အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံ လှည့်လည်

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံ လှည့်လည်

DVB
SourceDVB

AI Summary

အာဆင်နယ်အသင်းသည် ၂၂ နှစ်ကြာမှ ပြန်လည်ဆွတ်ခူးနိုင်ခဲ့သော ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လန်ဒန်မြို့ လမ်းမများပေါ်တွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံ လှည့်လည်ခဲ့သည်။ ထိုအောင်ပွဲခံပွဲသို့ ပရိသတ် ၅ သိန်းကျော် လာရောက်အားပေးခဲ့ကြသည်။ စနေနေ့က ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့သည့် စိတ်ပျက်မှုများ ပရိသတ်များကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပျော်ရွှင်စရာ အောင်ပွဲခံမှုများက နေရာယူခဲ့သည်။ အောင်ပွဲခံပွဲအတွင်း အသင်းပူးတွဲဥက္ကဋ္ဌ ဂျော့ရှ်ခရွန်ကီ ကိုယ်တိုင် ပရိသတ်များနှင့်အတူ အားတက်သရော အော်ဟစ်အောင်ပွဲခံခဲ့သည်။ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကလည်း မိုက်ကရိုဖုန်းကိုင်ကာ သီချင်းများဖြင့် ပရိသတ်များကို ဖျော်ဖြေခဲ့သည်။ နည်းပြ အာတီတာသည်လည်း ဖလားကြီးကို ကိုင်မြှောက်ကာ ပြုံးပျော်နေခဲ့ပြီး ကစားသမားများဖြစ်သည့် ဟာဗက်ဇ်၊ အိုဒီဂတ်နှင့် ဘင်ဝှိုက်တို့ကလည်း ပျော်ရွှင်စရာ အမှတ်တရနေ့တစ်နေ့ကို ဖန်တီးခဲ့ကြသည်။

Photo: Reuters

အာဆင်နယ်အသင်းဟာ ၂၂ နှစ်ကြာမှ ပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မနေ့က လန်ဒန်မြို့ လမ်းမတွေပေါ်မှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံ လှည့်လည်ခဲ့ပြီး ပရိသတ် ၅ သိန်းကျော် လာရောက်အားပေးခဲ့ကြပါတယ်။

စနေနေ့က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်မှုတွေဟာ ပရိသတ်တွေကြားထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ပျော်ရွှင်စရာ အောင်ပွဲခံမှုတွေက နေရာယူခဲ့တာ ဖြစ်ပါတယ်။

အောင်ပွဲခံပွဲအတွင်း အသင်းပူးတွဲဥက္ကဋ္ဌ ဂျော့ရှ်ခရွန်ကီ ကိုယ်တိုင် ပရိသတ်တွေနဲ့အတူ အားတက်သရော အော်ဟစ်အောင်ပွဲခံခဲ့သလို ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကလည်း မိုက်ကရိုဖုန်းကိုင်ကာ အသင်းရဲ့ သီချင်းတွေနဲ့ "Ice Ice Baby" ရက်ပ်သီချင်းကို လိုက်ဆိုပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။

နည်းပြ အာတီတာ ဟာလည်း ဖလားကြီးကို ကိုင်မြှောက်ပြီး ပြုံးပျော်နေခဲ့ကာ ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်၊ အိုဒီဂတ်နဲ့ ဘင်ဝှိုက်တို့ကလည်း နောက်ပြောင်ကျီစယ်မှုတွေနဲ့ ပျော်ရွှင်စရာ အမှတ်တရနေ့တနေ့ကို ဖန်တီးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံ လှည့်လည် | YGN Daily