ရခိုင်တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးဖြစ်နေ၍ သတိထားကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတိုက်တွန်း
health||2 MIN READ

ရခိုင်တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးဖြစ်နေ၍ သတိထားကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတိုက်တွန်း

Narinjara
SourceNarinjara
Back to News

AI Summary

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၃၃ ဦးအထိရှိလာသဖြင့် သတိထားကြရန် ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကြားမှ ဧပြီလ ၂၈ ရက်နေ့တွင် ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ပြီးနောက် ရောဂါသည် တစတစနှင့် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံမြို့နယ်များမှ လူနာ ၃၃ ဦး ဆေးရုံတက်ကုသမှုခံယူနေရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် သွေးလွန်တုတ်ကွေးရောဂါကို အထူးဂရုပြုရန် လိုအပ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပေးထားသည်။

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁ဝ/၂ဝ၂၆ ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍ သတိထားကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယနေ့ ဇွန်လ ၁ဝ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်နေသည့်ကြားမှ ရခိုင်ရှိ မြို့နယ်အချို့တွင် လူနာ ၃၃ ဦးအထိ အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ဆေးဝါးကုသမှုခံယူနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြုလုပ်နေသည့်ကြားမှ ဧပြီလ (၂၈) ရက်နေ့တွင် အာရက္ခပြည်၌ ပထမဆုံးဆေးရုံတက်ကုသရသောသွေးလွန် တုတ်ကွေးလူနာကိုစတင်တွေ့ရှိခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါသည် တစတစနှင့်ဖြစ်ပွားလျက်ရှိရာ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ယနေ့အထိ ဆေးရုံတက်ကုသရသော လူနာစုစုပေါင်း (၃၃)ဦးအထိ ရှိလာခဲ့ပါသည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
ရခိုင်တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးဖြစ်နေ၍ သတိထားကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတိုက်တွန်း | YGN Daily