
AI Summary
အီရန်၏ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုကြောင့် ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူတစ်ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ်အာဏာပိုင်များက အတည်ပြုထုတ်ပြန်ခဲ့သည်။ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဤတိုက်ခိုက်မှုသည် ဧပြီလ ၈ ရက်နေ့ အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက် ပင်လယ်ကွေ့ဒေသတွင် ပထမဆုံးသော အသေအပျောက်များသည့် တိုက်ခိုက်မှုဖြစ်သည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ၎င်းတို့၏ရေနံတင်သင်္ဘောနှင့် ဆက်သွယ်ရေးတာဝါတိုင်ကို အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အိန္ဒိယနိုင်ငံသား အရပ်သားတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများတွင် လေဆိပ်ဝန်ထမ်းများနှင့် ခရီးသွားများ ပါဝင်သည်။ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဤတရားမဲ့ကျူးကျော်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး ကူဝိတ်ရှိ အီရန်သံတမန် ၂ ဦးကို နှင်ထုတ်ခဲ့သည်။ ဤဖြစ်ရပ်သည် အမေရိကန်နှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး ဒေသတွင်း ပဋိပက္ခများ ပိုမိုကြီးထွားလာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၂၆
အီရန်နိုင်ငံ၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့်ကူဝိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူတစ်ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းကူဝိတ်အာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားပါသည်။
ယခုတိုက်ခိုက်မှုသည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်း အရုဏ်တက်ချိန်တွင် ဖြစ်ပွားခဲ့သည်။
ယခုတိုက်ခိုက်မှုသည်ဧပြီလ ၈ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ကွေ့ဒေသတွင် ပထမဆုံးသော အသေအပျောက်များသော တိုက်ခိုက်မှုဖြစ်သည်ဟုသိရသည်။
သေဆုံးသူမှာလေဆိပ်သို့ ရောက်ရှိနေသည့်အိန္ဒိယနိုင်ငံသား အရပ်သားတစ်ဦးဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်။
ဒဏ်ရာရသူ ၆၃ ဦး အထဲတွင် လေဆိပ်ဝန်ထမ်းများနှင့် ခရီးသွားများပါဝင်ပြီးတချို့မှာ ဒဏ်ရညပြင်းထန်သည်ဟု သိရသည်။
၎င်းတိုက်ခိုက်မှုသည် အမေရိကန်နှင့် အီရန်တို့ကြား ရရှိထားသည့် အပစ်ရပ်စဲရေးကို ပြင်းပြင်းထန်ထန် စိန်ခေါ်လိုက်သည့် နောက်ဆုံးဖြစ်ရပ် ဖြစ်လာသည်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်းရှိ အီရန်ရေနံတင်သင်္ဘောတစ်စင်းနှင့် ကက်ရှ်မ်းကျွန်း (Qeshm)ကျွန်းပေါ်ရှိ အီရန်ဆက်သွယ်ရေးတာဝါတိုင်ကို အမေရိကန်တပ်ဖွဲ့များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် လက်စားချေတုံ့ပြန်ခြင်းဖြစ်သည်ဟုအီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဆိုသည်။
ကူဝိတ်နှင့် ဘာရိန်းတို့သည် အီရန်ရေနံတင်သင်္ဘောနှင့် ကက်ရှ်မ်းကျွန်းကျွန်းကို တိုက်ခိုက်မှုများပြုလုပ်ရန် ၎င်းတို့၏နယ်မြေကို အမေရိကန်တို့အားအသုံးပြုခွင့်ပေးခဲ့သည်ဟု အီရန်က စွပ်စွဲခဲ့သည်။
အီရန်သည် ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်း (Ali Al Salem Air Base) နှင့် ဘရိန်နိုင်ငံရှိအမေရိကန် ပဉ္စမ ရေတပ်ဌာနချုပ် တို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သော်လည်း ကူဝိတ်အရပ်ဘက်လေဆိပ်ကို ဒရုန်းများ တိုက်ရိုက်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤတရားမဲ့ကျူးကျော်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ကူဝိတ်နိုင်ငံရှိအီရန်သံတမန် ၂ ဦးကို ၂၄ နာရီအတွင်း တိုင်းပြည်မှထွက်ခွာရန်အမိန့်ပေးနှင်ထုတ်လိုက်သည်။
ယခုကဲ့သို့အီရန်က တိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခ ပိုမိုကြီးထွားလာပြီးအစ္စရေးနှင့် အမေရိကန် ညွန့်ပေါင်းတပ်များက အီရန်အပေါ် စစ်မျက်နှာဖွင့် တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လာနိုင်ပြီး ပင်လယ်ကွေ့နိုင်ငံများပါ စစ်မီးအတွင်း ပါဝင်ပတ်သက်လာနိုင်သည့်အနေအထားတွင်ရှိနေသည်ဟု သိရသည်။