
AI Summary
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင် မျက်စိဝေဒနာရှင် ၂၀၀ ကျော်ကို အခမဲ့ကုသပေးခဲ့သည်။ ၎င်းသည် မေလတတိယပတ်အတွင်း ဒုတိယအကြိမ်မြောက် ကုသပေးခြင်းဖြစ်ပြီး ဧပြီလကလည်း ပထမအကြိမ် ကုသမှုများ ပြုလုပ်ခဲ့သည်။ စုစုပေါင်း မျက်စိဝေဒနာရှင် ၂၂၃ ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ မျက်စိအတွင်းတိမ်၊ မျက်သားခြစ်နှင့် ပါဝါမျက်မှန်တပ် လူနာ ၅၉ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။ စစ်ရှောင်များ၏ နေထိုင်စားသောက်စရိတ်၊ ဆေးဖိုးဝါးခနှင့် ခရီးစရိတ်များကိုပါ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တာဝန်ယူ ဖြေရှင်းပေးခဲ့သည်။ ဆေးရုံ၊ ဆေးခန်းမပြနိုင်သည့် မျက်စိဝေဒနာရှင်များအတွက် ကုသမှုအစီအစဉ်များကို ဆက်တိုက်လုပ်ဆောင်ပေးသွားမည်ဟုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။
ရခိုင်ပြည်အတွင်းရှိ မျက်စိဝေဒနာရှင် စစ်ဘေးရှောင် ၂ဝဝ ကျော်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေးခဲ့သည်ဟု သိရသည်။ ယခုမေလတတိယပတ်အတွင်း ဒုတိယအကြိမ်မြောက် အခမဲ့ကုသပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ကုသပေးရာတွင် မျက်စိဝေဒနာရှင် ၂၂၃ ဦးကို မျက်စိစမ်းသပ်ကိရိယာများဖြင့် စမ်းသပ်ကုသပေးခဲ့ပြီး ယင်းအနက် မျက်စိအတွင်းတိမ် လူနာ ၃၃ ဦး၊ မျက်သားခြစ်လူနာ ငါးဦးနှင့် ပါဝါမျက်မှန်တပ် လူနာ ၂၁ ဦး၊ စုစုပေါင်းလူနာ ၅၉ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

စစ်ရှောင်မျက်စိဝေဒနာရှင်များ၏ နေထိုင်စားသောက်စရိတ်နှင့် ဆေးဖိုးဝါးခများအပြင် ခရီးစရိတ်များကိုပါ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တာဝန်ယူ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
နောက်ထပ်လည်း ဆေးရုံ၊ ဆေးခန်းမပြနိုင်သည့်မျက်စိဝေဒနာရှင်များအတွက် ကုသမှုအစီအစဉ်များကို ဆက်တိုက် လုပ်ဆောင်ပေးသွားမည်ဟုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုထားသည်။
ပြီးခသည့် ဧပြီလ ပထမအပတ်ကလည်း ရခိုင်ရှိ စစ်ရှောင်ပြည်သူ မျက်စိဝေဒနာရှင်လူနာ ၂၀၀ ဝန်းကျင်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေးခဲ့ရာ ယင်းအနက် ၂၇ ဦးအား ပထမအကြိမ် မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်ဟု သိရသည်။
ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ မေ ၃၁/၂ဝ၂၆