ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု သေဆုံးဒဏ်ရာရခဲ့သည့်စာရင်း TNLA ထုတ်ပြန်
society||2 MIN READ

ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု သေဆုံးဒဏ်ရာရခဲ့သည့်စာရင်း TNLA ထုတ်ပြန်

DVB
SourceDVB
Back to News

AI Summary

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက်နေ့က ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၁၁၂ ဦး ရှိခဲ့သည်။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကမူ ကလေးငယ်များအပါအဝင် စုစုပေါင်း ၅၅ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း DVB ကို ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ ကယ်ဆယ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဆေးဝါး၊ အစားအသောက်နှင့် အဝတ်အထည်များ အပါအဝင် အခမဲ့ ကုသစောင့်ရှောက်မှုများကို PSLF/TNLA နှင့် ကျန်းမာရေးဝန်ထမ်းများက ပံ့ပိုးပေးနေသည်။ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများကမူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

Photo : DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁၂ ယောက်ရှိတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီနေ့ ည ထုတ်ပြန်ပါတယ်။

ကောင်းတပ်ကျေးရွာမှာ မေ ၃၁ ရက်က ယမ်းသိုလှောင်ရုံတခု အပြင်းအထန် မီးလောင်ပေါက်ကွဲခဲ့တာကြောင့် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။

အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ စာရင်းဟာ  ဇွန် ၁ ရက်နေ့ ဒီနေ့ ည ၇ နာရီအထိ ရရှိထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးနဲ့ စာရင်းကောက်ယူရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် ဆေးဝါးတွေကို လုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း အချိန်နှင့်တပြေးညီ အခမဲ့ ကုသစောင့်ရှောက်ပေးနေကာ အစားအသောက်နဲ့ အဝတ်အထည်တွေကိုလည်း ဖြည့်ဆည်းပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PSLF/TNLA အနေနဲ့ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကတော့  ဒီပေါက်ကွဲမှုဖြစ်စဉ်မှာ ကလေးငယ်တွေ အပါအဝင် အမျိုးသား ၃၀၊ အမျိုးသမီး ၂၅ ယောက် စုစုပေါင်း ၅၅ ယောက် သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ DVB ကို ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှု သေဆုံးဒဏ်ရာရခဲ့သည့်စာရင်း TNLA ထုတ်ပြန် | YGN Daily