ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ဗန်ကူးဗား (ဓာတ်ပုံ)

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ဗန်ကူးဗား (ဓာတ်ပုံ)

DVB
SourceDVB

AI Summary

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပမည့် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့သည် ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ပြီး အငွေ့အသက်များကို စတင်ခံစားနေရသည်။ မြို့လယ်ရှိ Science World အဆောက်အအုံကို ဧရာမဘောလုံးကြီးအသွင် ပြောင်းလဲထားရာ ပြည်တွင်းပြည်ပမှ လာရောက်သူများဖြင့် စည်ကားနေသည်။ ဘောလုံးပွဲကျင်းပမည့် BC Place အားကစားကွင်းအနီးတစ်ဝိုက်နှင့် မြို့အနှံ့အပြားတွင် ကမ္ဘာ့ဖလားကြော်ငြာများ၊ ဆိုင်းဘုတ်များ၊ အမှတ်တရပစ္စည်းဆိုင်များနှင့် လုံခြုံရေးပြင်ဆင်မှုများဖြင့် စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရသည်။ ပရိသတ် ၅၄,၀၀၀ ကျော်ဆံ့သည့် BC Place အားကစားကွင်းတွင် အိမ်ရှင်ကနေဒါအပါအဝင် ကာတာ၊ အီဂျစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ ဩစတြေးလျနှင့် နယူးဇီလန်အသင်းများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကနေဒါ၊ အမေရိကန်နှင့် မက္ကဆီကို ၃ နိုင်ငံ ပူးတွဲကျင်းပမည်ဖြစ်ပြီး ကနေဒါတွင် ဗန်ကူးဗားနှင့် တိုရွန်တိုမြို့တို့က လက်ခံကျင်းပမည်ဖြစ်သည်။

Photo: Peter Aung-DVB

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ မြို့တမြို့ဖြစ်တဲ့ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ဟာ ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သလို ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲကြီးရဲ့ အငွေ့အသက်တွေကို အခုကတည်းက စတင်ခံစားနေရပြီ ဖြစ်ပါတယ်။

တောင်တန်းတွေ၊ ရေပြင်တွေနဲ့အတူ လှပတဲ့  ဗန်ကူးဗားမြို့လယ်က အထင်ကရ Science World အဆောက်အအုံကို ဧရာမ ဘောလုံးကြီးတလုံးအသွင် ပြောင်းလဲဖန်တီးထားတဲ့အတွက် ပြည်တွင်း ပြည်ပက လာရောက်ကြည့်ရှုသူတွေ အမှတ်တရ ဓာတ်ပုံရိုက်သူတွေနဲ့ စည်းကားနေပါတယ်။

ဘောလုံးပွဲကျင်းပမဲ့ BC Place အားကစားကွင်းကြီးရဲ့ အနီးပတ်ဝန်းကျင်က မြို့တွင်းလမ်းမတွေနဲ့ နေရာအနှံ့အပြားမှာ ကမ္ဘာ့ဖလားကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ မြင်တွေ့ရပါတယ်။

ပရိသတ် ၅၄,၀၀၀ ကျော်ဆံ့တဲ့  BC Place အားကစားကွင်းကြီးမှာ  အိမ်ရှင် ကနေဒါအပါအဝင် ကာတာ၊ အီဂျစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ ဩစတြေးလျနဲ့ နယူးဇီလန် အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိုတော့ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက် အထိ ကနေဒါ၊ အမေရိကန်နဲ့ မက္ကစီကို နိုင်ငံ ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်ပြီး ကနေဒါမှာတော့ ဗန်ကူးဗားမြို့နဲ့ တိုရွန်တိုမြို့  ၂ မြို့မှာသာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated