ကမ္ဘာ့ရွှေဈေး ပြန်အားပျော့လာပြီး ပြည်တွင်းရွှေဈေးအနည်းငယ် ပြန်ကျ

ကမ္ဘာ့ရွှေဈေး ပြန်အားပျော့လာပြီး ပြည်တွင်းရွှေဈေးအနည်းငယ် ပြန်ကျ

DVB
SourceDVB

AI Summary

ကမ္ဘာ့ရွှေဈေး အားပျော့လာမှုကြောင့် ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၁၀၁ သိန်းဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။ မေလ ၂၉ ရက်နေ့က ကျပ် ၁၀၂ သိန်းခွဲဝန်းကျင်အထိ ရောက်ရှိခဲ့ရာမှ တစ်ပတ်အတွင်း ကျပ်တစ်သိန်းကျော် ပြန်ကျလာခြင်းဖြစ်သည်။ အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းနေဆဲဖြစ်၍ ဗဟိုဘဏ်များက အတိုးနှုန်းကို မြင့်မားစွာ ဆက်ထိန်းထားနိုင်မည်ဟူသော မျှော်လင့်ချက်များကြောင့် ကမ္ဘာ့ရွှေဈေးအပေါ် ဖိအားဖြစ်စေခဲ့သည်ဟု ဈေးကွက်လေ့လာသူများက သုံးသပ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၄၃၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ၄,၄၈၀ ဒေါ်လာဝန်းကျင်သို့ အနည်းငယ် ပြန်မာလာသော်လည်း မေလ ၂၉ ရက်နေ့က ဈေးနှုန်းထက် နိမ့်နေဆဲဖြစ်သည်။ ဤဈေးနှုန်းကျဆင်းမှုသည် ပြည်တွင်းရွှေဝယ်ရောင်းသူများအပေါ် သက်ရောက်မှုရှိပြီး ဈေးကွက်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေးတင်းမာမှုများနှင့် ငွေဖောင်းပွမှုအပေါ် စိုးရိမ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးသည် မတည်ငြိမ်ဘဲ ဆက်ရှိနေနိုင်ပြီး ပြည်တွင်းရွှေဈေးမှာလည်း အတက်အကျများ ဆက်ဖြစ်နိုင်ကြောင်း ဈေးကွက်စောင့်ကြည့်သူများက ခန့်မှန်းထားသည်။

Photo: DVB

ကမ္ဘာ့ရွှေဈေး ပြန်လည်အားပျော့လာတာနဲ့အတူ ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးလည်း ပြန်ကျလာပြီး လက်ရှိမှာ တကျပ်သားကို ကျပ် ၁၀၁ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့ချိန်မှာ ပြည်တွင်းအခေါက်ရွှေဈေးက ကျပ် ၁၀၂ သိန်းခွဲဝန်းကျင်အထိ ရောက်ခဲ့ပေမဲ့ အခုတော့ တပတ်အတွင်း ကျပ် ၁ သိန်းကျော် ပြန်ကျလာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဇွန် ၃ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၃၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ၄,၄၈၀ ဒေါ်လာဝန်းကျင်ကို အနည်းငယ် ဈေးပြန်မာလာပါတယ်။

ဒါပေမဲ့ မေ ၂၉ ရက်က ရောက်ခဲ့တဲ့ ၄,၅၂၀ ဒေါ်လာဝန်းကျင်နဲ့ ယှဉ်ရင် နိမ့်နေဆဲ ဖြစ်ပါတယ်။ ဈေးကွက်လေ့လာသူတွေကတော့ အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းနေဆဲ ဖြစ်တာကြောင့် ဗဟိုဘဏ်တွေ အတိုးနှုန်းကို မြင့်မားတဲ့အဆင့်မှာ ဆက်ထိန်းထားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် မြင့်တက်လာပြီး ရွှေဈေးအပေါ်  ဖိအားဖြစ်စေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံရေးတင်းမာမှုတွေ၊ ငွေဖောင်းပွမှုအပေါ် စိုးရိမ်ချက်တွေ ဆက်ရှိနေသေးတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ မတည်ငြိမ်တဲ့ အခြေအနေမှာ ဆက်ရှိနေနိုင်ပြီး ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျတွေ ဆက်ဖြစ်နိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ရွှေဈေး ပြန်အားပျော့လာပြီး ပြည်တွင်းရွှေဈေးအနည်းငယ် ပြန်ကျ | YGN Daily