
ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော
AI Summary
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့အနီးတွင် ခြောက်ကြိမ်တိုင်တိုင် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS က ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန် ခရီးစဉ်အတွင်း စစ်ရေးပြင်ဆင်မှုမရှိဘဲ ရောက်ရှိနေချိန်တွင် ယခုခြိမ်းခြောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်တပ်က လေ့ကျင့်ပျံသန်းမှုဟုဆိုသော်လည်း RCSS က တမင်ရည်ရွယ် ခြိမ်းခြောက်လိုသည့် လုပ်ရပ်အဖြစ် ရှုမြင်ပြီး နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကြောင့် တုံ့ပြန်ခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်။ ဤလုပ်ရပ်သည် စစ်ကောင်စီ၏ ရက်တစ်ရာ ငြိမ်းချမ်းရေးစီမံချက်နှင့် မကိုက်ညီဘဲ နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စစ်တပ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း RCSS က တိုက်တွန်းထားသည်။
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့အား အာဏာသိမ်းစစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ပျံသန်းခြိမ်းခြောက်မှု (၆) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း RCSS သတင်းပြန်ကြားရေးဌာန Tai Freedom မီဒီယာတွင် ဖော်ပြသည်။ ယင်းမတိုင်မီက ဗိုလ်ချုပ်ကြီးယွက်စစ်သည် မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတင်ပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရန် ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာသို့ မေလ (၂၆) ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် မေလ (၂၇) ရက် နံနက် ၁၀ နာရီကျော်တွင် နမ့်စန်လေတပ်မှ ပျံတက်လာသည်ဟု ယူဆရသော အဆိုပါ စစ်တပ်တိုက်လေယာဉ် တစ်စီးသည် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ရောက်ရှိနေသည့် ဝမ့်နန်းကျေးရွာအထက် ဝေဟင်မှ ခပ်လှမ်းလှမ်း လှည့်ပတ် ပျံသန်းခဲ့သော်လည်း နောက်ပိုင်းတွင် အနီးကပ် ချဉ်းကပ်ပျံသန်းကာ ခြိမ်းခြောက်မှု လက္ခဏာများ ပြသသွားခဲ့ကြောင်း ဆိုသည်။ “နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ထောက်ရှု၍ လည်းကောင်း၊ ယခုခရီးစဉ်မှာ RCSS အုပ်ချုပ်ရေး နယ်မြေအတွင်း ဒေသခံ တိုင်းရင်းသားပြည်သူများကို တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာ ဖြစ်သည့်အတွက် မည်သည့် စစ်ရေးပြင်ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိ”ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က Tai Freedom မီဒီယာသို့ ပြောကြားသည်။ အာဏာသိမ်းစစ်တပ်ဘက်မှ လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပ ပြောဆိုသော်လည်း လက်တွေ့တွင် တမင်ရည်ရွယ် ခြိမ်းခြောက်လိုသည့် စော်ကားပျံသန်းမှုတစ်ရပ်သာ ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများကို ကိုးကား၍ Tai Freedom မီဒီယာတွင် ရေးသားထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံထံ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး အတင်းရယူထားသော ဦးမင်းအောင်လှိုင် က ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရားဝင် ကမ်းလှမ်းထားသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် မကိုက်ညီသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဆက်လက်ပြောဆိုခဲ့ကြောင်း Tai Freedom မီဒီယာဖော်ပြချက်အရ သိရသည်။ ယမန်နှစ် ၂၀၂၅ အောက်တိုဘာလအတွင်း ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၁၀) နှစ်ပြည့် အခမ်းအနားတွင် စစ်တပ်က တိုင်းပြည်အာဏာ ထိန်းချုပ်လိုက်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့ပြီး အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စစ်တပ်အနေဖြင့် EAOs များနှင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း RCSS ဘက်မှ ထုတ်ပြန်ထားသည်။ promotion SHAN Membership ฿
19 ฿
169 /mo ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။ လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။ Related News Latest News “၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ... “အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်... လေတပ်နှင့် စစ်တိုင်း အခြေစိုက်ရာ နမ့်စန်မြို့နယ် ကြံ့ခိုင်ရေး အနိုင်ရရေး စစ်တိုင်းမှူး ကွင်းဆင်း ဖိအားပေး သျှမ်းတောင် လေတပ် အခြေစိုက် စခန်းနှင့် စစ်တိုင်း တည်ရှိရာ နမ့်စန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး အတွက် စစ်တိုင်းမှူး ကိုယ်တိုင် ကွင်းဆင်း ဖိအားပေးနေသည်ဟု ဒေသခံများက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။ စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့သည်... ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။ ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်... နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...