
AI Summary
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (E) ပွဲစဉ်တွင် အိုင်ဗရီကို့စ်အသင်းက ကူရာဆောင်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အိုင်ဗရီကို့စ်အသင်းသည် နောက်တစ်ဆင့်တက်ရန် ရမှတ်လိုအပ်ချက်ကြောင့် ပွဲစကတည်းက ဖိအားပေးကစားခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး နီကိုးလပ်စ်ပေပေက အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။ ဤရလဒ်ကြောင့် အိုင်ဗရီကို့စ်အသင်းမှာ အုပ်စုဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တစ်ဖက်တွင် ကူရာဆောင်အသင်းမှာမူ အဆုံးသတ်ပိုင်း အားနည်းချက်များကြောင့် ချေပဂိုးများ မရရှိခဲ့ဘဲ အုပ်စုအောက်ဆုံးနေရာဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ လက်ရှိတွင် အိုင်ဗရီကို့စ်အသင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်ပြီး ကူရာဆောင်အသင်းမှာ ပြိုင်ပွဲမှ ထွက်ခွာသွားပြီဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (E) ပွဲစဉ်မှာ အိုင်ဗရီကို့စ်အသင်းက ကူရာဆောင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ နောက်တဆင့်တက်ဖို့ သရေတမှတ်သာ လိုအပ်တဲ့ အိုင်ဗရီကို့စ်အသင်းဟာ ပွဲစကတည်းက ဖိကစားနိုင်ခဲ့တာပါ။
အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကိုတော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း နီကိုးလပ်စ်ပေပေက ပွဲချိန် ၇ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ကူရာဆောင်အသင်းဘက်ကလည်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးသတ်သေချာမှု အားနည်းခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကူရာဆောင် အသင်းကတော့ အုပ်စုအောက်ဆုံးနေရာနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။