မိုးတွင်းကာလ ရဲဘော်များ၏ ဖြတ်သန်းပုံကို ရန်ကုန်တိုင်း ပကဖ ထုတ်ပြန် - BUR.MIZZIMA.COM
politics||1 MIN READ

မိုးတွင်းကာလ ရဲဘော်များ၏ ဖြတ်သန်းပုံကို ရန်ကုန်တိုင်း ပကဖ ထုတ်ပြန် - BUR.MIZZIMA.COM

AI Summary

ရန်ကုန်တိုင်း ပကဖ အဖွဲ့သည် မိုးတွင်းကာလ ရဲဘော်များ၏ နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်များကို ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် ရဲဘော်များအတွက် ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းနိုင်ရန် "ခဲယမ်း၊ ရိက္ခာ သိန်း ၁၅၀၀ ကမ်ပိန်း" ကို ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် ကမ်ပိန်းအတွက် သတ်မှတ်ထားသော ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်နေသေးကြောင်း သိရသည်။ ဤကမ်ပိန်းမှ ရရှိလာမည့် ရန်ပုံငွေများကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – တောင်ပိုင်းခရိုင်ဇုန် (၂) လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁) နှင့် (၄) တို့အတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်း ပကဖ က ရှေ့တန်းနှင့် နောက်တန်းမှ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအတွက် ကမ်ပိန်းတွင် ပါဝင်ကူညီပေးရန် ပြည်သူများကို မေတ္တာရပ်ခံထားသည်။

ဇွန် ၆

မဇ္ဈိမ။ ။ မိုးတွင်းကာလ ရဲဘော်များ၏ တနေ့တာ ဖြတ်သန်းမှု ပုံရိပ်အချို့ကို ရန်ကုန်တိုင်း ပကဖ က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်လာသည်။

ရန်ကုန်တိုင်း ပကဖ အဖွဲ့သည် ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းနိုင်ရေးအတွက် “ခဲယမ်း၊ ရိက္ခာ သိန်း ၁၅၀၀ ကမ်ပိန်း” ကို ပြုလုပ်လျက်ရှိရာ လက်ရှိတွင် သတ်မှတ်ရာခိုင်နှုန်း ပြည့်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ကမ်ပိန်းမှ ရရှိလာသည့် ငွေများကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – တောင်ပိုင်းခရိုင်ဇုန် (၂) ရဲ့ ခရိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁)၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့အတွက် အသုံးပြုသွားမည်ဖြစ်သည်။

ရှေ့တန်းမှ တိုက်ခိုက်ရေးရဲဘော်များနှင့် နောက်တန်းမှ ကျရာတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအတွက် ကမ်ပိန်းတွင် ပါဝင်ပေးရန် ရန်ကုန်တိုင်း ပကဖ က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
မိုးတွင်းကာလ ရဲဘော်များ၏ ဖြတ်သန်းပုံကို ရန်ကုန်တိုင်း ပကဖ ထုတ်ပြန် - BUR.MIZZIMA.COM | YGN Daily