
AI Summary
ရခိုင်ပြည်နယ်အတွင်း မိုးတွင်းကာလ၌ ခရီးသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ကုန်းလမ်းနှင့် ရေလမ်းသွားလာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ထုတ်ပြန်လိုက်သည်။ မိုးရာသီတွင် လမ်းချော်ခြင်းနှင့် ရေလမ်းခရီး အန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်လာခြင်းဖြစ်သည်။ အဆိုပါသတိပေးချက်များကို ULA လက်အောက်ရှိ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနက ဦးဆောင်၍ ပြည်သူများထံ လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။ ဤလုပ်ဆောင်ချက်သည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန်နှင့် ယာဉ်မတော်တဆမှုများကို လျှော့ချရန် ရည်ရွယ်သည်။ လက်ရှိတွင် မြို့နယ်အသီးသီးရှိ ဈေးများ၊ ကားဂိတ်များနှင့် စက်လှေဆိပ်များတွင် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီဖြစ်သည်။
ရခိုင်ပြည်တွင် မိုးတွင်းကာလအတွင်း ကုန်းလမ်း၊ ရေလမ်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးချက်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်ဟု သိရသည်။ အဆိုပါသတိပေးချက်များပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ULA ကဦးဆောင်၍ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)အပါအဝင် ဌာနဆိုင်ရာများက ခရိုင်၊ မြို့နယ်၊ ဒေသအလိုက် လူစည်ကားသည့် ဈေးများ၊ ကားဂိတ်များ၊ စက်လှေဆိပ်များနှင့် ကားလမ်းမကြီးများတွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ကုန်းလမ်းခရီး သွားလာရာတွင် လိုက်နာရမည့်အချက် ကိုးချက်နှင့် ရှောင်ကြဉ်ရမည့်အချက် ရှစ်ချက်ပါဝင်သည်ဟု သိရသည်။ အလားတူ ရေလမ်းခရီးသွားလာရာတွင်လည်း လိုက်နာရမည့်အချက် ငါးချက်နှင့် ရှောင်ကြဉ်ရမည့်အချက် ငါးချက်တို့ပါဝင်သည်ဟု သိရသည်။ မိုးတွင်းကာလ ကုန်းလမ်းခရီးသွားလာရာ၌ လိုက်နာ ဆောင်ရွက်ရမည့် အချက် (၉) ချက်မှာ - ၁။ ယာဉ်မမောင်းနှင်မီ မီး၊ ဘရိတ်၊ ဝိုင်ပါ (Wiper)၊ တာယာနှင့် မီးလုံးများကို စစ်ဆေးရန်၊ ၂။ မိုးသည်းထန်စွာရွာနေလျှင် ရှေ့မီးကြီး(Headlights) ဖွင်၍ မောင်းရန်၊ ၃။ လမ်းချော်နိုင်၍ အရှိန်လျှော့ မောင်းရန်၊ ၄။ ဘယ်/ညာ/ရှေ့/ နောက် ကြည့်ပြီး လုံခြုံသော အကွာအဝေးထား၍ မောင်းရန်၊ ၅။ ကားအတွင်းသို့ရောက်ပါက ထိုင်ခုံခါးပတ်ကို အမြဲတမ်း တပ်ဆင်ထားရန်၊ ၆။ ဆိုင်ကယ်စီးသူများ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ရန်၊ ၇။ လမ်းဆုံ/လမ်းကွေ့များ ရေကျော်နေသောနေရာများ၌ အထူးသတိထား မောင်းရန်၊ ၈။ ယာဉ်မောင်းနေစဉ် အာရုံစိုက်၍ လမ်းအခြေအနေကို အမြဲတမ်းစောင့်ကြည့်ရန်၊ ၉။ ခရီးဝေးသွားပါက ရှေးဦးသူနာပြုအကူပစ္စည်းများကို အဆင်သင့်ယူဆောင်သွားရန်တို့ဖြစ်သည်။

ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၆/၂ဝ၂၆