
AI Summary
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မေလအထိ စစ်အာဏာရှင်က အရပ်သားပြည်သူ ၅ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၇၅ ခုကို ကျူးလွန်ခဲ့ရာ လူပေါင်း ၅,၀၁၆ ယောက် သေဆုံးခဲ့ရသည်။ ဤဖြစ်စဉ်များသည် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ အရပ်သားပြည်သူများဖြစ်ကြပြီး ၎င်းတို့သည် ဤအကြမ်းဖက်မှုများ၏ တိုက်ရိုက်သားကောင်များ ဖြစ်ကြသည်။ နှစ်အလိုက် ဖြစ်စဉ်အရေအတွက်နှင့် သေဆုံးသူအရေအတွက်များ တိုးလာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သေဆုံးသူ ၁,၃၁၉ ယောက်ဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ဖြစ်စဉ်တစ်ခုချင်းစီတွင် သေဆုံးသူ ပျမ်းမျှဦးရေသည် ၂၀၂၆ ခုနှစ်တွင် ပြန်လည်မြင့်တက်လာခဲ့ရာ၊ ဖြစ်စဉ်တစ်ခုချင်းစီ၌ အသက်ဆုံးရှုံးရသူ အရေအတွက် ပိုမိုများပြားလာသည်ကို ဖော်ပြနေသည်။ ဤအချက်အလက်များသည် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် စစ်အာဏာရှင်၏ ဆိုးရွားသော သက်ရောက်မှုများကို ထင်ဟပ်ပြနေသည်။ အသေးစိတ်အချက်အလက်များကို DVB ဝက်ဘ်ဆိုက်ရှိ Data Dashboard တွင် ကြည့်ရှုနိုင်သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မေလအထိ စစ်အာဏာရှင်က ကျူးလွန်ခဲ့တဲ့ အရပ်သားပြည်သူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၄၇၅ ခုမှာ လူပေါင်း ၅,၀၁၆ ယောက် သေဆုံးခဲ့ရပါတယ်။
နှစ်အလိုက် ဖြစ်စဉ်အရေအတွက်နဲ့ သေဆုံးသူအရေအတွက်များ တိုးလာခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၁,၃၁၉ ယောက်နဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တခုချင်းစီမှာ ပျမ်းမျှ သေဆုံးသူဦးရေဟာ ၂၀၂၆ ခုနှစ်မှာ ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒါဟာ ဖြစ်စဉ်တခုချင်းစီအတွင်း အသက်ဆုံးရှုံးရသူ အရေအတွက် ပိုမိုများပြားလာတာဖြစ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။
ဖြစ်စဉ်တခုချင်းစီရဲ့ သေဆုံးသူအရေအတွက်၊ ကျား၊ မ နဲ့ အသက်အုပ်စုဆိုင်ရာ အချက်အလက်များအပြင် နိုင်ငံတဝန်းရှိ ဖြစ်စဉ်တွေရဲ့ ဒေသအလိုက် ဖြန့်ကြက်မှုများ၊ အသေးစိတ် အချက်အလက်များကို DVB ဝက်ဘ်ဆိုက်ရှိ Data Dashboard မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Dashboard ကြည့်ရှုရန် - https://burmese.dvb.no/data-stories/massacres_by_military_junta