
AI Summary
အိန္ဒိယသံအမတ်ကြီး အာဘေးသာကူးရ်သည် ကုလားတန်စီမံကိန်း အပြီးသတ်ဆောင်ရွက်ရေးအတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါစီမံကိန်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားသဖြင့် စီမံကိန်းအောင်မြင်ရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် အာရက္ခတပ်တော်နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေသည်။ စစ်ကောင်စီသည် စစ်တွေဆိပ်ကမ်းတစ်ခုတည်းကိုသာ ထိန်းချုပ်ထားနိုင်သဖြင့် စီမံကိန်းလုပ်ငန်းစဉ်များအတွက် ဒေသတွင်း လက်တွေ့အခြေအနေအရ အခက်အခဲများ ရှိနေသည်။ အိန္ဒိယအစိုးရသည် ဒေါ်လာသန်း ၅၀၀ ကျော် အကုန်ကျခံကာ ၂၀၂၇ ခုနှစ်တွင် စီမံကိန်းပြီးစီးရန် မျှော်မှန်းထားသော်လည်း နယ်မြေစိုးမိုးမှု အပြောင်းအလဲများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် အိန္ဒိယဘက်မှ အာရက္ခတပ်တော်နှင့် တရားဝင်ဆက်သွယ်မှု ရှိမရှိကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ထင်ရှားသော ပြောကြားချက်များ
"အိန္ဒိယအစိုးရဘက်က ကုလားတန်စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်ဖို့ မျှော်မှန်းထားတာ ရှိတယ်။ ဒါပေမဲ့လည်း လက်ရှိ နယ်မြေစိုးမိုးမှုတွေအရ စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက AA ထိန်းချုပ်မှုအောက်မှာဆိုတော့ အိန္ဒိယအစိုးရအနေနဲ့ AA နဲ့ မဖြစ်မနေ ပြောဆို ဆက်ဆံရပါလိမ့်မယ်။ လက်ရှိမှာလည်း AA နဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိကောင်းရှိနိုင်တယ်။ တရားဝင်ထုတ်မပြတာ သို့မဟုတ် ကျနော်တို့ မသိတာတို့ ဖြစ်နိုင်တယ်။"

အိန္ဒိယရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အာဘေးသာကူးရ်ဟာ ဇွန် ၁၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးတို့ကို သွားရောက်ခဲ့သလို စစ်အာဏာရှင်ခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇွန် ၁၉ ရက်မှာထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယကို ၅ ရက်ခရီးစဉ် သွားရောက်ပြီး ကုလားတန်စီမံကိန်း အပြီးသတ်ဆောင်ရွက်နိုင်ဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ကတိတွေပေးပြီးနောက် ၂ ပတ်ကျော်အကြာမှာ သံအမတ်ကြီးဟာ ကုလားတန်စီမံကိန်းကို လာရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ကုလားတန်စီမံကိန်းရဲ့ မြန်မာနိုင်ငံဘက်ကခြမ်းက အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပြီး စစ်အာဏာရှင်ကတော့ စစ်တွေမြို့က ဆိပ်ကမ်းတခုတည်းကိုပဲ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်တဲ့အတွက် အာရက္ခတပ်တော်ရဲ့ သဘောတူညီချက်ယူရဖို့ မဖြစ်မနေလိုအပ်တယ်လို့ ရခိုင်ပြည်နယ်က စီမံကိန်းတွေကို စောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“အိန္ဒိယအစိုးရဘက်က ကုလားတန်စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်ဖို့ မျှော်မှန်းထားတာ ရှိတယ်။ ဒါပေမဲ့လည်း လက်ရှိ နယ်မြေစိုးမိုးမှုတွေအရ စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက AA ထိန်းချုပ်မှုအောက်မှာဆိုတော့ အိန္ဒိယအစိုးရအနေနဲ့ AA နဲ့ မဖြစ်မနေ ပြောဆို ဆက်ဆံရပါလိမ့်မယ်။ လက်ရှိမှာလည်း AA နဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိကောင်းရှိနိုင်တယ်။ တရားဝင်ထုတ်မပြတာ သို့မဟုတ် ကျနော်တို့ မသိတာတို့ ဖြစ်နိုင်တယ်။”
အာရက္ခတပ်တော်ဟာ ကုလားတန်စီမံကိန်းရဲ့ နယ်မြေအစိတ်အပိုင်းတွေဖြစ်တဲ့ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို အလုံးစုံ ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်အာဏာရှင်ကတော့ စစ်တွေမြို့တခုတည်းကိုပဲ ထိန်းချုပ်ထားနိုင်တော့တာပါ။
အိန္ဒိယအစိုးရဟာ ကာလကတ္တားမြို့နဲ့ မီဇိုရမ်ပြည်နယ်ကို ကုန်သွယ်နိုင်ဖို့နဲ့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ဖို့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း(KMTTP)ကို ဒေါ်လာ သန်း ၅၀၀ ကျော် အကုန်ကျခံပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။