ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်နိုင်ရေး စစ်အုပ်စု၊ AA နှစ်ဖွဲ့စလုံးနှင့် ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ် ပြော
politics||4 MIN READ

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်နိုင်ရေး စစ်အုပ်စု၊ AA နှစ်ဖွဲ့စလုံးနှင့် ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ် ပြော

DVB
SourceDVB
Back to News

AI Summary

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာစစ်အာဏာရှင်နှင့် အာရက္ခတပ်တော်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခနှင့် စစ်ပွဲများကြောင့် လုံခြုံရေးအခြေအနေမှာ အဓိကစိန်ခေါ်မှုဖြစ်နေပြီး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ရှုပ်ထွေးသော နိုင်ငံတကာပြဿနာတစ်ရပ် ဖြစ်လာသည်။ ဤအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အလှူငွေနည်းပါးလာခြင်းနှင့် စခန်းတွင်းပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသဖြင့် နေရပ်ပြန်ပို့ရေးကို အမြန်ဆုံးဆောင်ရွက်ရန် ကြိုးပမ်းနေသည်။ လက်ရှိတွင် နေရပ်ပြန်ပို့ရေးပြင်ဆင်မှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း တိကျသောအချိန်ကာလကိုမူ မသတ်မှတ်နိုင်သေးပေ။

ထင်ရှားသော ပြောကြားချက်များ

"ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခနဲ့ စစ်ပွဲတွေဟာ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် နိုင်ငံတကာဥပဒေအရ နေရပ်ပြန်ပို့ရေးကို အတင်းအကျပ် ဆောင်ရွက်လို့ မရသလို မလုံခြုံတဲ့ အခြေအနေတွေအောက်မှာလည်း လုပ်ဆောင်လို့ မရပါဘူး။ ဒါပေမဲ့ ကျနော်တို့အစိုးရက တည်ငြိမ်မှု ဖန်တီးနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ အရေးကြီးလာတယ်လို့ ယုံကြည်တာ ကြောင့် အဲဒီရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်။"

Photo:Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်နဲ့ရော အာရက္ခတပ်တော်(AA)နဲ့ပါ  ၂ ဖွဲ့စလုံးနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က ဇွန် ၁၇ ရက် ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ရခိုင်ပြည်နယ် လုံခြုံရေး အခြေအနေတွေအပေါ်မှာ အဓိက မူတည်နေတယ်လို့လည်း ဒေါက်တာခါလီလာ ရာမန်က ပြောပါတယ်။

လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေး ကိစ္စမှာ ရှုပ်ထွေးပြီး ထိခိုက်လွယ်တဲ့ ကဏ္ဍစုံ ပါဝင်တဲ့ နိုင်ငံတကာ ပြဿနာတရပ်ဖြစ်တယ်လို့လည်း စစ်တကောင်း လွှတ်တော်အမတ် ရှာဂျဟန်ချော်ဒရီရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာခါလီလာ ရာမန်က  ပြောကြား ခဲ့တာပါ။

“ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခနဲ့ စစ်ပွဲတွေဟာ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် နိုင်ငံတကာဥပဒေအရ နေရပ်ပြန်ပို့ရေးကို အတင်းအကျပ် ဆောင်ရွက်လို့ မရသလို မလုံခြုံတဲ့ အခြေအနေတွေအောက်မှာလည်း လုပ်ဆောင်လို့ မရပါဘူး။ ဒါပေမဲ့ ကျနော်တို့အစိုးရက တည်ငြိမ်မှု ဖန်တီးနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ အရေးကြီးလာတယ်လို့ ယုံကြည်တာ ကြောင့် အဲဒီရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်။”

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပြဿနာဖြေရှေးရေး တိုးတက်မှုဟာ ရခိုင်ပြည်နယ် လုံခြုံရေး၊ နိုင်ငံတကာ ဖိအားပေးမှုနဲ့ မြန်မာဘက်က အာဏာပိုင်တွေရဲ့ သဘောထားတွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေဟာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အချိန်အတိအကျကို မပြောနိုင်သေးပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် နေရပ်ပြန်ပို့နိုင်ဖို့ကို အမြဲတမ်း လုပ်ဆောင် နေတယ်လို့လည်း ထပ်လောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံ နေကြတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ြ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို လူဦးရေ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရလို့ ပိုများလာတာဖြစ်ပြီး လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူ လူဦးရေ ၁ ဒသမ ၁ သန်းကျော်အထိ ရှိလာနေပြီလို့ UNHCR ရဲ့ စာရင်းတွေ အရ သိရပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အလှူငွေရရှိမှု နည်းပါးလာတာ၊ ဒုက္ခသည် စခန်းတွေအတွင်း ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် ဝန်လေးဝန်ထုတ်ဖြစ်လာတဲ့အတွက် သူတို့တွေ နေရပ်ပြန်နိုင်ဖို့ မြန်မာနဲ့ ရခိုင်ပြည်ဖက်က အာဏာပိုင်တွေနဲ့ တွေဆုံ ဆွေးနွေးမှုတွေကို ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source: The Daily Star

ဆက်စပ်သတင်းများ

AI Curated