နယ်စပ်တွင် BGB         နှင့် RSO         တို့တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို             သိမ်းဆည်းရမိ
politics||4 MIN READ

နယ်စပ်တွင် BGB နှင့် RSO တို့တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိ

Narinjara
SourceNarinjara
Back to News

AI Summary

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် နယ်စပ်တွင် ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ဝင်ရောက်လာသည့် RSO လက်နက်ကိုင်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် လက်နက်များသယ်ဆောင်လာပြီး နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် BGB က တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကိုင်အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့စွန့်ခွာသွားသည့် လှေပေါ်မှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို BGB က သိမ်းဆည်းရမိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် နယ်စပ်ဒေသခံများနှင့် ငါးဖမ်းသမားများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် BGB တပ်ဖွဲ့သည် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ဆက်လက်နှိမ်နင်းသွားမည်ဟု ထုတ်ပြန်ထားသည်။

နိရဉ္စရာ၊ ဇွန် ၅/၂၀၂၆

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်ခြားစောင့်တပ် BGB နှင့် RSO အကြမ်းဖက် အဖွဲ့တို့ တို့တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သိမ်းဆည်း ရမိကြောင်း ကော့စ်ဘဇားအခြေစိုက် The Territory News (TNN) တွင် သတင်း ဖော်ပြသည်။

“ အပြန်အလှန် ပစ်ခတ်မှုက ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ အူပါဇီလာရှိ ဖလန်းခါလီနယ်စပ်မှာဖြစ်ကြတာပါ။ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့  RSO  အဖွဲ့ဝင်တွေဟာG-3 ရိုင်ဖယ်တစ်လက်၊ ကျည်ဆန် ၅၁၅ တောင့်၊ မဂ္ဂဇင်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့မူးယစ်ဆေးဝါး ယာဘာ၄၀၀၀ တို့ကို ချန်ထားရစ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးခဲ့ကြပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်တပ်ရင်း (၆၄) မှ သတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၂နာရီမိနစ် ၃၀ ခန့်တွင် ဘင်္ဂလားဒေ့ရှ်တပ်ရင်း (၆၄) မှ ဖလန်းခါလီ BOP ၏ ဘာဟာပါရာနယ်စပ်ဒေသ၊နတ်မြစ်၏ သုညမျဉ်းနှင့်ကပ်လျက်နေရာတွင်မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့ဝင်အများအပြားသည် ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ထားသော လှေတစ်စင်းဖြင့် ဝင်ရောက်လာကြောင်း သတင်းရရှိခဲ့သည်ဟုဆိုသည်။

သတင်းရရှိပြီးနောက် ကင်းလှည့်နေသောနယ်ခြားစောင့်တပ်ဖွဲ့BGB အထူးအဖွဲ့တစ်ဖွဲ့သည် နတ်မြစ်နှင့်ကပ်လျက် ရေကာတာဧရိယာတွင် အလျင်အမြန်နေရာယူခဲ့သည်ဟုဆိုသည်။

၎င်းနောက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က၎င်းလက်နက်ကိုင်အဖွဲ့ကို ပစ်ခတ်သောအခါ ၎င်းတို့က ကျည်ဆန်များစွာ ပြန်လည်ပစ်ခတ်ခဲ့ကြသည်ဟုသတင်းတွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် အခြေအနေပိုမိုဆိုးရွားလာသည်ကို မြင်တွေ့ရသဖြင့် လက်နက်ကိုင်အဖွဲ့ဝင်များသည် လှေကိုစွန့်လွှတ်ကာ နတ်မြစ်ထဲသို့ ခုန်ချကာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟုဆိုသည်။

သေနတ်ပစ်ခတ်မှုအပြီးတွင် BGB အဖွဲ့ဝင်များသည် ၎င်းတို့အသုံးပြုနေသော လှေကို ရှာဖွေခဲ့ကြရာG-3 ရိုင်ဖယ်တစ်လက်၊ G-3 မဂ္ဂဇင်းသုံးစောင်၊ ဗလာဖိုက်ဘာမဂ္ဂဇင်းသုံးစောင်၊ ကျည်ဆန် ၅၁၅ တောင့်၊ Symphony ခလုတ်ဖုန်းတစ်လုံး၊ Airtel SIM နှစ်ခု၊ ယာဘ ၄၀၀၀ ပြား၊ G-3 အိတ်တစ်လုံး၊ လုံဂျီနှစ်ခု၊ ကော်လာပါရှပ်အင်္ကျီတစ်ထည်၊ ငွေသား ၂၀ တာကာနှင့် စီးကရက် ၁၂ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

တစ်ချိန်တည်းမှာပင် နယ်စပ်ရှိ ဒေသခံသတင်းရင်းမြစ်များက စစ်ဆင်ရေးအတွင်း ထွက်ပြေးလွတ်မြောက်သွားသော လက်နက်ကိုင်အဖွဲ့ဝင်များသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်း RSO အဖွဲ့ဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက်နယ်စပ်ဒေသတွင်လည်း RSO အဖွဲ့ဝင်များယာယီပုန်းအောင်းရာနေရာတစ်ခုကို တွေ့ရှိခဲ့ပြီးစစ်ဆင်ရေးအပြီးတွင် ပုန်းအောင်းရာနေရာကို ဖြိုဖျက်ခဲ့သည်။

ပါလန်ခါလီတိုက်နယ် ဥက္ကဋ္ဌ ဂါဖာ ဥဒင်ချောင်ဒူရီက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များသည် နယ်စပ်တစ်လျှောက်ရှိ နတ်မြစ်နှင့် နယ်စပ်ဒေသများကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ရာဇဝတ်မှုအမျိုးမျိုးအတွက် ကြာမြင့်စွာ အသုံးပြုနေကြသည်ဟု စွပ်စွဲခဲ့သည်။

ယင်းကြောင့် နယ်စပ်ဒေသခံများနှင့် ငါးဖမ်းသမားများကြား မလုံခြုံမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု၎င်းက ပြောဆိုသည်။

အိုကီးယားအခြေစိုက် တပ်ရင်း (၆၄ BGB) တပ်မှူး ဒုတိယဗိုလ်မှူးကြီး Md.Zahirul Islam က BGB သည် နယ်စပ်တွင် နေထိုင်သော ပြည်သူများနှင့် ငါးဖမ်းသမားများ၏ ဘေးကင်းရေးကို သေချာစေရန် အမြဲအသင့်ရှိနေကြောင်း အသိပေးခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါး၊မှောင်ခိုရောင်းဝယ်မှုနှင့် နယ်စပ်အကြမ်းဖက်မှုကို နှိမ်နင်းရန် အနာဂတ်တွင် တင်းကျပ်သော လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated
နယ်စပ်တွင် BGB နှင့် RSO တို့တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိ | YGN Daily