက် စစ်ရေး သုံးသပ်ချက်တွင် “ ရခိုင်တောင်ပိုင်းကို ကမ်းတက် စစ်ဆင်ရေးပြုလုပ်မယ်လို့ စစ်လော်ဘီတွေ နှပ်ကြောင်းပေးနေပေမယ့် ကျောက်ဖြူတပ်နယ်မှာ ရှိတဲ့ တ ပ်ရင်းဌာနချုပ်တွေ မကျအောင် အင်အားဖြည့်တင်းပြီး ကျားကန်ထားရဆဲဖြစ်ပါတယ်။ တောင်မော်ဦးရေတပ်စခန်း ကို အင်အားဖြည့်တင်းပြီးနောက်မှာတော့ အလီလီ အထိနာပြီး ဆုတ်ခွာခဲ့ရတဲ့ စနဲမြို့ဘက်သို့ ပြန်လည်တိုက်စစ်ဆင်ဖို့ စုဖွဲ့ ရွေ့လျားလာခဲ့တာကို တွေ့ရပါတယ်။ ကျောက်ဖြူစစ်မျက်နှာစာကတော့ အကြမ်းဖက်တပ်ရဲ့ စစ်ကြောင်းတွေ ရမ်းဗြဲမြို့နယ်အစပ်ထိ ကွက်ပြည့်နင်းစိုးမိုးနိုင်ရေး ကြိုးစားနေဆဲ သာဖြစ်ပါတယ် ” ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated
တောင်မော်ဦးရေတပ်ကို အင်အား ၂၀၀ ခန့်ထပ်မံဖြည့်တင်းပြီးနောက် AA နှင့်ဆက်လက်တိုက်ပွဲဖြစ်ပွားနေ | YGN Daily