
AI Summary
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) က ရွှေကူမြို့အဝင်လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းကို ရက်အကန့်သတ်မရှိ သွားလာခွင့်ပိတ်ပင်လိုက်သည်။ KIA က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုရန် ညွှန်ကြားထားသည်။ တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။ မြေပြင်တွင် စစ်အာဏာရှင်တပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲမျာr နေ့စဉ်ဖြစ်ပွားနေသည်။ ရွှေကူဒေသခံတစ်ဦးက ထုတ်ပြန်ချက်ထွက်သည့်ညနေအထိ သွားလာမှုပုံမှန်ရှိသေးကြောင်း ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) က ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းကို ရက်အကန့်သတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ပြီး မြို့နေပြည်သူတွေကိုလည်း တိမ်းရှောင်ကြဖို့ သတိပေးလိုက်ပါတယ်။
KIA က ဒီကနေ့ ဇွန်လ ၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုပဲ အသုံးပြုဖို့ ရေးသားထားပါတယ်။
ဒါကြောင့် ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို သွားလာသူတွေနဲ့ မြို့ထဲမှာ ဆက်လက် နေထိုင်သူတွေအတွက် နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသေးစိတ်မသိထားရပေမဲ့ “အဲဒီနေရာတကြောလုံးမှာ တိုက်ပွဲကပြင်းထန်နေတဲ့ နေရာဒေသဖြစ်နေလို့ ပြည်သူလူထုရဲ့လုံခြုံရေးကို ရှေးရှုပြီးမှ အဲဒီထုတ်ပြန်ကြေညာချက် ထုတ်တာ ဖြစ်နိုင်ပါတယ်“ လို့ DVB ကို ဖြေဆိုပါတယ်။
ဒါပေမဲ့ ထုတ်ပြန်ချက်ထွက်တဲ့ ဇွန် ၈ ရက်နေ့ ညနေပိုင်းအထိ ပုံမှန်အတိုင်း သွားလာနေတုန်းပဲလို့ သတ်လတ်ပိုင်းအရွယ် ရွှေကူ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့လည်း စောင့်ကြည့်နေတာ၊ တကယ်လားပေါ့။ တကယ်ဆိုရင်တော့ မနက်ဖြန်ထွက်ကြဖို့ တိုင်ပင်ထားကြတယ်။”
မြေပြင်စစ်ရေးအခြေအနေအရလည်း စစ်အာဏာရှင်တပ်တွေက ငအိုးဘက်ကနေတဆင့် ရွှေကူမြို့နယ်ထဲကို စစ်ကြောင်း ထိုးနေတာကြောင့် ရွှေကူမြို့ပြင်မှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။