အာဏာသိမ်းစစ်တပ်က ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာများကို ကျောက်ဖြူစစ်မျက်နှာသို့ ဖြန့်ကျက်လာ
general||3 MIN READ

အာဏာသိမ်းစစ်တပ်က ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာများကို ကျောက်ဖြူစစ်မျက်နှာသို့ ဖြန့်ကျက်လာ

Narinjara
SourceNarinjara

AI Summary

ကျောက်ဖြူစစ်မျက်နှာတွင် အာဏာသိမ်းစစ်တပ်က ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာများ ဖြန့်ကျက်ထားကြောင်း သတင်းရရှိသည်။ မိုးရာသီတွင် လေယာဉ်များအစား အဆိုပါယာဉ်များကို အသုံးပြုရန် စီစဉ်နေခြင်းဖြစ်နိုင်သည်။ နှစ်ဖက်စလုံး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

နိရဉ္စရာ မေ ၂၈/ ၂၀၂၆

အာဏာသိမ်းစစ်တပ်သည် ပါရာမော်တာ(Paramotor) နှင့် ဂျိုင်ရိုကော့ပတာ (Gyrocopter) များကိုကျောက်ဖြူစစ်မျက်နှာသို့ ဖြန့်ကျက်ချထားမှုများရှိနေကြောင်း သတင်းရရှိသည်။

အနည်းဆုံး ပါရာမော်တာ ၁၀ စီးခန့်နှင့် ဂျိုင်ရိုကော့ပတာ ၅ စီးခန့်တို့ကို ဓည၀တီရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ကျောက်ဖြူအနီးရှိ စစ်တပ်တပ်ရင်းအချို့တွင် ဖြန့်ကျက်ချထားသည်ဟု သိရသည်။ မေလ၂၅ ရက်နေ့က အဆိုပါ  ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာများကို ကျောက်ဖြူလေယာဉ်ကွင်းတွင်စစ်သားအများအပြား လုံခြုံရေးယူကာ လာရောက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ ကျောက်ဖြူမှာပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာတွေရောက်လာတာမှန်ပါတယ်။ကျောက်ဖြူ စစ်မျက်နှာလည်း ကျယ်ပြန့်လာတော့ သူတို့ အသုံးတည့်မလားစမ်းကြည့်မယ့် သဘောထင်ပါတယ်။ ရခိုင် မိုးရာသီကကြမ်းတော့ လေယာဉ်တွေမလာနိုင်တဲ့အချိန် ပါရာမော်တာနဲ့ဂျိုင်ရိုကော့ပတာတွေကို သုံးမယ့်အနေအထားမျိုးလို့ တွက်ဆလိုရနိုင်ပါတယ်”ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲသည် အာရက္ခတပ်တော်နှင့် မြန်မာ အာဏာသိမ်းစစ်တပ်တို့၏ အရေးကြီးသော စစ်မျက်နှာဖြစ်ပြီး မိုးတွင်းကာလအတွက် နှစ်ဖက်စလုံးအနေဖြင့် စစ်ရေး ပြင်ဆင်မှုများကို ပိုမိုပြုလုပ်လာသည်ဟု သိရသည်။

လက်ရှိတိုက်ပွဲများမှာလည်း ယခင်ဖြစ်ပွားနေသည့် မင်းပြင်၊သိုင်းချောင်းအပြင်တောင်မော်ကြီးရေတပ်စခန်းအနီးထိစစ်ဘောင်ကျယ်ပြန့်လာပြီးတိုက်ပွဲများမှာလည်း အပြင်းအထန်ဖြစ်နေသည်ဟု သိရသည်။

လက်ရှိ  နှစ်ဖက်ဖြစ်ပွားနေသောတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်မှ ခမရ ၅၄၃၊ခမရ ၅၄၂ ၊ခလရ ၃၄၊ သစ်ပုတ်တောင်အခြေစိုက် ဓည၀တီရေတပ်ဌာနချုပ်၊တောင်မော်ကြီးရေတပ်စခန်း၊အမှတ် ၃၂ ရဲတပ်ရင်းပါမကျန် ဝင်ရောက်တိုက်ခိုက်နေရပြီးတိုက်ပွဲလည်းပြင်းထန်နေကြောင်း သိရသည်။

၎င်းပြင်မာန်အောင်ကျွန်းမှ တဆင့် ကျောက်ဖြူသို့ စစ်ကူအင်အားများထပ်ဖြည့်နေပြီး ယမန်နေ့ကလည်းမာန်အောင်ကတစ်ဆင့် စစ်သားအင်အား ၂၀၀ ခန့်ကို ရေကြောင်းကနေ ပို့ဆောင်အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated
အာဏာသိမ်းစစ်တပ်က ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပတာများကို ကျောက်ဖြူစစ်မျက်နှာသို့ ဖြန့်ကျက်လာ | YGN Daily