ရခိုင်ရိုးအစပ်သို့ဝင်လာသည့် စစ်ကြောင်းများနှင့်တိုက်ပွဲဖြစ်၍ အကြမ်းဖက်စစ်သား ၂၀ ဦးထက်မနည်း သေဆုံး
myanmar||2 MIN READ

ရခိုင်ရိုးအစပ်သို့ဝင်လာသည့် စစ်ကြောင်းများနှင့်တိုက်ပွဲဖြစ်၍ အကြမ်းဖက်စစ်သား ၂၀ ဦးထက်မနည်း သေဆုံး

Narinjara
SourceNarinjara

AI Summary

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းသို့ ဧပြီလ ၁၈ ရက်မှစ၍ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ် စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဇွန်လ ၁ ရက်အထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် PDF အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။ PDF တပ်ဖွဲ့ဝင် ၂ ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်သည် ၎င်းတို့လက်လွှတ်ထားရသော နယ်မြေများသို့ ပြန်လည်ဝင်ရောက်ရန်နှင့် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကြောင်းသုံးကြောင်းခွဲ၍ မင်းတုန်းမြို့နယ် အနောက်ခြမ်းနှင့် ရခိုင်ရိုးအစပ်သို့ ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို သတိပြုကာ ဘေးကင်းရာတွင် နေထိုင်ကြရန်လည်း သတိပေးထားသည်။

နိရဉ္စရာ၊ ဇွန် ၁/၂ဝ၂၆ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှ ရခိုင်ရိုးအစပ်သို့ ဝင်လာသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းများနှင့်တိုက်ပွဲဖြစ်၍ အကြမ်းဖက်စစ်သား ၂ဝ ဦးထက်မနည်းသေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်းက ယနေ့ ဇွန်လ (၁) ရက်၊ နံနက်တွင် သတင်းထုတ်ပြန်သည်။ သရက်ခလရ(၄၄) ၊ သရက်ကပစ(၁၂) ၊ လပခလက်အောက်ခံတပ်များနှင့် စစ်မှုထမ်းများပါသော အင်အား (၁၀၀၀)ကျော်ခန့်ဖြင့် မင်းတုန်းမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်မှစတင်ကာ စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်လျက်ရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါအကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့သည် ယင်းအချိန်မှ ယနေ့ ဇွန်လ ၁ ရက်အထိ တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၂ဝ ဦးထက်မနည်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
ရခိုင်ရိုးအစပ်သို့ဝင်လာသည့် စစ်ကြောင်းများနှင့်တိုက်ပွဲဖြစ်၍ အကြမ်းဖက်စစ်သား ၂၀ ဦးထက်မနည်း သေဆုံး | YGN Daily