၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦး
sports||3 MIN READ

၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦး

DVB
SourceDVB
Back to News

AI Summary

ဒေါက်တာ မြင့်မိုရ်ဦးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သော “81 for 81 Challenge” နှင့် Global Proof of Life Challenge လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ သူမသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Rouse Hill Regional Park ၌ ဇွန်လ ၇ ရက်နေ့တွင် ၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ ဤစိန်ခေါ်မှုကို မနက် ၆ နာရီခွဲတွင် စတင်ခဲ့ပြီး နားချိန်များအပါအဝင် စုစုပေါင်း ၁၄ နာရီကြာမြင့်ခဲ့ကာ ည ၈ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။ အပြေးပြိုင်ပွဲအတွင်း ခြေလှမ်းပေါင်း ၉၅,၀၀၀ ကျော် လှမ်းခဲ့ရပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်သည့် စိန်ခေါ်မှုတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။ မင်းသားကြီး ဦးကျော်သူ၏သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးသည် ယခင်နှစ်ကလည်း ဆစ်ဒနီမာရသွန်ပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံဖြင့် ဝင်ပြိုင်ကာ ဂင်းနစ်စံချိန်တင်ခဲ့ဖူးသူဖြစ်သည်။ ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်အာရုံစိုက်နေစေရန် ရည်ရွယ်သည်။

Photo:DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “81 for 81 Challenge” နဲ့ Global Proof of Life Challenge လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါက်တာ မြင့်မိုရ်ဦးဟာ ၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

ဒေါက်တာမြင့်မိုရ်ဦးဟာ စိန်ခေါ်မှုမစတင်ခင်ကတည်းက ဇွန် ၇ ရက်မှာ ၈၁ ကီလိုမီတာကို တရက်အတွင်း ပြေးသွားမယ်လို့ ကြေညာခဲ့ပြီး သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Rouse Hill Regional Park မှာ ပြုလုပ်မယ်လို့ အသိပေးထားခဲ့ပါတယ်။

ဒါ့အပြင် အပြေးဝါသနာရှင်တွေနဲ့ ထောက်ခံသူတွေကိုလည်း လာရောက်ပြေးတာ၊ လမ်းလျှောက်တာတွေလုပ်ပြီး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီစိန်ခေါ်မှုကို မနေ့ မနက် ၆ နာရီခွဲမှာ စတင်ခဲ့ပြီး ပြေးချိန်သီးသန့် ၁၀ နာရီခွဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ နားချိန်တွေ အပါအဝင် စုစုပေါင်းအချိန်ကတော့ ၁၄ နာရီကြာမြင့်ခဲ့ပြီး ည ၈ နာရီခွဲလောက်မှာ ၈၁ ကီလိုမီတာ ပြည့်မြောက်အောင် ပြေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အပြေးစိန်ခေါ်မှုအတွင်း ခြေလှမ်းပေါင်း ၉၅,၀၀၀ ကျော် လှမ်းခဲ့ရပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်တဲ့ စိန်ခေါ်မှုတခုအဖြစ် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အပြေးပြိုင်ပွဲကာလအတွင်း အစားအသောက်အဖြစ် အာဟာရဓာတ်ကြွယ်ဝတဲ့ Nutrition အစားအစာတွေနဲ့ အားဖြည့်အချိုရည်တွေကိုသာ အဓိကထား စားသောက်ခဲ့တယ်လို့ သူက ပြောပါတယ်။

မင်းသားကြီး ဦးကျော်သူရဲ့သမီးလည်းဖြစ် အပြေးသမားတယောက်လည်းတဲ့ ဒေါက်တာမြင့်မိုရ်ဦးဟာ အရင်နှစ် သြဂုတ်လတုန်းကလည်း ဆစ်ဒနီ မာရသွန်ပြိုင်ပွဲကို မြန်မာရိုးရာရင်ဖုံးဝတ်စုံနဲ့ ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့ဖူးပါတယ်။

“81 for 81 Challenge” ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုရင်း သူ့ရဲ့ အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက် အာရုံစိုက်နေစေဖို့ ရည်ရွယ်တဲ့ Global Proof of Life Challenge ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
၈၁ ကီလိုမီတာ အပြေးစိန်ခေါ်မှုကို ၁၀ နာရီခွဲကြာ ပြေးပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦး | YGN Daily