အထောက်အထားမဲ့ ဘင်္ဂလီစကားပြောသူများအားနှင်ထုတ်နေ၍ အိန္ဒိယနှင့်         ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တင်းမာမှုဖြစ်ပွားလာ
politics||9 MIN READ

အထောက်အထားမဲ့ ဘင်္ဂလီစကားပြောသူများအားနှင်ထုတ်နေ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တင်းမာမှုဖြစ်ပွားလာ

Narinjara
SourceNarinjara

AI Summary

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) သည် အထောက်အထားမဲ့ ဘင်္ဂါလီစကားပြောသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအဓမ္မ တွန်းပို့နေခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်တွင် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အိန္ဒိယဘက်မှ တရားဝင်လုပ်ထုံးလုပ်နည်းများမပါဘဲ လူများကို တွန်းပို့နေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ယင်းလုပ်ရပ်များကို လက်မခံဘဲ ဟန့်တားထားသည်။ ဤဖြစ်စဉ်များကြောင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များမှာ နယ်စပ်ဇုန်များတွင် ပိတ်မိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေသည်။ BGB သည် နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပြီး အိန္ဒိယဘက်သို့ ဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးပေ။ အဆိုပါလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ဆန့်ကျင်နေသဖြင့် နှစ်နိုင်ငံအကြား သံတမန်ရေးရာ တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်သူများက သတိပေးထားသည်။

နိရဉ္စရာ၊ ဇွန်လ ၃/ ၂၀၂၆

အထောက်အထားမဲ့ ဘင်္ဂလီ စကားပြောသူများအား အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ ( BSF)မှဘင်္ဂလားဒေ့ရှ်ဘက်သို့ နှင်ထုတ်နေ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တင်းမာမှု မြင့်တက်လာနေသည်ဟု သိရသည်။

ပြီးခဲ့သည့်တစ်လအတွင်း ဘာသာစကားပြောဆိုသူ ဘင်္ဂါလီလူမျိုးများကို နယ်စပ်ဂိတ်အများအပြားမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်သည်ဟူသော စွပ်စွဲချက်များ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်ဘန်နာပို(Benapole)  နယ်စပ်တွင် လူ (၁၀) ဦး ပါဝင်သည့်အုပ်စုတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းတွန်းထုတ်သည့်ဖြစ်စဉ်အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။

သတင်းများအရ၊ ဇွန်လ (၁) ရက်၊ တနင်္ဂနွေနေ့ ညနှောင်းပိုင်းက Jessore ခရိုင်၊ Sharsha မြို့နယ်၊ ဘန်နာပိုနယ်စပ်ဒေသရှိ ဆူးကြိုးကာရံထားသော ခြံစည်းရိုးဂိတ်တစ်ခုမှတစ်ဆင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး (၁၀) ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်စေရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော်လည်းဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က ဝင်ရောက်စွက်ဖက်ကာ အဆိုပါကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့သည်ဟုဆိုသည်။

ယခုအခါ အဆိုပါအုပ်စုသည် ဘန်နာပိုနယ်စပ်တစ်လျှောက်ရှိ Sadipur ရွာ၊ Bombetola အနီး၊ နယ်စပ်မျဉ်းတွင် ပိတ်မိနေလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB ဘက်မှ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) သို့ ဖြေရှင်းပေးရန်တောင်းဆိုသည့် စာတစ်စောင်ပေးပို့ခဲ့သော်လည်းဇွန်လ (၁) ရက် တနင်္လာနေ့ ညနေပိုင်းအထိ ပြန်လည်တုံ့ပြန်ခြင်းမရှိဟုဆိုသည်။

နိုင်ငံတကာနယ်စပ်တစ်လျှောက်လိုက်နာရမည့် အသိအမှတ်ပြုထားသော စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ ဘင်္ဂါလီစကားပြော လူပုဂ္ဂိုလ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်စေရန် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က(BSF) တွန်းအားပေးသည်ဟူသော စွပ်စွဲချက်များမှာ အသစ်အဆန်းတော့ မဟုတ်ဟုဆိုသည်။

=သို့သော်လည်း တရားမဝင် ဝင်ရောက်စေမှုများ (push-in practices) နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့ (BSF) အပေါ် စွပ်စွဲချက်အသစ်များမှာ ပြီးခဲ့သည့်တစ်လအတွင်း ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

သတ်မှတ်ထားသော စစ်ဆေးရေးဂိတ်များမှတစ်ဆင့် သင့်လျော်သော အတည်ပြုစစ်ဆေးခြင်းနှင့် တရားဝင်လုပ်ထုံးလုပ်နည်းများ မပါရှိဘဲ မည်သူ့ကိုမျှ လက်ခံမည်မဟုတ်ကြောင်းဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့(BGB)မှ ပြောကြားထားသည်။

ရလဒ်အနေဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများသည် နယ်စပ်ဇုန် (zero lines) အများအပြားတွင် ပိတ်မိနေခဲ့ကြသည်ဟုသိရသည်။

Jessore နယ်စပ်  အမှတ် (၄၉) BGB နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဂိုလန်မူဟာမတ် ဆိုင်ဖူးလ် အလန်ခန်က“အိန္ဒိယနယ်ခြားစောင့်တပ်ကနယ်စပ် လမ်းကြောင်းမှတစ်ဆင့် ခေါ်ဆောင်လာသော လူ (၁၀) ဦးမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဇုန် (zero line) တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း”  မီဒီယာများသို့ ပြောကြားရာတွင်ပြောကြားသည်။

ဤကိစ္စကို ဖြေရှင်းရန် BSF ထံသို့ တရားဝင်စာတစ်စောင် ပေးပို့ထားသော်လည်း တနင်္လာနေ့ ညနေပိုင်းအထိ အိန္ဒိယဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“တရားမဝင်ဝင်ရောက်လာသူများ" အဖြစ် သတ်မှတ်ခံရပြီးနောက် ဘာသာစကားပြောဆိုသူ ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းပို့ခဲ့သည်ဟူသော စွပ်စွဲချက်များမှာ နယ်စပ်ဒေသအသီးသီးမှ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း အဆိုပါလအတွင်း လူမည်မျှ တွန်းပို့ခံခဲ့ရသည် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍ BGB (နယ်စပ်စောင့်တပ်) သို့မဟုတ် သက်ဆိုင်ရာ အစိုးရအေဂျင်စီတစ်စုံတစ်ရာမှ စုစည်းထားသော အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့သေးပေ။

ဒေသတွင်း သတင်းရင်းမြစ်များနှင့် BGB ၏ အဆိုအရ အိဒ်ပွဲတော်မတိုင်မီ မေလ ၂၄ ရက်နေ့မှစ၍ အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် ၁၀၀ ကျော်ကို Satkhira ရှိ နယ်စပ်ဂိတ်အမျိုးမျိုးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းပို့ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

သို့သော် ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့BGB ၏ တင်းကျပ်သောရပ်တည်ချက်ကြောင့် ယင်းကြိုးပမ်းမှုများမှာ အောင်မြင်ခဲ့ခြင်းမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းမတိုင်မီ မေလ ၂၇ ရက်နေ့ကလည်း Satkhira ရှိ Kushkhali နယ်စပ်မှတစ်ဆင့် လူ ၂၃ ဦးအား တွန်းပို့ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။

မေလ ပထမပတ်တွင်လည်း မော်လဝီဘာဇားခရိုင်၊ Kulaura မြို့နယ်ရှိ Murichhara နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူ ၁၀ ဦးအား တွန်းပို့ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုအချိန်ခန့်တွင်ပင် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည်ဟု သံသယရှိသဖြင့် Dhola နယ်စပ်ဒေသနှင့် အနီးတစ်ဝိုက်တွင် လူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မေလနှောင်းပိုင်းတွင် BGB သည် Chuadanga ရှိ Darshana နယ်စပ်တွင် ဖြစ်ပွားခဲ့သော တွန်းပို့ရန် ကြိုးပမ်းမှုတစ်ခုအတွင်း လူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ အလားတူ ဖြစ်ရပ်များကို Meherpur, Jessore, Panchagarh, Lalmonirhat နှင့် Kurigram စသည့် နယ်စပ်ဒေသများတွင်လည်း အစီရင်ခံတင်ပြခဲ့ကြသည်။

နယ်စပ်လုံခြုံရေး တင်းကျပ်ထားမှု

နိုင်ငံတွင်းသို့ တရားမဝင် တွန်းပို့မှုများ တိုးလာသည်ဆိုသော စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့BGB သည် နယ်စပ်ဒေသများတစ်လျှောက် ကင်းလှည့်မှုနှင့် စောင့်ကြည့်မှုများကို တင်းကျပ်ထားသည်။

အင်အားဖြည့်တင်းခြင်း၊ ထောက်လှမ်းရေး လုပ်ငန်းများ တိုးမြှင့်ခြင်းနှင့် နယ်စပ်ဒေသနေ လူထုများကို စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိသည်။

BGB ရုံးချုပ်၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (DDG) နှင့် တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Abu Hasnat Mohammad Mahmud Azam ကBangla Tribuneသို့ ပြောကြားရာတွင် “နယ်စပ်မှတစ်ဆင့် နိုင်ငံတွင်းသို့ တရားမဝင် တွန်းပို့ခံရသူ မည်သူ့ကိုမဆို BGB က လက်ခံမည်မဟုတ်ပါ။ အကယ်၍ မည်သူမဆို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်ကြောင်း ပြောဆိုလာပါက နိုင်ငံတကာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်ထားသော စစ်ဆေးရေးဂိတ်များမှတစ်ဆင့် အထောက်အထား စိစစ်ပြီးနောက် လိုအပ်သော အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် နယ်စပ်တစ်လျှောက် ဖြစ်ပေါ်လာနိုင်သည့် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန် BGB သည် အသင့်အနေအထားရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အိန္ဒိယမှအထောက်အထားမဲ့ တရားမဝင် နေထိုင်သူများအား ဘင်္ဂလားဒေ့ရှ်သို့ တွန်းပို့မှု ဖြစ်စဉ်များ မြင့်တက်လာခြင်းကြောင့် အီဒ် (Eid) ပွဲတော်ကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်အများအပြားအတွက် ခွင့်များကိုလည်း BGB က ကန့်သတ်ထားခဲ့သည်။

လူ့အခွင့်အရေးနှင့် သံတမန်ရေးရာ စိုးရိမ်မှုများ

အိန္ဒိယနိုင်ငံဘက်မှ ဘာသာစကားပြောဆိုသူများကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” သို့မဟုတ် “ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ” ဟု သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းပို့သည့် စွပ်စွဲခံရသော လုပ်ရပ်သည် အထူးအဆန်း မဟုတ်တော့ပေ။

သို့သော်လည်း ဤကဲ့သို့သော ဖြစ်ရပ်များ အကြိမ်ရေများပြားလာပြီး ပထဝီဝင်အရ ကျယ်ပြန့်လာမှုသည် ဤကိစ္စရပ်အပေါ် အာရုံစိုက်မှုအသစ်များ ဖြစ်ပေါ်စေခဲ့သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် နယ်စပ်ရေးရာ လေ့လာသုံးသပ်သူများက နိုင်ငံသားဖြစ်မှုကို စိစစ်ခြင်းမပြုဘဲ နယ်စပ်ဖြတ်ကျော် တွန်းပို့ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး သဘောတရားများနှင့် ချမှတ်ထားသော နေရပ်ပြန်ပို့ရေး လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်နေကြောင်း ပြောဆိုကြသည်။

ဤလုပ်ရပ်များသည် နယ်စပ်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိအားများကို ဖန်တီးပေးနိုင်သည့်အပြင် နှစ်နိုင်ငံအကြား သံတမန်ရေးရာ ဆက်ဆံရေးကိုပါ တင်းမာစေနိုင်ကြောင်း ၎င်းတို့က သတိပေးထားသည်။

ဇွန်လ ၃ ရက်နေ့က Dhaka Tribune ပါ “Border tension rises again over alleged push-ins from India; BGB takes firm stance” ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဆက်စပ်သတင်းများ

AI Curated
အထောက်အထားမဲ့ ဘင်္ဂလီစကားပြောသူများအားနှင်ထုတ်နေ၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တင်းမာမှုဖြစ်ပွားလာ | YGN Daily