ဥရောပနိုင်ငံအချို့မှာ လူသေဆုံးသည်အထိ စံချိန်တင် အပူလှိုင်း ကျရောက်နေ
general||2 MIN READ

ဥရောပနိုင်ငံအချို့မှာ လူသေဆုံးသည်အထိ စံချိန်တင် အပူလှိုင်း ကျရောက်နေ

AI Summary

ဥရောပအနောက်ပိုင်းနိုင်ငံများတွင် နွေဦးရာသီမကုန်မီကပင် စံချိန်တင်အပူချိန်များ ဖြစ်ပေါ်နေပြီး ပြင်သစ်နိုင်ငံ၌ အပူဒဏ်ကြောင့် လူ ၇ ဦး သေဆုံးခဲ့သည်။ ဗြိတိန်နိုင်ငံ လန်ဒန်အနီးတွင်လည်း အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ရာ မေလ၏ အပူဆုံးစံချိန်သစ် တင်ခဲ့သည်။ ယခုကဲ့သို့ အပူချိန်မြင့်တက်ရခြင်းမှာ အာဖရိကမြောက်ပိုင်းမှ တိုက်ခတ်လာပြီး ဥရောပအနောက်ပိုင်း လေဖိအားမြင့်ရပ်ဝန်းအောက် ပိတ်မိနေသည့် Heat Dome ခေါ် လေပူလှိုင်းကြောင့် ဖြစ်သည်။ ဤအပူလှိုင်းသည် တစ်ပတ်ခန့် ကြာမြင့်နိုင်ပြီး အချို့နေရာများတွင် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း ပြင်သစ်မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဗြိတိန်နိုင်ငံရှိ အိမ်အများစုမှာ အပူဒဏ်ခံနိုင်ရန် ဆောက်လုပ်ထားခြင်းမရှိ၍ လေအေးပေးစက်၊ အရိပ်ရပစ္စည်းများ၊ ရေခဲတုံး၊ နေရောင်ခံလိမ်းဆေးနှင့် လျှပ်စစ်ပန်ကာတို့၏ ရောင်းအား သိသိသာသာ မြင့်တက်နေသည်။ လက်ရှိတွင် ဗြိတိန်ရှိ အိမ်ခြေ ၄ သန်းခန့်တွင် လေအေးပေးစက်များ တပ်ဆင်ထားပြီး ၎င်းတပ်ဆင်မှုမှာ ပြီးခဲ့သည့် ၃ နှစ်အတွင်း နှစ်ဆတိုးလာခဲ့သည်။

ဥရောပအနောက်ပိုင်း နိုင်ငံတွေမှာ လက်ရှိ နွေဦးရာသီ မကုန်သေးခင်ကတည်းက စံချိန်တင် အပူချိန်တွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုအချို့ ရှိနေပါတယ်။

ပြင်သစ်နိုင်ငံမှာဆိုရင် အပူဒဏ်ကြောင့် မေလ ၂၆ ရက်အထိ သေဆုံးသူ ၇ ဦးအထိ ရှိသွားပါပြီ။

ဒီအပူလှိုင်းက တစ်ပတ်လုံး   ကြာနိုင်ပြီး တချို့နေရာတွေမှာ အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်အထိတောင် ရှိလာနိုင်တယ်လို့ ပြင်သစ်မိုးလေဝသဌာနက  ခန့်မှန်းထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့  မြို့တော်လန်ဒန်အနီးနားမှာလည်း အပူချိန်ဟာ ၃၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့လို့ မေလရဲ့ အပူဆုံး စံချိန်သစ် ဖြစ်သွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက အိမ်တော်တော်များများဟာ အပူချိန်ပြင်းထန်တဲ့ ရာသီဥတုအတွက် အဆင်ပြေအောင် ဆောက်ထားတာမဟုတ်တဲ့အတွက် အခုအခါမှာ လေအေးပေးစက်တွေနဲ့ အိမ်

အပြင်ဘက်မှာ အရိပ်ရစေမယ့် ပစ္စည်းတွေ အဝယ်လိုက်နေတယ်လို့ အရောင်းဆိုင်တွေက ပြောပါတယ်။

ဗြိတိန်က     Tesco စူပါမားကတ်ရဲ့ ပြောပြချက်အရ အပူလှိုင်းမဖြတ်ခင် ပြီးခဲ့တဲ့ တပတ်နဲ့စာရင် အခုရက်ပိုင်း ရေခဲတုံးရောင်းအားက ၃ ဆ တက်လာပြီး နေရောင်ခံလိမ်းတဲ့ Sunscreen ရောင်းအားဟာလည်း ၆ ဆနီးပါးအထိ တက်လာတယ်လို့ ဆိုပါတယ်။  လျှပ်စစ်ပန်ကာတွေဆိုရင်  တစ်မိနစ်ကို ၃ လုံးနှုန်းနဲ့ ရောင်းနေရပြီး ပုံမှန်ထက် အဆ ၃၀ မက ပိုရောင်းလာရတယ်လို့ သိရပါတယ်။

အခုအခါ ဗြိတိန်က အိမ်ခြေ ၄ သန်းလောက်မှာ လေအေးပေးစက် (Air con) တပ်ဆင်ထားကြတာကြောင့်   လေအေးပေးစက် တပ်ဆင်မှုဟာလည်း ပြီးခဲ့တဲ့ ၃ နှစ်ကထက် ၂ ဆ တိုးလာပါတယ်။

ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီနဲ့ အိုင်ယာလန်နိုင်ငံတွေမှာ ဒီလို စံချိန်တင် အပူချိန်တွေ မြင့်တက်ရတဲ့ အကြောင်းကတော့ အာဖရိကမြောက်ပိုင်းကနေ တိုက်ခတ်လာပြီး ဥရောပအနောက်ပိုင်းက လေဖိအားမြင့် ရပ်ဝန်းအောက်မှာ   ပိတ်မိသွားတဲ့ Heat Dome လို့ခေါ်တဲ့ လေပူလှိုင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဥရောပနိုင်ငံအချို့မှာ လူသေဆုံးသည်အထိ စံချိန်တင် အပူလှိုင်း ကျရောက်နေ | YGN Daily