နယူးဒေလီဟိုတယ်မီးလောင်မှု၌ လူ ၂၁ ဦး ထက်မနည်း သေဆုံး
နိုင်ငံတကာ||2 MIN READ

နယူးဒေလီဟိုတယ်မီးလောင်မှု၌ လူ ၂၁ ဦး ထက်မနည်း သေဆုံး

DVB
SourceDVB

AI Summary

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မီကာဆာအင်းဟိုတယ်တွင် ဇွန် ၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၁၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြသည်။ မီးလောင်မှုကြောင့် အခြားလူ ၄၀ ကျော်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ မီးသည် ဟိုတယ်၏ မြေညီထပ်မှ စတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်များသို့ လျင်မြန်စွာ ကူးစက်ခဲ့သည်။ မီးလောင်ရသည့် တိကျသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ အဆိုပါဟိုတယ်သည် လိုင်စင်အရ အခန်း ၆ ခန်းသာ ဖွင့်လှစ်ခွင့်ရှိသော်လည်း မီးလောင်ချိန်တွင် အခန်း ၂၅ ခန်း ဖွင့်လှစ်ထားကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ ဟိုတယ်ဧည့်သည်အများစုမှာ ဆေးကုသမှုခံယူနေသူများ သို့မဟုတ် ဆေးရုံတက်လူနာများကို ပြုစုစောင့်ရှောက်သူများဖြစ်ကြောင်း သိရသည်။

Photo:Reuters

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဟိုတယ်ခုမှာ ဇွန် ၃ ရက်က မီးလောင်မှုကြောင့် လူ ၂၁ ယောက် သေဆုံးခဲ့ပြီး သူတို့ထဲက ၁၈ ယောက်က နိုင်ငံခြားသားတွေဖြစ်ကြကာ တခြားသူ အယောက် ၄၀ ကျော်ကို ဆေးကုပေးဖို့ ဆေးရုံတွေဆီ ပို့ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

မာလ်ဗီယာ နာဂါဒေသက မီကာဆာအင်းဟိုတယ်မှာ မီးက မြေညီထပ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်တွေဆီ အမြန် ပျံ့နှံ့သွားခဲ့တာပါ။

မီးလောင်ရတဲ့ တိကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။ ဟိုတယ်ဟာ နယူးဒေလီမြို့တော်ရဲ့ ထိပ်တန်းဆေးရုံတွေထဲက တခုနဲ့ နီးကပ်ပြီး ဟိုတယ်က ဧည့်သည်အများစုဟာ ဆေးကု ခံနေသူတွေ ဒါမှမဟုတ် ဆေးရုံတက် ကုသခံနေတဲ့ လူနာတွေကို ပြုစုစောင့်ရှောက် ပေးသူတွေလို့  သတင်းရင်းမြစ်တွေက ပြောပါတယ်။

လိုင်စင်အရ အဆိုပါဟိုတယ်မှာ အခန်း ၆ ခန်းသာ ဖွင့်လှစ်ခွင့်ရှိပြီး မီးလောင်ချိန်မှာ အခန်း ၂၅ ခန်း ဖွင့်လှစ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source:Reuters

ဆက်စပ်သတင်းများ

AI Curated
နယူးဒေလီဟိုတယ်မီးလောင်မှု၌ လူ ၂၁ ဦး ထက်မနည်း သေဆုံး | YGN Daily